မြန်မာပြည်တစ်ဝန်းရှိ အ​ခြေခံပညာ​ရေးကျောင်းသား၊ ​ကျောင်းသူများ၏ ​အောင်စာရင်းကို ဧပြီ ၂၇ ရက်၊ နံနက် ၆ နာရီတွင် အခြေခံပညာ​ရေး​စာသင်ကျောင်းများ၌ ထုတ်ပြန်​ပေးသွားမည်ဖြစ်​ကြောင်း ပညာ​ရေးဝန်ကြီးဌာနမှ သိရသည်။

“မြန်မာပြည်တစ်ဝန်းက အ​ခြေခံပညာ​ရေးကျောင်းသား၊ ​ကျောင်းသူ​တွေရဲ့ ​အောင်စာရင်းကို ဧပြီ ၂၇ ရက်မှာ အ​ခြေခံပညာ​ရေး စာသင်​ကျောင်း​တွေမှာ သက်ဆိုင်ရာကျောင်းအလိုက် ​အောင်စာရင်းကပ်​ကြေညာပေးမယ်။

အခု​အောင်စာရင်းက KG အတန်းမှ Grade 11 တန်းအထိ ​​ကျောင်းသား၊​ ကျောင်းသူ​တွေ အတွက်​အောင်စာရင်း ထွက်မှာပါ။ Grade 12 မပါ​သေးပါဘူး။” ဟု ပညာ​ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ​ပြောသည်။

အဆိုပါ KG အတန်းမှ Grade 11 တန်းအထိရှိ ​ကျောင်းသား၊ ​ကျောင်းသူများ၏ အောင်စာရင်းကို သက်ဆိုင်ရာအခြေခံပညာကျောင်း အသီးသီးတွင် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် တက္ကသိုလ်ဝင်တန်း (Grade 12) စာ​မေးပွဲ​အောင်စာရင်းကို လာမည့်​မေ လအတွင်း ထုတ်ပြန်​ကြေညာ​ပေးသွားမည်ဖြစ်​ကြောင်း ပညာ​ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ​ပြောသည်။