ဒီကြားရက် ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ မန်ချက်စတာ ကလပ်တွေဟာ အသင်းကောင်းတွေကို ယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။ ဘီဘီစီမှ ဝါရင့် ဘောလုံးပွဲ ခန့်မှန်းသူဖြစ်တဲ့ ခရစ်ဆက်တန်ကတော့ အခုလိုပဲ ပွဲရလဒ်တွေကို သုံးသပ် ခန့်မှန်းလိုက်ပါတယ်။
Luton Town vs Arsenal
အာဆင်နယ်ဟာ မနှစ်ကထက် ပိုပြီး သမ္ဘာရှိတဲ့အသင်းဖြစ်လာနေပါတယ်။ တိုက်စစ်ကို တွန်းပြီး မကစားတော့ပေမယ့် သူတို့ ကစားနေတာက အလုပ်ဖြစ်ပါတယ်။ အာတီတာတို့ ကစားနေတဲ့ ပုံစံအရ ဒီပွဲမှာ သူတို့ အနိုင်ရအောင် နည်းလမ်း ရှာသွားမယ်လို့ပဲ မျှော်လင့်ထားပါတယ်။
ဆက်တန် ခန့်မှန်းရလဒ်။ ။ Luton Town 0-2 Arsenal
Sheffield United vs Liverpool
ဖူလ်ဟမ်နဲ့ပွဲမှာ လီဗာပူးက အံ့အားသင့်စရာ ပြန်လာနိုင်မှုကို လုပ်ပြခဲ့ပါတယ်။ အခုချိန်မှာ သူတို့က ဖလားပြိုင်ပွဲထဲ စတင်ကာ ဝင်ရောက်လာနေပါပြီ။ ယာဂင်ကလော့ပ်ရဲ့ အသင်းအတွက် နိုင်ပွဲဖြစ်သင့်ပြီး သူတို့ရဲ့ အင်အားတွေအရ သက်သောင့်သက်သာ အနိုင်ရသင့်ပါတယ်။
ဆက်တန် ခန့်မှန်းရလဒ်။ ။ Sheffield 0-3 Liverpool
Man United vs Chelsea
စိန့်ဂျိမ်းပက်ခ်ကပွဲမှာ ယူနိုက်တက်က အတော်လေး ညံ့ဖျင်းခဲ့ပါတယ်။ သူတို့ရဲ့ ကစားသမား အချို့ကို ကြည့်ရတာ အပင်ပန်းတောင် မခံချင်တော့သလောက်ပါပဲ။ ကျနော်ကတော့ ဒီပွဲမှာ ချယ်ဆီးတို့ သေချာပေါက် နိုင်သွားမယ် ထင်ပါတယ်။ သူတို့က တန်ဟက်တို့ရဲ့ ခံစစ်ကို ပြဿနာတွေ ပေးပါလိမ့်မယ်။
ဆက်တန် ခန့်မှန်းရလဒ်။ ။ Man United 1-2 Chelsea
Aston Villa vs Man City
မန်စီးတီးက အခုတလော ဂိုးတွေ အများကြီး ပေးနေရပါတယ်။ နောက်ဆုံး ၄ ပွဲမှာ သူတို့ ဂိုးပေးထားရတာ ၁၀ ဂိုးလောက် ရှိနေပါပြီ။ ဗီလာက ဒီပွဲမှာ ဂိုးသွင်းနိုင်မှာပါ။ ဒါပေမယ့် ပက်ဂွာဒီယိုလာရဲ့ အသင်းက ပိုများတဲ့ ဂိုးတွေ သွင်းနိုင်ပါလိမ့်မယ်။
ဆက်တန် ခန့်မှန်းရလဒ်။ ။ Aston Villa 1-2 Man City
အခြားပွဲစဉ်တွေအတွက် ဆက်တန် ခန့်မှန်းရလဒ်များ
Wolves 2-0 Burnley
Fulham 1-1 Nottingham Forest
Crystal Palace 1-0 Bournemouth
Brighton 2-2 Brentford
Everton 1-2 Newcastle United
Tottenham 3-2 West Ham