မန်စီးတီး တိုက်စစ်သမား အဲဗာရက်စ်ကို တရားဝင် ချိတ်ဆက်မှု ပြုလုပ်ဖို့ ချယ်ဆီးဘက်က ပြင်ဆင်နေပါပြီ။

လီဗာပူးအသင်းဟာ အတ္တလန်တာ ကွင်းလယ်လူ အန်ဒါဆန်ကို ယူရို ၄၅ သန်းဖြင့် ခေါ်ယူဖို့ ချိတ်ဆက်နေပါတယ်။

ယူနိုက်တက်ဟာ ကွင်းလယ်လူ မိုင်နူးကို တပတ်လုပ်ခ ပေါင် ၆ သောင်းပေးမယ့် သက်တမ်းတိုးစာချုပ် ပေးနိုင်ဖို့ အားထုတ်နေပါတယ်။

စပိန် လူစာရင်းကနေ ဖယ်ထုတ်ခံလိုက်ရတဲ့ ခံစစ်သမား အဲလက်စ် ဂါစီယာကို လေဗာကူဆင်နဲ့ ဝက်စ်ဟမ်းတို့က အပြိုင် ချိတ်ဆက်နေပြီး မကြာခင်မှာ ကစားသမားက အနာဂတ်ကိစ္စ အဆုံးအဖြတ် ပေးတော့မှာပါ။

မန်ချက်စတာ ယူနိုက်တက်ဟာ တန်ဟက်ကို အစားထိုးဖို့ဖြစ်လာခဲ့ရင် ကလပ်ရဲ့ ဦးစားပေး နည်းပြအဖြစ် ဆောက်ဂိတ်ကို ရွေးချယ်ထားပါပြီ။

ချယ်ဆီးခံစစ်မှူးသစ် ဖြစ်လာတဲ့ တိုဆင်ကို ယူနိုက်တက်က နောက်ဆုံး အချိန်မှာ ဝင်ရောက် ကမ်းလှမ်းသေးပေမယ့် ခံစစ်သမားက သူ့ကတိကိုပဲ တည်လိုခဲ့ပါတယ်။

ပရီးမီးယားလိဂ်ကလပ် မန်စီးတီး၊ အာဆင်နယ်၊ ယူနိုက်တက်တို့ စောင့်ကြည့်မှု လုပ်ထားကြတဲ့ ကွင်းလယ်လူ ဂျာအို နီဗက်စ်အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၁၂၀ ရမှ လက်လွတ်ဖို့ ဘင်ဖီကာဘက်က ဆုံးဖြတ်ထားပါတယ်။

ရီးရဲလ်လက်ထောက်နည်းပြ အန်ဆယ်လော့တီကို ပရီးမီးယားလိဂ် တန်းတက်ကလပ် လက်စတာနဲ့ ပြင်သစ်ကလပ်တွေက ချိတ်ဆက်မှု လုပ်ဆောင်နေပါတယ်။

နယူးကာဆယ်၊ အက်စတွန်ဗီလာတို့က အလိုရှိနေတဲ့ ဂျူဗင်တပ် ကစားသမား ချီယေဆာကို ဒီနွေမှာ ယူရို သန်း ၄၀ ဖြင့် ခေါ်ယူနိုင်ခွင့် ရှိနေပါတယ်။

ပရီးမီးယားလိဂ်ကလပ်တွေ စိတ်ဝင်စားနေတဲ့ ဝက်ဇ်ကို ၂၀၂၅ မှာ ခေါ်ယူနိုင်ရေး ဘာစီလိုနာကလည်း ပစ်မှတ်ထားလာပါတယ်။

ဂီတာဖေးအသင်းထံ အငှားထွက်ကစားနေတဲ့ ယူနိုက်တက် တိုက်စစ်သမား ဂရင်းဝုဒ်ဟာ လာမယ့်ရာသီ ဂျူဗင်တပ်ထံ ပြောင်းရွှေ့နိုင်တယ်လို့ သိရပါတယ်။