ဧပြီ ၂၈ ရက် – ညနေ ၄ နာရီခွဲမှာတော့ ကမ္ဘာ့အပူဆုံး ၁၅ မြို့စာရင်းထဲမှာ မြန်မာနိုင်ငံမှ မြို့ ၅ မြို့ထိ ပါဝင်လာခဲ့ပါပြီ။

ကမ္ဘာ့အပူချိန်နဲ့မိုးရေချိန်တွေကို တိုင်းတာထုတ်ပြန်တဲ့ အယ်ဒိုရာဒို ရာသီဥတု ဝက်ဘ်စာမျက်နှာကနေ ဧပြီ ၂၈ ရက်နေ့မှာတော့ မြန်မာနိုင်ငံ မြို့ ၅ မြို့ဟာ ကမ္ဘာ့အပူဆုံး ထိပ်တန်း ၁၀ မြို့စာရင်းထဲထိ ပါဝင်လာကြောင်း ကြေညာထားပါတယ်။

ကမ္ဘာ့အပူချိန်အမြင့်ဆုံး မြို့တွေထဲမှာ မြန်မာနိုင်ငံ မကွေးတိုင်းက ချောက်မြို့နယ်၊ မကွေးမြို့နယ်၊ မင်းဘူးမြို့နယ်တို့ ပါဝင်လာပါတယ်။ စစ်ကိုင်းတိုင်းမှ စစ်ကိုင်းမြို့နဲ့ မန္တလေးတိုင်းက ညောင်ဦးမြို့နယ်တို့လည်း ပါဝင်ခဲ့ပါတယ်။

ချောက်မြို့က အပူချိန် ၄၇၅ ဒသမ ၂ ဒီဂရီဆဲလ်ဆီးယပ်ဖြင့် ကမ္ဘာ့အပူချိန်အမြင့်ဆုံး ၁၅ မြို့ထဲမှာ နံပါတ် ၁ နေရာကို ရောက်လာခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အပူချိန်တွေ ဆက်တိုက်မြင့်လာနိုင်တာကြောင့် အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ အပူရှပ်တာ၊ အပူကြောင့်လေဖြတ်တာ၊ အပူကြောင့် သွေးလန့်တာနဲ့ ကြွက်တက်တာတွေ ဖြစ်နိုင်တယ်လို့ အထွေထွေ‌ရောဂါကု ဆရာဝန်ကြီးတွေက သတိပေးထားကြပါတယ်။