ဒီတပတ် ကြားရက်မှာ ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ်တွေ အတွက် ဂန်းနားဟောင်းကြီး ပေါမာဆန်ရဲ့ ပွဲကြို သုံးသပ် ခန့်မှန်းချက်တွေက အောက်ပါ အတိုင်း ဖြစ်ပါတယ်။

Luton Town vs Arsenal

ဒီအတွဲက ပရီးမီးယားလိဂ်မှာ ပုံမှန်မြင်နေကျ မဟုတ်တော့ အက်အေပွဲလိုလိုပါပဲ။ အင်္ဂလန်ထိပ်တန်းလိဂ်အတွက်ဆိုရင် ကလပ်နှစ်သင်းကြား ကွာဟချက်ကလည်း ကြီးမားပါတယ်။ အာဆင်နယ်က ပရော်ဖက်ရှင်နယ် ပီပီသသ ကြိုးစားမယ်ဆိုရင် ဒီပွဲကို အေးဆေးလေး နိုင်ပါတယ်။

ပေါမာဆန် ခန့်မှန်းရလဒ်။ ။ Luton Town 0-3 Arsenal

Sheffield United vs Liverpool

ယာဂင်ကလော့ပ်ရဲ့ အသင်းက ပရီးမီးယားလိဂ်မှာ အားကောင်းနေမှုကို ဆက်ထိန်းထားဖို့ လိုအပ်နေပါတယ်။ သူတို့ရဲ့ အဝေးကွင်း ရလဒ်တွေကို ဖြေရှင်းနိုင်ဖို့ လိုပါတယ်။

ရှက်ဖီးနည်းပြ ပြုတ်သွားပြီလို့ ကြားနေရပါတယ်။ သူတို့ကို လူတိုင်းက အနိုင်ယူနေတာမို့ ဒီပွဲမှာ လီဗာပူး အနိုင်ရလဒ်ပဲ မြင်ပါတယ်။

ပေါမာဆန် ခန့်မှန်းရလဒ်။ ။ Sheffield United 0-3 Liverpool

Man United vs Chelsea

ချယ်ဆီးအသင်းမှာက ယူနိုက်တက်ကို ရင်ဆိုင်ကစားဖို့ ကစားသမားတွေ ရှိနေပြီး စိတ်လှုပ်ရှားစရာ ပွဲလည်း ဖြစ်လာပါလိမ့်မယ်။ အခုချိန်မှာ ချယ်ဆီးက အထိုင်ကျလာနေပါပြီ။ သူတို့ရဲ့ ပွဲထွက် ၁၁ ဦးက ဘယ်သူတွေ ဖြစ်ရမယ်ဆိုတာ သိလာနေပြီ။

ချယ်ဆီးက ခံစစ်ပိုင်း မကောင်းဘဲ ယူနိုက်တက်ကလည်း နေရာစုံကို အားနည်းနေပါတယ်။ ဂါလာတာစရေး ပွဲမှာ သူတို့ ပေးဂိုး ၃ ဂိုးထိရှိခဲ့ပြီး နယူးကာဆယ်ပွဲမှာတော့ ပေးဂိုး ၁၀ ဂိုးလောက် ဖြစ်ခဲ့သင့်တာပါ။ ကျနော်ကတော့ ဂိုးတွေအများကြီးနဲ့ ဒီပွဲ သရေကျမယ် ထင်ပါတယ်။

ပေါမာဆန် ခန့်မှန်းရလဒ်။ ။ Man United 3-3 Chelsea

Aston Villa vs Man City

ဒီပွဲက စီးတီးအတွက် ပွဲကြီးပွဲကောင်းပါ၊ သူတို့ရဲ့ ဒီရာသီအတွက် အဆုံးအဖြတ်လဲ ဖြစ်နိုင်ပါတယ်။ ဒီတလော ပရီးမီးယားလိဂ်မှာ ရင်ဆိုင်ကစားဖို့ အခက်ခဲဆုံး ဆိုတဲ့ ကွင်းကို စီးတီးတို့ သွားရောက် ယှဉ်ပြိုင်ရမှာပါ။

ဗီလာက ပြဿနာတွေ ပေးမှာမို့ ဒီပွဲက မန်စီးတီးအတွက် ကြီးမားတဲ့ ပွဲတစ်ပွဲပါ။ သို့ပေမယ့် စီးတီး နိုင်မယ် မထင်ပါဘူး။

ပေါမာဆန် ခန့်မှန်းရလဒ်။ ။ Aston Villa 2-2 Man City

အခြားပွဲစဉ်တွေအတွက် ပေါမာဆန် ခန့်မှန်းရလဒ်များ

  • Wolves 2-0 Burnley
  • Fulham 1-1 Nottingham Forest
  • Crystal Palace 1-1 Bournemouth
  • Brighton 2-0 Brentford
  • Everton 1-2 Newcastle United
  • Tottenham 2-1 West Ham