လူမှုကွန်ရက်၌ သင်္ကြန်အပြီးတွင် လျှပ်စစ်မီတာခများ တိုးမြှင့်ကောက်ခံမည်ဟု သတင်းများထွက်ပေါ်နေခြင်းသည် ကောလာဟလသာဖြစ်ကြောင်း လျှပ်စစ်ဝန်ကြီးဌာနက ပြန်လည်ဖြေရှင်းထားသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက လူမှုကွန်ရက်စာမျက်နှာများတွင် လျှပ်စစ်မီတာခနှုန်းထားများ စျေးတက်မည်ဟု ရေးသားထားမှုများရှိကြောင်း၊ အဆိုပါ အ ကြောင်းအရာနှင့်ပတ်သက်၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ လတ်တလောတွင် လျှပ်စစ်မီတာခများ တိုးမြှင့်ကောက်ခံရန်မရှိသေးကြောင်း ပြန်လည်ဖြေရှင်းထားသည်။

လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှု မလုံလောက်ခြင်းကြောင့် ရန်ကုန်မြို့အပါ အဝင် နိုင်ငံတစ်ဝန်းရှိမြို့များတွင် အလှည့်ကျစနစ်ဖြင့်သာ လျှပ်စစ်မီးကိုသုံးစွဲနေရသည်။ ဧပြီလ ၂၀ ရက်နေ့တွင် ရဲရွာရေအားလျှပ်စစ် အပြစ်ဖြစ်ခဲ့ခြင်းကြောင့် ဒီတလော မီးပျက်မှု ပိုဖြစ်လာဖို့ ရှိနေသည်။

” ဧပြီလ ၂၀ ရက်နေ့တွင် ရဲရွာရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံရှိ 230 kV Circuit Breaker အပြစ်ဖြစ်ပေါ်၍ ဒီကာလတွေအတွင်း ၀န်အားထိန်းညှိ ဖြန့်ဖြူးနေရပါသည်။

မြန်မာနိုင်ငဲရဲ့ အကြီးဆုံး ဓါတ်အားစက်ရုံ ဖြစ်တာကြောင့် ထုတ်လုပ်မှုအနေအထားက သိသိသာသာ ထိုးကျသွားနိုင်ကာ ယခင် ၅၇၀၀၀ မဂ္ဂါဝပ် လောက်ထုတ်နေရာကနေမှ ၄၇၀၀၀ မဂ္ဂါဝပ်ထိကျ သွားပါမည်။ ပြင်ဆင်ဆဲကာလမှာတော့ LDC များပါဦးမည်။ ” ဟု လျှပ်စစ်ဌာနနှင့် နီးစပ်သူတွေက လှုမှုကွန်ယက်တွေက တစ်ဆင့် အသိပေးလာခဲ့သည်။