ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ခရစ်ဆက်တန်က ကွန်ဗန်ထရီနဲ့ မန်ချက်စတာ ယူနိုက်တက် တို့ရဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ် ပွဲစဉ် အတွက် အခုလို ကြိုတင် သုံးသပ် ခန့်မှန်းထားပါတယ်။

” ကွန်ဗန်ထရီ က ချန်ပီယံရှစ်မှာ အကောင်းဆုံး ပုံစံ ရနေတာ မဟုတ်ပါဘူး။ နောက်ဆုံး ကစားထားတဲ့ ၄ ပွဲမှာ ၃ ပွဲထိ ရှုံးထားပါတယ်။ ဒါပေမယ့် ကျွန်တော်က ရိုမန်တစ် ဆန်ချင်သလို အိပ်မက်ဆန်တဲ့ ပုံပြင်တွေကိုလည်း ယုံကြည် သက်ဝင်သူပါ။

မိုးပြာရောင်တွေ (ကွန်ဗန်ထရီ) ရဲ့ နည်းပြ မာ့ခ် ရိုဘင်စ် က ဒီပွဲကိုသာ နိုင်လိုက်ရင် သူ့ အသင်းဟောင်း (ယူနိုက်တက်) ကို အနိုင်ရတာလည်း ဖြစ်လာမှာပါ။

ယူနိုက်တက်ဖန် တချို့က ကျွန်တော် သူတို့ ရှုံးမယ်လို့ ခန့်မှန်းတိုင်း သိပ် ဒေါသထွက်လေ့ ရှိတယ်။ ပြီးခဲ့တဲ့ အပတ် တုန်းက ဘုန်းမောက် သူတို့ကို နိုင်မယ် ပြောခဲ့တုန်းကလိုပေါ့။

ဒါပေမယ့် အဲဒီပွဲ ကျွန်တော် ပွဲရလဒ် မမှန်ခဲ့သည့်တိုင် ယူနိုက်တက်ရဲ့ စွမ်းဆောင်ရည်က အတော် ညံ့ဖျင်းတဲ့ ပွဲ တစ်ပွဲ ဖြစ်ခဲ့တယ်။ ကျွန်တော် သူတို့ အကြောင်း သုံးသပ်ခဲ့တာတွေ မှန်ခဲ့တယ်။

ယူနိုက်တက်က ကွန်ဗန်ထရီ ကို သက်တောင့်သက်သာ အနိုင်ရသင့်ပါတယ်။ ဒါပေမယ့် သူတို့က ဒီတစ်ရာသီလုံး ခြေစွမ်း မငြိမ်ဖြစ်နေတယ်။ အခုမှ ချက်ချင်းကြီး သူတို့ကို ယုံကြည်လောက်စရာလို့ ကျွန်တော် မတွေးနိုင်ဘူး။

ဒီပွဲမှာ ကျွန်တော် နည်းနည်းတော့ စိတ်ကူးယဉ် ဆန်ကြည့်မယ်ဗျာ။ ဒီတပတ်ပွဲမှာ ကိုဗင်ထရီ နိုင်လိုက်တယ် ဆိုရင် ဘယ်လို နေ့ကောင်းရက်သာများ ဖြစ်သွားဦးမလဲ။ ” လို့ ဆက်တန်က သုံးသပ်သွားပါတယ်။

ခရစ်ဆက်တန်ရဲ့ ပွဲ ခန့်မှန်းရလဒ်ကတော့ ကွန်ဗန်ထရီ ၂-၁ မန်ချက်စတာ ယူနိုက်တက် ဖြစ်ပါတယ်။