ဘီဘီစီမှ ပင်တိုင် ပရီးမီးယာလိဂ် သုံးသပ်ခန့်မှန်းသူ တစ်ဦးဖြစ်တဲ့ ခရစ်ဆက်တန်ရဲ့ ဒီအပတ် ပရီးမီးယားလိဂ် ပွဲစဉ်တွေအတွက် သုံးသပ်ခန့်မှန်းချက်တွေ က အောက်ပါအတိုင်း ဖြစ်ပါတယ်။

Manchester City vs Liverpool

စီးတီးက သူတို့ရဲ့ ပွဲချဉ်းကပ်မှုကို ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ သူတို့ ဘောလုံးပိုင်ဆိုင်မှုပိုင်း ထိန်းချုပ်မယ်၊ ကောင်တာကနေ လီဗာပူးက နာကျင်အောင် လုပ်မယ်ဆိုတာ သိပေမယ့်လို့ စီးတီးတို့ တိုက်စစ် ကစားမှာပါ။

အိမ်ကွင်း အားသာချက်ကလည်း တကယ်ကိုပဲ အကူအညီ ဖြစ်ပါလိမ့်မယ်။ ဂွာဒီယိုလာရဲ့ အသင်းဟာ ဒီရာသီ အီသီဟက်မှာ ပြိုင်ပွဲစုံ ၂၃ ပွဲ ကစားပြီး အားလုံးကို အနိုင်ရထားပါတယ်။ အဲ့တာကပဲ ဒီပွဲမှာ မန်စီးတီး အသာရမယ်လို့ ကျနော် ထင်တဲ့ အဓိက အကြောင်းရင်း ဖြစ်ပါတယ်။

ဆက်တန် ခန့်မှန်းရလဒ်။ ။ Manchester City 2-1 Liverpool

Newcastle United vs Chelsea

နယူးကာဆယ်က နိုင်ငံတကာ သီတင်းပတ် မတိုင်ခင် ဘုန်းမောက်ကို အရေးနိမ့်ခဲ့တယ်။ အိုက်ဆက် အပါအဝင် သူတို့ရဲ့ ဒဏ်ရာရ ကစားသမားအချို့ ပြန်သက်သာလာဖို့ ရှိပါတယ်။

ချယ်ဆီးမှာလည်း အန်ကွန်ကူက ဒီပွဲမှာ ပွဲထွက်ခွင့်ရနိုင်ပါတယ်။ ဖြစ်နိုင်တာတော့ အရန်ခုံကနေပေါ့။ ချယ်ဆီးက တိုးတက်နေပေမယ့် အပြောင်းအလဲ အရမ်း မြန်တာမို့ ဒီပွဲ ဘာဖြစ်မယ်ဆိုတာ ခန့်မှန်းရ ခက်ခဲပါတယ်။

ဆက်တန် ခန့်မှန်းရလဒ်။ ။ Newcastle United 1-1 Chelsea

Brentford vs Arsenal

ဒီပွဲ အာဆင်နယ်အတွက် လွယ်ကူမှာတော့ မဟုတ်ပါဘူး။ ရာသီစဆိုရင် ဒီပွဲကို အာဆင်နယ်တို့ နိုင်မှာသေချာပါတယ်။ ဒါပေမယ့် ဘရန့်ဖိုဒ့်ရဲ့ အိမ်ကွင်း ပုံစံက မာကျောမှု ရှိပါတယ်။

အာဆင်နယ်က အမှတ်ပေးဖလားကို နောက်တစ်ကြိမ် စိန်ခေါ်လိုတယ်ဆိုရင် ဒီပွဲမျိုးကို အနိုင်ရဖို့ လိုပါတယ်။

ဆက်တန် ခန့်မှန်းရလဒ်။ ။ Brentford 0-1 Arsenal

Tottenham vs Aston Villa

စပါးက လွှမ်းမိုးကစားနိုင်ဖို့ ကြိုးစားမှာဖြစ်ပြီး ဗီလာက ဖိအားပေး ကစားမှာပါ။ ခံစစ်ကို ကျစ်ကျစ်လစ်လစ်ထားပြီး စပါးကို ဖြိုခွင်းမှာ ဖြစ်ပါတယ်။ ဘယ်အသင်း နိုင်မလဲဆိုရင် ဗီလာလို့ ထင်မိပေမယ့် သရေကျသွားမှာပါပဲ။

ဆက်တန် ခန့်မှန်းရလဒ်။ ။ Tottenham 2-2 Aston Villa

Everton vs Manchester United

ရလဒ်ပိုင်းမှာ မန်ယူနိုက်တက်က အခြားအသင်းတိုင်းထက် ပိုကောင်းကောင်း လုပ်လာနိုင်ပြီး နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲ ၅ ပွဲမှာ ၄ ပွဲကို အနိုင်ရထားခဲ့ပါတယ်။ ဒါပေမယ့် ဒီရာသီ သူတို့ရဲ့ ကစားပုံကတော့ ဆိုးရွားလွန်းပါတယ်။

လောလောဆယ် အဲဗာတန်တဝိုက်က စိတ်ဓါတ်ပိုင်း တက်ကြွမှုကနေ သူတို့ အခွင့်အရေးရှိပြီး ဒီပွဲကို အနိုင်ရဖို့ ကြိုးစားနိုင်မှာပါ။

ဆက်တန် ခန့်မှန်းရလဒ်။ ။ Everton 2-1 Man United

အခြားပွဲစဉ်များအတွက် ခရစ်ဆက်တန် ခန့်မှန်းရလဒ်များ

  • Sheffield United 0-1 Bournemouth
  • Nottingham 1-1 Brighton
  • Burnley 1-1 West Ham
  • Luton 0-1 Crystal Palace
  • Fulham 0-2 Wolves