မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မနေ့ညက ချန်ပီယံလိဂ် ပွဲစဉ် ၅ အဖြစ် တူရကီကလပ် ဂါလာတာစရေးကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ကစားရာမှာ ပွဲကို အကြိမ်ကြိမ် ဦးဆောင် ခဲ့ပေမယ့် ရလဒ်ကို မထိန်းနိုင်ခဲ့ဘဲ ၃-၃ နဲ့ သရေ ရလဒ် ထွက်ပေါ်ခဲ့ပါတယ်။

ဂါနာချိုရဲ့ ကောင်းမွန်တဲ့ ကန်ချက်ကြောင့် ယူနိုက်တက်တို့ ဦးဆောင်ဂိုး ရခဲ့သလို ဖာနန်ဒက်စ်ကလည်း အဝေး ကန်ချက်ကောင်းကြောင့် ၂-၀ ဖြင့် ဦးဆောင်နိုင်ခဲ့ပေမယ့် အိုနာနာရဲ့ လိုအပ်ချက်ကနေ ဇီယက်ချ်က ဖရီးကစ်ကနေ ချေပဂိုး ရယူသွားခဲ့တာပါ။

ဒုတိယပိုင်းမှာ တော်မီနေးရဲ့ တတိယမြောက် သွင်းဂိုးနဲ့အတူ ၃-၁ ဖြင့် ထပ်မံ ဦးဆောင်ပေမယ့် ဂါလာတာစရေးက ချေပဂိုး ၂ ဂိုး ဆက်လက် ရယူခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲအနိုင်ရလဒ်ကို ထိန်းနိုင်ခဲ့ရင် မန်ချက်စတာ ယူနိုက်တက်တို့ နောက်တစ်ဆင့် တက်နိုင်ရေး အတော်လေး အခြေအနေ ကောင်းမွန်ခဲ့မှာပါ။

ပွဲအပြီးမှာ ပရိသတ်တွေကတော့ နည်းပြတန်ဟက်ရဲ့ လူစားလဲမှုကော ဂိုးသမား အိုနာနာရဲ့ လက်စွမ်းကိုပါ မေးခွန်းထုတ်ခဲ့ကြတယ်။

ယူနိုက်တက်ဟာ အုပ်စုပွဲ ၅ ပွဲ ကစားပြီးချိန်မှာ အုပ်စုတွင်းမှာ ၄ မှတ်ဖြင့် အောက်ဆုံးမှာပဲ ဆက်ရှိနေကာ ဒုတိယနဲ့ တတိယနေရာတွေက အသင်းတွေကတော့ ရမှတ် ၅ မှတ်ရထားတာ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်တို့ အုပ်စုအဆင့်ကို ကျော်နိုင်ဖို့ဆိုရင် အုပ်စု နောက်ဆုံးပွဲအဖြစ် အိုးထရတ်ဖိုဒ့်မှာ ယှဉ်ပြိုင်ရမယ့် ဘိုင်ယန်မြူးနစ်ပွဲကို အနိုင်ရဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် အခြားသော ပြိုင်ဘက် နှစ်သင်းဖြစ်တဲ့ ကိုပင်ဟေဂင်နဲ့ ဂါလာတာစရေးပွဲကလည်း သရေကျဖို့ လိုအပ်မှာပါ။ ဒါဟာလည်း အတော် ဖြစ်နိုင်ဖို့ ခဲယဉ်းသွားပြီ ဆိုတာ ဝန်ခံရတော့မှာ ဖြစ်ပါတယ်။