မန်ချက်စတာ ယူနိုက်တက် ဗဟို ခံစစ်မှူး ဗာရန်းဟာ အသင်းပြောင်းသတင်းတွေ ထွက်နေပေမယ့် အိုးထရတ်ဖိုဒ့်က သူ့ရဲ့ နေရာအတွက် ဆက်လက် တိုက်ခိုက်လိုနေဆဲဖြစ်ကာ ဇန်နဝါရီမှာ အသင်းပြောင်းဖို့ ရည်ရွယ်ချက် မရှိဘူး လို့ သိရပါတယ်။
ပြင်သစ်လက်ရွေးစင်ဟာ ယူနိုက်တက်ရဲ့ နောက်ဆုံး ၁၁ ပွဲမှာ ၁ ပွဲပဲ ပွဲထွက်ထားရသူဖြစ်ကာ သူ့နေရာမှာ မက်ဂွဲရားက ပုံမှန်ပွဲထွက်ခွင့် ပြန်ရနေပါတယ်။
မက်ဂွဲရား အပြင် နည်းပြတန်ဟက်ဟာ သူ့ကို ကျော်ပြီး အီဗန်နဲ့ လင်ဒီအော့ဖ်တို့ကိုပဲ သုံးနေတာကလည်း အပြောင်းအရွှေ့ အသံတွေကို ပိုထွက်လာစေပါတယ်။
ဒါပေမယ့် ဗာရန်းဟာ မန်ချက်စတာမှာပဲ ဆက်နေဖို့ ဆုံးဖြတ်ထားပါတယ်။ ဆော်ဒီကလပ်နဲ့ ဘိုင်ယန်မြူးနစ် တို့ထံက စိတ်ဝင်စားမှုတွေ ရနေပေမယ့် ယူနိုက်တက်ဘက်က အလိုမရှိတော့တာမျိုး မဟုတ်ခဲ့ရင် ဇန်နဝါရီမှာ အသင်းမပြောင်းဘဲ ပွဲထွက်နေရာကို စိန်ခေါ်သွားမယ်လို့ သိရပါတယ်။
သတင်းဆိုး တစ်ခုကတော့ မန်ယူနိုက်တက် ခံစစ်မှူး မာတီနက်စ်ဟာ ဒဏ်ရာကနေ ပြန်သက်သာလာဖွယ် မရှိသေးပါဘူး။ သူ့ရဲ့ ဒဏ်ရာဟာ ပုံမှန် အခြေအနေ မဟုတ်ဘူးလို့လည်း သိရပါတယ်။
ဒဏ်ရာကြောင့် ၃ လခန့် အနားယူနေရတဲ့ မာတီနက်စ်ဟာ ပုံမှန်အားဖြင့် ခရစ်စမတ် ကာလမှာ ဘောလုံး ပြန်ကစားနိုင်ရမှာပါ။ သို့ပေမယ့် မသက်သာလာသေးဘဲ ဒဏ်ရာ ပြန်ပေါ်ခဲ့တာကြောင့် ယူနိုက်တက် ဆေးအဖွဲ့က သူ့ကို ဂရုစိုက်ပေးနေရပါတယ်။
ယူနိုက်တက်ဘက်ကတော့ မာတီနက်စ် ၁၀၀% ပြန်သက်သာလာမှပဲ ဘောလုံး ပြန်ပေးကစားဖို့ စီစဉ်ထားကာ အခုချိန်ထိတော့ အဆင်သင့် မဖြစ်သေးဘူးလို့ သတင်းထောက် ရိုမန်နိုက ဖော်ထုတ်ခဲ့တာ ဖြစ်ပါတယ်။