နိုဝင်ဘာလ နိုင်ငံတကာ သီတင်းပတ်ကတော့ ပြီးဆုံးပြီ ဖြစ်ပြီး ဒီအပတ်မှာ ပရီးမီးယားလိဂ် ပွဲစဉ်တွေ ပြန်လည် စတင်ပြီ ဖြစ်ပါတယ်။

ဝါရင့် ဘောလုံးပွဲ ခန့်မှန်းသူ တစ်ဦးဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန်က ဒီအပတ် ပရီးမီးယားလိဂ် ပွဲတွေ အတွက် အခုလို သုံးသပ် ခန့်မှန်းလာပါတယ်။

Manchester City vs Liverpool

ပွဲကောင်းတစ်ပွဲဖြစ်မှာပါ။ လူတွေက မန်စီးတီး အရင်ရာသီတွေကလောက် သန်မာခြင်း မရှိတော့လို့ ဒီရာသီ ပရီးမီးယားလိဂ် ဖလားကို ထပ်မရနိုင်တော့ဘူး ပြောနေကြပေမယ့် ဘောလုံးရာသီ အကုန်တိုင်း သူတို့ရဲ့ အထွဋ်အထိပ် ခြေစွမ်း ရောက်နိုင်တာကို ကျနော်တို့ အားလုံး သိပါတယ်။

လီဗာပူးကို မန်စီးတီးတို့ ရှုံးသွားခဲ့ရင် အမှတ်ပေးဖလား ပြိုင်ဆိုင်မှုက ကျယ်ကျယ်ပြန့်ပြန့်ကို ပွင့်ထွက် သွားပါမယ်။ စီးတီးက ဒီပွဲကို အနိုင်ရမယ်ဆိုရင် ကျန်တဲ့ ကလပ်တွေအတွက် စိတ်ပူစရာဖြစ်လာနိုင်ပါတယ်။

နှစ်သင်း နည်းပြတွေက တိုက်စစ်အားသန်တွေ ကစားကြတာ ဖြစ်ပါတယ်။ သို့ပေမယ့် စီးတီးကို အိမ်ကွင်းမှာ ရင်ဆိုင်ရတာက ခက်ခဲပါမယ်။ အရာရာတိုင်းကို စဉ်းစားကြည့်တဲ့ အချိန်မှာ မန်စီးတီးကပဲ ကျဉ်းမြောင်းတဲ့ ရလဒ်နဲ့ ဖလားပြိုင်ဘက် အသင်းကို အနိုင်ရသွားမယ်လို့ ထင်မိပါတယ်။

ပေါမာဆန် ခန့်မှန်းရလဒ်။ ။ Manchester City 2-1 Liverpool

Newcastle United vs Chelsea

ဒီပွဲကလည်း ပွဲကြီးတစ်ပွဲဖြစ်ပါလိမ့်မယ်။ ဒီပွဲရဲ့ ရလဒ်က သူတို့တွေ ကစားသမား ရွေးချယ်စရာ ဘယ်လောက် ရှိနေသလဲ အပေါ် အခြေခံပါလိမ့်မယ်။ ပထမ မိနစ် ၃၀ အတွင်း ချယ်ဆီးတို့ ဂိုး မပေးရဘူး ဆိုရင် ဒီပွဲက ပွဲကောင်းတစ်ပွဲ ဖြစ်လာပါလိမ့်မယ်။

ချယ်ဆီးအသင်းက အခုချိန်မှာ အသင်းတစ်သင်းကို ရွေးချယ်လို့ ရလာနိုင်တာက ကောင်းတဲ့ ကိစ္စပါ။ နယူးကာဆယ်ကလည်း အိမ်ကွင်းမှာ ဘယ်လို စိတ်ခေါ်မှုကို မဆို ရင်ဆိုင်နိုင်ပါတယ်။ ကျနော်တော့ ဒီပွဲက သရေပွဲနဲ့ပဲ ပြီးသွားမယ် ထင်မိပါတယ်။

ပေါမာဆန် ခန့်မှန်းရလဒ်။ ။ Newcastle United 1-1 Chelsea

Brentford vs Arsenal

စီးတီးနဲ့ လီဗာပူးပွဲ ရလဒ် ထွက်အပြီးမှာ အာဆင်နယ်က ဒီပွဲကို ယှဉ်ပြိုင်ကစားရမှာပါ။ ဘရန့်ဖိုဒ့်ရဲ့ တည်ကန်ဘောတွေကို ဂရုစိုက်ရမှာ ဖြစ်ပါတယ်။ ဒီပွဲကို အာဆင်နယ်တို့ အနိုင်ရသင့်ပါတယ်။ အိုဒီဂတ် ပါဝင်လာဖို့လည်း မျှော်လင့်နေမိပါတယ်။

ပေါမာဆန် ခန့်မှန်းရလဒ်။ ။ Brentford 1-3 Arsenal

Tottenham vs Aston Villa

ပရီးမီးယားလိဂ်ဖလား စိန်ခေါ်နေတဲ့အထဲ စပါးလည်း ပါဝင်ပါတယ်။ အက်စတွန်ဗီလာကလည်း ထိပ်ဆုံး ၄ သင်းထဲ ဝင်ရောက်နိုင်ဖို့ ကြိုးစားနေတယ်။ နိုင်ငံတကာ သီတင်းပတ်ကြောင့်ပဲ ဒီပွဲက သရေကျသွားမယ်လို့ ထင်ပါတယ်။

ပေါမာဆန် ခန့်မှန်းရလဒ်။ ။ Tottenham 1-1 Aston Villa

Everton vs Manchester United

ဒီတနင်္ဂနွေနေ့ ဂူဒီဆန်ပက်ခ် ဝန်းကျင်ဟာ စိတ်ရှုပ်စရာတွေ ကောင်းနေပါလိမ့်မယ်။ အဲဗာတန်တို့ ရမှတ်လျော့ ပြစ်ဒဏ်တွေ ရင်ဆိုင်ထားရတာမို့ ပရိသတ်တွေက ဒီပွဲအတွက် အားဖြစ်နေစေပါလိမ့်မယ်။ ဒီပွဲကို အဲဗာတန်တို့ ရှုံးသွားခဲ့မယ်ဆိုရင် ကျနော်တော့ အံ့ဩမိမှာ ဖြစ်ပါတယ်။

ပေါမာဆန် ခန့်မှန်းရလဒ်။ ။ Everton 2-1 Man United

အခြားပွဲစဉ်များအတွက် ပေါမာဆန် ခန့်မှန်းရလဒ်များ

  • Sheffield United 2-1 Bournemouth
  • Nottingham 2-1 Brighton
  • Burnley 1-0 West Ham
  • Tottenham 1-1 Aston Villa
  • Fulham 1-1 Wolves