ဒီနေ့ ဗုဒ္ဓဟူးနေ့ နံနက် အစောပိုင်းက ကစားသွားတဲ့ လူတန် – အာဆင်နယ်တို့ ပရီးမီးယားလိဂ်ပွဲဟာ မျှော်လင့် ထားတာထက် မြိုင်ဆိုင်ခဲ့ပြီး ဒီကလန်ရိုက်စ်ရဲ့ နောက်ဆုံးမိနစ် ခေါင်းတိုက်ဂိုးကြောင့် အာဆင်နယ်တို့ အနိုင်ရသွားခဲ့ပါတယ်။

ပွဲ အစောပိုင်း မှာပဲ လူတန်တောင်းအသင်း နားလည်မှုလွဲရာကာ ရလာတဲ့ လက်ပစ်ဘောကို အသုံးချလို့ အာဆင်နယ်ဘက်က မာတင်နယ်လီ ဦးဆောင်ဂိုး သွင်းယူပါတယ်။ သိပ်မကြာခင် လူတန်တောင်းကလည်း ထောင့်ကန်ဘောက တစ်ဆင့် ခေါင်းတိုက်ပြီး ပြန်ခြေပခဲ့တယ်။

ပထမပိုင်းမှာ ဂျေးဆုက ဦးဆောင်ဂိုး သွင်းယူခဲ့သေးပေမယ့် ဂိုးသမား ရာယာရဲ့ အမှားတွေက တစ်ဆင့် လူတန် တောင်းဟာ ၈ မိနစ်အတွင်း ၂ ဂိုးသွင်းကာ အာဆင်နယ်ကို တစ်ကျော့ပြန် ဦးဆောင်နိုင်တဲ့ထိ ဒီပွဲမှာ ခြေစွာခဲ့ပါသေးတယ်။

ဒါပေမယ့် မိနစ် ၆ဝ က ဟာဗက်ရဲ့ သွင်းဂိုးနဲ့ ပွဲချိန် ၉၇ မိနစ်မှာ အိုဒီဂတ်ရဲ့ ဖြတ်တင်ဘောကို ရိုက်စ် ခေါင်းတိုက် သွင်းယူခဲ့ပြီး စက္ကန့်ပွဲအကြာ ပွဲပြီးခဲ့တာကြောင့် အာဆင်နယ်တို့ ပျော်ရွှင်ဖွယ် နိုင်ပွဲကို ဖော်ဆောင်နိုင်ခဲ့တာပါ။

ဒီပွဲမှာ အာဆင်နယ်ဟာ နောက်ဆုံး မိနစ်အထိ နိုင်ပွဲရဖို့ ကြိုးစားသွားခဲ့ပြီး ချန်ပီယံ စိတ်ဓါတ်နဲ့ အလားအလာ ကောင်းတွေ မြင်ခဲ့ရပါတယ်။

ဟာဗက်၊ ဂျေးဆု၊ ရိုက်စ်တို့ တော်တော်လေး ကောင်းခဲ့ကြပေမယ့် ဂိုးသမား ရာယာရဲ့ ပေါ့ဆမှုမျိုး နောက်ပွဲတွေမှာ ထပ် မမြင်ရဖို့ မျှော်လင့်ပါတယ်။ ရိုက်စ်ရဲ့ သွင်းဂိုးမှာ အောင်ပွဲခံမှုအတွက် အာတီတာကတော့ အဝါကဒ် ပြသခံခဲ့ရကာ ဗီလာပွဲကို လွဲချော်သွားပါမယ်။

ဒီပွဲရလဒ်ကြောင့် အာဆင်နယ် အသင်းဟာ အမှတ်ပေးဇယား ပထမ နေရာမှာ ဆက်လက် ဦးဆောင်နေဆဲ ဖြစ်ပြီး ဒုတိယနေရာက လီဗာပူး ထက် ၁ ပွဲပိုကစား ၅ မှတ် ဖြတ်ထားပြီ ဖြစ်ပါတယ်။