စနေနေ့ ပရီးမီးယားလိဂ် အစောပွဲ ကစားခဲ့ကြတဲ့ ခရစ္စတယ် ပဲလေစ့်နဲ့ လီဗာပူးပွဲမှာတော့ ယာဂင် ကလော့ပ်ရဲ့ အသင်းက ၂-၁ ရလဒ်နဲ့ အနိုင်ရသွားပါတယ်။
အိမ်ရှင် ပဲလေစ့်ဘက်က မာတီတာ ပင်နယ်တီကနေ ဦးဆောင်ဂိုး သွင်းခဲ့ပြီး ဆာလာနဲ့ ဟာဗေးတို့က ခြေပဂိုးနဲ့ အနိုင်ဂိုးတွေ ပြန်သွင်းပေးခဲ့တာပါ။
နည်းပြကလော့ပ်ဟာ ဒဏ်ရာရနေတဲ့ မက်ကယ်လစ္စတာ နေရာမှာ အန်ဒိုကို ထုတ်သုံးပြီး ခံစစ်မှာ လူငယ် ခံစစ်မှူး ကွမ်းဆက်ကို ထုတ်သုံးတာကလွဲလို့ လူစာရင်း အပြည့်ဖြင့် ပွဲထွက်လာခဲ့တာ ဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ ဒီပွဲကို အနိုင်ရမယ်ဆိုရင် အက်စတွန်ဗီလာ vs အာဆင်နယ်ပွဲ မတိုင်ခင် အမှတ်ပေးဇယားထိပ်ကို တက်ရောက်နိုင်မယ့် အခွင့်အရေး ရှိနေခဲ့တာပါ။ ဒါပေမယ့်လို့ အဝေးကွင်းမှာ ပုံမှန်ခြေစွမ်းအောက် ရောက်နေခဲ့ကာ သိသိသာသာ ရုန်းကန်ကစားခဲ့ရပါတယ်။
ပထမပိုင်းမှာ လီဗာပူးအသင်းက ဂိုးပေါက် တည့်အောင် ခြိမ်းခြောက်နိုင်မှု ၁ ကြိမ်တောင် မရှိခဲ့ဘဲ အခွင့်အရေး ဖန်တီးနိုင်စွမ်းလည်း အားနည်းခဲ့ပါတယ်။ ပဲလေစ့်ကတောင် ပိုကောင်းတဲ့ ထိအယ်လီဆန် ကောင်းမွန်ခြင်းကြောင့် ဂိုးပေးရမယ့် အခွင့်အရေးကြီးကနေ ကင်းလွတ်ခဲ့တာ ဖြစ်ပါတယ်။
ဗန်ဒိုက်နဲ့ထိတွေ့မှုကနေ ပဲလေစ့်ဘက်က ပင်နယ်တီ ရခဲ့ပေမယ့် အဲ့ဖြစ်ရပ် မတိုင်ခင် ကွင်းလယ်လူ အန်ဒိုကို ပဲလေစ့် ကွင်းလယ်လူ အဝင်ကြမ်းထားကာ ကစားကွက် တည်ဆောက်ရာမှာ ဖောင်းဖြစ်ခဲ့တာမို့ ကွင်းလယ်ဒိုင်က ပင်နယ်တီကို ပယ်ဖျက်ခဲ့ပါတယ်။
ဒုတိယပိုင်းမှာလည်း လီဗာပူးထံက ကောင်းမွန်တဲ့ ထိုးဖောက်မှုတွေ မမြင်ခဲ့ရဘဲ ကွမ်းဆက်ရဲ့ ဘောလုံးရှင်းပုံ မသေသပ်ခြင်းကနေ ပဲလေစ့်တို့ ပင်နယ်တီ ရသွားခဲ့ပါတယ်။ အဆိုပါ ပင်နယ်တီကနေပဲ ပဲလေစ့်တို့ ဦးဆောင်ဂိုး ရယူသွားခဲ့ပါတယ်။
ဒီပွဲမှာ နည်းပြကလော့ပ်ရဲ့ လူစားလဲမှုတွေက တော်တော်လေး ကောင်းခဲ့ပါတယ်။ ပွဲချိန် ၇၅ မိနစ်မှာ ပဲလေစ့်ဘက်က အရူး နှစ်ဝါ တစ်နီဖြင့် ထုတ်ခံရမှုကလည်း လီဗာပူးအတွက် တအားဖြစ်စေခဲ့တယ်။ မိနစ်ပိုင်းမှာပဲ ဆာလာက ခြေပဂိုး ပြန်ယူခဲ့သလို မိနစ် ၉၀ မှာတော့ လူစားဝင် ကွင်းလယ်လူ ဟာဗေးက ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပါတယ်။
ဒီယက်ဇ်ကလည်း ထပ်ပြီး ဂိုးသွင်းပေမယ့် လူကျွံနေခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် လီဗာပူးအသင်းဟာ ဒီကနေ့ည အာဆင်နယ်ပွဲ မတိုင်ခင် အမှတ်ပေးဇယား ထိပ်ဆုံး နေရာကို ဦးဆောင်ခွင့် ရနေပြီပဲ ဖြစ်ပါတယ်။