ဘောလုံးပွဲတွေ အပတ်စဉ် သုံးသပ်နေကြ ဝါရင့် ဆရာကြီး ဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန်ရဲ့ ဒီ စနေ-တနင်္ဂနွေ ကစားမယ့် ပရီးမီးယားလိဂ် ပွဲတွေ အတွက် ကြိုတင် သုံးသပ် ခန့်မှန်းချက်တွေက အောက်ပါ အတိုင်း ထွက်ရှိနေပြီ ဖြစ်ပါတယ်။
Crystal Palace vs Liverpool
ပဲလေစ့်မှာ အဓိက ကစားသမားတွေ ဒဏ်ရာရနေပေမယ့် သူတို့က လီဗာပူးအသင်း အခက်တွေ့အောင် ယှဉ်ပြိုင်ဦးမှာပါ။ ဒါပေမယ့် ဒီတစ်ကြိမ် ပဲလေစ့်ကို ရင်ဆိုင်ရမှာက လီဗာပူးအတွက် အချိန်ကောင်းပါပဲ။ သူတို့ ၂-၀ ဖြင့် အနိုင်ရမယ်လို့ ခန့်မှန်းမိပါတယ်။
ပေါမာဆန် ခန့်မှန်းရလဒ်။ ။ Crystal Palace 0-2 Liverpool
Man United vs Bournemouth
မန်ယူနိုက်တက်က မန်စီးတီးနောက် ၃ မှတ်အကွာမှာ ရှိနေတယ်ဆိုတာ တကယ့်ကို အံ့မခန်းပါပဲ။ ပရီးမီးယားလိဂ် ၄ ပွဲဆက် မန်စီးတီး နိုင်ပွဲပျောက်မယ် မထင်မိခဲ့ဘူး။ ဘာမဆို ဖြစ်နိုင်တာကို မြင်ခဲ့ရတယ်။ အကယ်လို့ ဒီပွဲကို မန်ယူနိုက်တက် အနိုင်ရရင် သူတို့ အမှတ်ပေးဇယား အထက်ကို ပြန်တက်လာနိုင်မှာပါ။
ပေါမာဆန် ခန့်မှန်းရလဒ်။ ။ Man United 3-1 Bournemouth
Aston Villa vs Arsenal
မန်စီးတီးကို အနိုင်ယူပြီးနောက် အာဆင်နယ်ကိုပါ အက်စတွန်ဗီလာတို့ ထပ်ပြီး နိုင်မယ်ဆိုရင် သူတို့က ဖလားစိန်ခေါ်မယ့် အသင်း ဖြစ်လာမှာပါ။ ကျနော်ကတော့ အဲ့လိုပဲ ပြောမှာပါပဲ။ မန်စီးတီးကို ရင်ဆိုင်ရာမှာ ဗီလာတို့ အရမ်းကို ကြိုးစားခဲ့ပေမယ့် ဒီတစ်ကြိမ်တော့ အာဆင်နယ်ပဲ နိုင်မယ်လို့ ကျနော် ထင်ပါတယ်။
ပေါမာဆန် ခန့်မှန်းရလဒ်။ ။ အက်စတွန်ဗီလာ ၁-၂ အာဆင်နယ်
Luton Town vs Man City
မန်စီးတီးက နိုင်ပွဲ ပျောက်နေခဲ့တာ ၄ ပွဲဆက်တိုက် ရှိနေပါပြီ။ ဒါပေမယ့် သူတို့ ဒီပွဲကို သက်သောင့်သက်သာ အနိုင်ယူပြီး ပရီးမီးယားလိဂ်ဖလား စိန်ခေါ်ဖို့ ပြန်ဝင်လာပါလိမ့်မယ်။
ပေါမာဆန် ခန့်မှန်းရလဒ်။ ။ Luton 1-4 Man City
Everton vs Chelsea
အဲဗာတန်က အဝေးကွင်းမှာဆို ပိုကောင်းတဲ့အသင်း ဖြစ်ပါတယ်။ ဒါပေမယ့် ဒီတစ်ကြိမ်တော့ အိမ်ကွင်းမှာ ချယ်ဆီးကို အနိုင်ယူမယ်လို့ ထင်ပါတယ်။ ပိုချက်တီနိုရဲ့ အသင်းမှာက တစ်ခုခု လိုအပ်နေပါတယ်။ ဒီပွဲကို ချယ်ဆီးတို့ နိုင်သွားမယ် ဆိုရင် ကျနော်တော့ အံ့ဩမိမှာပါ။
ပေါမာဆန် ခန့်မှန်းရလဒ်။ ။ Everton 3-1 Chelsea
အခြားပွဲစဉ်တွေအတွက် ပေါမာဆန် ခန့်မှန်းရလဒ်များ
Wolves 1-0 Nottingham Forest
Brighton 3-0 Burnley
Sheffield United 0-1 Brentford
Fulham 2-0 West Ham United
Tottenham Hotspur 2-1 Newcastle