ဒီအပတ် ပရီးမီးယားလိဂ် ပွဲစဉ်တွေအတွက် စပါးနဲ့ မနယ်ူ တိုက်စစ်မှူးဟောင်းကြီး ဘာဘာတော့ဗ်က အောက်ပါအတိုင်း ကြိုတင် သုံးသပ် ခန့်မှန်းသွားပါတယ်။

Manchester City vs Liverpool

ဒီအပတ်မှာ စီးတီးက လီဗာပူးကို အနိုင်ရသွားမယ်လို့ ခံစားမိနေပါတယ်။ သူတို့ရဲ့ အရည်အချင်းက သိပ်ကောင်းပါတယ်။ လီဗာပူးရဲ့ ခံစစ်က စီးတီးထက် ပိုပြီး ချိုးဖျက်ရ လွယ်ပါတယ်။ ဒီပွဲ သရေကျမယ် ပြောချင်ပေမယ့် စီးတီးပဲ နှားတဖျား အသာရသွားမှာပါ။ စီးတီးနိုင်ပါမယ်။

ဘာဘာတော့ဗ် ခန့်မှန်းရလဒ်။ ။ Man City 3-1 Liverpool

Newcastle United vs Chelsea

ချန်ပီယံလိဂ်ပွဲတွေက နယူးကာဆယ်ကို အပြောင်းအလဲ ဖြစ်စေပါလိမ့်မယ်။ အဲ့ပွဲတွေက ဒဏ်ရာတွေကို ရင်ဆိုင်ရစေပြီး အခုချိန်မှာ နယူးကာဆယ်တို့ စမတ်ကျဖို့ လိုနေပါတယ်။ ချယ်ဆီးကလည်း ပိုကောင်းလာဖို့ လိုနေတယ်။ စီးတီးပွဲမှာ သူတို့ အတော်လေး ကောင်းခဲ့ပေမယ့် ဒီပွဲတော့ သရေပါပဲ။

ဘာဘာတော့ဗ် ခန့်မှန်းရလဒ်။ ။ Newcastle United 1-1 Chelsea

Brentford vs Arsenal

အောက်အသင်း အနိုင်ရတာမျိုးတွေကို သဘောကျပေမယ့် အာဆင်နယ်တို့ နိုင်ပွဲရမယ် ထင်မိပါတယ်။ သူတို့ လုံလောက်အောင် စမတ်ကျပြီး နေရာလွတ် ရှာနိုင်မယ်ဆိုရင် ဘရန့်ဖိုဒ့်ရဲ့ အရူးလုပ်ခြင်း ခံရမှာ မဟုတ်ဘဲ အာဆင်နယ်တို့ နိုင်ပွဲရမှာပါ။ စီးတီးနဲ့ လီဗာပူး ကစားနေတာက အာတီတာအတွက် အခွင့်အရေးကြီးပါ။

ဘာဘာတော့ဗ် ခန့်မှန်းရလဒ်။ ။ Brentford 0-2 Arsenal

Tottenham vs Aston Villa

ဗီလာတို့ အမှတ်ရမယ်လို့ မျှော်လင့်တဲ့ ပွဲတွေမှာ သူတို့ ရှုံးပါတယ်။ အဝေးကွင်းမှာ သူတို့က အိမ်ကွင်းရလဒ်တွေလို ကောင်းမွန်မနေပါဘူး။ ကျနော်ကတော့ စပါးဘက်ကပါပဲ။

ဘာဘာတော့ဗ် ခန့်မှန်းရလဒ်။ ။ Tottenham 3-1 Aston Villa

Everton vs Manchester United

စိတ်ဝင်စားစရာ ပွဲကောင်းဖြစ်ပါလိမ့်မယ်။ အဲဗာတန်က ၁၀ မှတ်လျော့ ပြစ်ဒဏ်ကို ရင်ဆိုင်ထားရတယ်။ သူတို့ ရုတ်တရတ် တန်းဆင်းဇုန်ထဲ ရောက်သွားပါတယ်။ ဒီပွဲ သူတို့ နိုင်ခဲ့မယ်ဆိုရင် သက်သာရာရမှာပါ။ ယူနိုက်တက်မှာက ဒဏ်ရာရ ကစားသမားတွေ ရှိနေတော့ အဲဗာတန်ကို ရင်ဆိုင်ဖို့ ခက်ခဲပါလိမ့်မယ်။

ဂူဒီဆန်က ရူးလောက်အောင် ပြင်းထန်နေမှာဖြစ်ပြီး အဲဗာတန်ကို ရင်ဆိုင်ရာမှာ ယူနိုက်တက်ရဲ့ မှတ်တမ်းကောင်းတွေ အရ ဒီပွဲ သရေဖြစ်သွားပါလိမ့်မယ်။

ဘာဘာတော့ဗ် ခန့်မှန်းရလဒ်။ ။ Everton 1-1 Man United

အခြားပွဲစဉ်များအတွက် ဘာဘာတော့ဗ် ခန့်မှန်းရလဒ်များ

  • Sheffield United 1-0 Bournemouth
  • Nottingham 1-1 Brighton
  • Burnley 2-1 West Ham
  • Luton 2-1 Crystal Palace
  • Fulham 2-1 Wolves