ချယ်ဆီးအသင်းဟာ နည်းပြပိုချက်တီနိုကို ရာထူးကနေ ထုတ်ပယ်ပြီး မန်နေဂျာသစ်နဲ့ ရှေ့ဆက်ဖို့ ပြင်ဆင်နေကြောင်း သတင်းတွေ ထွက်ပေါ်နေပေမယ့် အမ်မိုရင်းကို စကားပြောနေခြင်း မရှိဘူးလို့ သိရပါတယ်။

ချယ်ဆီးဟာ လီဗာပူး၊ ဝက်စ်ဟမ်းတို့နဲ့ ညိနှိုင်းစကားပြောမှု အဆင်မပြေခဲ့တဲ့ အမ်မိုရင်းကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ သဘောကျနေကြောင်းနဲ့ သူ လန်ဒန်ကို လာဖို့ သီးသန့်လေယာဉ်ကို ချယ်ဆီးဘက်က ဌားပေးခဲ့တာလို့ ဖော်ပြမှုတွေ ရှိလာနေတယ်။

နာမည်ကြီး ချယ်ဆီး သတင်းထောက် Matt Law ကတော့ ” ချယ်ဆီးအသင်းဟာ ပြီးခဲ့တဲ့အပတ် လန်ဒန်ကို အမ်မိုရင်း လာနိုင်ဖို့ လေယာဉ် စီစဉ်ပေးခဲ့ခြင်း မရှိသလို သူနဲ့ ဆွေးနွေး စကားပြောနေတာမျိုးလည်း လုံးဝ မရှိထားပါဘူး ” လို့ ဖော်ထုတ်လာတာပါ။

အာဆင်နယ်ကို ၅-၀ ရလဒ်မျိုးထိ အရှက်တကွဲ ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် ချယ်ဆီးတာဝန်ရှိသူတွေဟာ ပိုချက်တီနိုရဲ့ ဦးဆောင်နိုင်မှုကို သံသယတွေ ဝင်လာနေခဲ့ပါတယ်။

ဒါပေမယ့် ပိုချက်တီနိုကို ထုတ်ပယ်မယ်ဆိုရင် လျှော်ကြေး အများအပြား ပေးရမှာဖြစ်သလို အမ်မိုရင်းအတွက် စပို့တင်းကိုလည်း ပြောင်းရွှေ့ကြေးတွေ ပေးရဦးမှာမို့ ဘဏ္ဍာရေးပိုင်း အကန့်အသတ်ရှိနေတဲ့ ချယ်ဆီးအတွက် အခက်တွေ့နေတာ ဖြစ်ပါတယ်။