ပြီးခဲ့တဲ့ အာဂျင်တီးနားကို ၁-၀ နဲ့ အရေးနိမ့်တဲ့ ဘရာဇီးအသင်းရဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာတော့ ဘရာဇီးနဲ့ အာဆင်နယ် တိုက်စစ်မှူး ဂျေးဆုက ပွဲချိန် အပြည့်ကို ပါဝင် ကစားခဲ့ပါတယ်။

ပွဲအပြီးမှာတော့ တိုက်စစ်မှုး ဂျေးဆုက ဂိုးသွင်းယူခြင်းဟာ သူ့ရဲ့ အကြံ့ခိုင်ဆုံး စွမ်းရည် မဟုတ်ကြောင်းနဲ့ ပရိသတ်တွေအားလည်း သူ့ကို စိတ်ရှည်ပေးဖို့ တောင်းဆိုစကား ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ဘောလုံးကစားဖို့ ကြိုးစားနေရင်း အချိန်တန်ရင် ဂိုးရလာမယ်လို့ ဂျေးဆုက မြင်ပါတယ်။

ဘရာဇီးအသင်းအတွက် ၂၉ ပွဲကစား ၁ ဂိုးပဲ သွင်းထားနိုင်တဲ့အပေါ် ဂျေးဆုက ” ဂိုးသွင်းတာကတော့ လုပ်ကို လုပ်ရမယ့်ကိစ္စပါ ဒါပေမယ့် အဲ့တာက ကျနော်ရဲ့ အသန်မာဆုံး ကိစ္စတော့ မဟုတ်ပါဘူး။

ကျနော် ဂိုးသွင်းနိုင်ဖို့ ကစားသလို အဲ့တာကြောင့် လက်ရွေးစင်အသင်းမှာ ရှိနေတာပါ။ နောက်ထပ် ဂိုးတွေကတော့ မကြာခင် ရလာပါလိမ့်မယ် ” လို့ ပြောဆိုခဲ့ပါတယ်။

ဂျေးဆုဟာ ဒီရာသီ ချန်ပီယံလိဂ်မှာ အာဆင်နယ်အတွက် တောက်ပထားကာ ၃ ပွဲ ကစား ၃ ဂိုး သွင်းယူ ထားပါတယ်။ သို့ပေမယ့် ပရီးမီးယားလိဂ်မှာတော့ ၇ ပွဲ ကစားပြီး ၁ ဂိုးပဲ သွင်းထားနိုင်ပါတယ်။

တံကောက်ကြောကနေ ပြန်သက်သာလာတဲ့ ဂျေးဆုဟာ မကြာခင်မှာ အာဆင်နယ်အတွက်လည်း ကစားပေးနိုင်မယ် မျှော်လင့်ရတယ်။