လီဗာပူးအသင်းဟာ ကလော့ပ်နေရာ အစားထိုးဖို့ နည်းပြသစ် ရှာဖွေနေခဲ့ကာ ဒီ ၂ ပတ်အတွင်း အင်တာဗျူးတွေ စတင် လုပ်ဆောင်တော့မှာ ဖြစ်ပါတယ်။

အမ်မိုရင်း အပြင် လီဗာပူးနည်းပြသစ် ဖြစ်လာနိုင်တဲ့ ရေပန်းစား စာရင်းမှာတော့ ဘရိုက်တန်နည်းပြ ဒီဇာဘီက ဒုတိယနေရာမှာ ရှိနေပါတယ်။ ထူးထူးခြားခြား အနေနဲ့ တတိယနေရာကို ရောက်လာသူကတော့ နယ်သာလန်ကလပ် ဖီယင်နုအသင်းနည်းပြ အန်းစလော့ဖြစ်ပါတယ်။

လီဗာပူး နည်းပြသစ်ဖြစ်လာဖို့ ရေပန်းစားသူများ

  • Amorim (2/7)
  • Roberto De Zerbi (12/1)
  • Arne Slot (12/1)

ရာသီစတုန်းက စပါးအသင်းကို ကိုင်တွယ်မယ်လို့ သတင်းကြီးခဲ့တဲ့ အန်းစလော့ဟာ အသက် ၄၅ နှစ်အရွယ်ဖြစ်ပြီး သူ့ကစားသမားဘဝ တစ်ခုလုံးကို နယ်သာလန်မှာပဲ ကုန်ဆုံးခဲ့သလို နည်းပြဘဝကိုလည်း နယ်သာလန်မှာပဲ စတင်ခဲ့သူဖြစ်ပါတယ်။

မနှစ်ကရာသီ နယ်သာလန် အမှတ်ပေးဖလား အနိုင်ရခဲ့ကာ ကွန်းဖရန့်လိဂ်မှာ ဒုတိယနေရာ ရခဲ့ပါတယ်။ ဒီရာသီမှာတော့ သူ ဦးဆောင်တဲ့ ဖီယင်နုဟာ ပြည်တွင်း အမှတ်ပေးဇယား ဒုတိယနေရာမှာ ရှိနေပါတယ်။

လီဗာပူးဒေတာအဖွဲ့က သူ့ရဲ့ တိုက်စစ်ကစားဟန်ကို သဘောကျနေကြောင်း အသံတွေ ကျယ်လောင်လာအပြီးမှာ စလော့ဟာ အသင်းနည်းပြသစ်ဖြစ်လာဖို့ ရေပန်းစားမှု တတိယနေရာထိ ရောက်လာခဲ့ပါတယ်။