အာဆင်နယ်ဟာ ၂၀၂၄ ခုနှစ်မှာ ဂိုးသမား ဒေးဗစ် ရာယာကို အပြီးသတ် ခေါ်ယူဖို့အတွက် အာမခံချက် ရထားခဲ့ပြီလို့ အပြောင်းအရွှေ့ သတင်းထောက် ရိုမန်နိုက ဖော်ပြပါတယ်။

ဂန်းနားတွေဟာ ရာယာကို ပေါင် ၃ သန်းဖြင့် ရာသီကုန်ထိ အငှားခေါ်ယူထားကာ ပေါင် ၂၇ သန်းဖြင့် အပြီးသတ် ဝယ်ယူခွင့်လည်း ရထားတာ ဖြစ်ပါတယ်။ စပိန်သားက အမ်းမရိတ်မှာ မတည်ငြိမ်တဲ့ အခြေအနေတွေ ရင်ဆိုင်နေရတာမို့ သူ့ကို အပြီးသတ် ခေါ်ယူပါ့မလား သံသယတွေ ရှိနေတာပါ။

သို့ပေမယ့် အာတီတာဟာ ရမ်စ်းဒယ်ကို အရန်ခုံထံ ပို့ဆောင်ထားပြီးနောက် ရာယာကိုပဲ ဦးစားပေးအဖြစ် လက်တွဲဖို့ သေချာနေပါပြီ။ ထိပ်ဆုံး ၄ သင်း ဝင်ခွင့်မှာ ရမ်စ်းဒယ်က အဓိက ကျခဲ့ပေမယ့် ချန်ပီယံဖြစ်ရေးအတွက်တော့ ရာယာကိုပဲ ဦးစားပေးတော့မှာပါ။

၂၀၂၄ နွေမှာ ရာယာကို ကာလရှည် စာချုပ်ဖြင့် လက်မှတ်ထိုး ခေါ်ယူမှာ ဖြစ်တာကြောင့် ရမ်စ်းဒယ်ရဲ့ အနာဂတ်ကတော့ မသေချာမှုတွေ ဖြစ်လာဖို့ ရှိနေပြီပဲ ဖြစ်ပါတယ်။