ယူနိုက်တက် တိုက်စစ်မှုးဟောင်းကြီး မိုက်ကယ်အိုဝင်ကတော့ မနေ့ညက ဘုန်းမောက်ကို ယူနိုက်တက်တို့ ၃-ဝ နဲ့ ဂိုးပြတ် ရှုံးတဲ့ပွဲမှာ မလိုအပ်ဘဲ အဝါကတ် ယူပြီး ပွဲပယ် အထိခံလိုက်ရတဲ့ အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ် အား စိတ်ပျက်နေပါတယ်။

ဖာနန်ဒက်စ်ဟာ ဒီ ၅ ပွဲအတွင်း အဝါကတ် တစ်ကတ် ပြခံရတာနဲ့ ပွဲပယ် မိတော့မယ် ဆိုတာ ဘုန်းမောက်ပွဲ မတိုင်ခင်တည်းက သိရှိပြီးသားပါ။ ဒါပေမယ့် မလိုအပ်ဘဲ Foul ကျူးလွန်ခဲ့ကာ အဝါထိသွားတာကြောင့် နောက်အပတ် အန်းဖီးမှာ ကစားမယ့် လီဗာပူးနဲ့ ပွဲကို လွဲချော်ပြီ ဖြစ်ပါတယ်။

မိုက်ကယ်အိုဝင်ကတော့ မန်ချက်စတာ ယူနိုက်တက်ရဲ့ လက်ရှိ အနေအထားနဲ့ ဖာနန်ဒက်စ် တစ်ယောက် အန်းဖီးကို မသွားချင်လို့ တမင် အဝါကတ် ယူတယ် လို့တောင် ယူဆနေပါတယ်။ မနှစ်တုန်းကပဲ သမိုင်းဝင် ရှုံးပွဲတစ်ပွဲကို ဖာနန်ဒက်စ်တို့ ရင်ဆိုင်ခဲ့ရသေးတာပါ။

” ကျွန်တော် စဉ်းစားနေတာ.. သူ အခုလို ပြိုင်ဘက်ကို အကြမ်းပတမ်း သွားလုပ်ပြီး အဝါကတ် ဘယ်နှကတ် ရခဲ့သလဲ၊ လက်မောင်းတွေ ဘယ်နှခါလောက် ဝှေ့ယမ်း လုပ်ပြနေခဲ့လဲ ဆိုတာကို။

ဖြစ်နိုင်တာကတော့ အန်းဖီးကို မသွားချင်တာပဲ။ ကျွန်တော်သာ ဆိုလည်း ခုနေ သွားချင်မှာ မဟုတ်ဘူးလေ။ ပွဲထဲမှာ ရုန်းကန်နေရရင်း နောက်ပွဲကို ခေါင်းထဲမှာ သူ တွေးမိသလား ဆိုတာ ကျွန်တော် သေတော့ မသေချာဘူးပေါ့လေ။

သူက တာဝန်ရှိသူ တာဝန်ယူရမယ့် သူပါ။ အသင်း အတွက် ခေါင်းဆောင်ကောင်း ဖြစ်ရမယ့် သူ။ ဒိုင်တွေက ဘယ်လို အပြုအမူတွေကို လုံးဝ လက်မခံနိုင်ဘူးလဲ ဆိုတာ အားလုံး သိကြပါတယ်။

သူက ကစားသမား တစ်ယောက် လုပ်ခဲလှတဲ့ ဖြတ်ထုတ်မှုတွေ အများကြီး လုပ်ပြီး အများကြီးလည်း အဝါကတ်တွေ ပြခံနေရတော့တာပဲ။ ” လို့ အိုဝင်က စိတ်ပျက်စွာ ပြောဆိုသွားခဲ့ပါတယ်။