အာဆင်နယ်၊ ချယ်ဆီး၊ ယူနိုက်တက်တို့နဲ့ သတင်းထွက်နေတဲ့ လိုက်ဇစ် တိုက်စစ်မှူး ဆက်ကိုဟာ မကြာခင် သူ့ရဲ့ အနာဂတ်ကို ဆုံးဖြတ်ချက် ချသွားဖို့ ရှိပါတယ်။
အာဆင်နယ် အသင်းဟာ အကယ်ဒမီ မှ ကစားသမား ၃ ဦးကို နောက်ဆုံးမိနစ်ထိ အသင်းနဲ့ သက်တမ်းတိုးဖို့ ညှိနှိုင်း ဆွေးနွေးနေပါတယ်။ ထို ၃ ဦးကတော့ Karl Hein, Amario Cozier-Duberry နဲ့ Reuell Walter တို့ ဖြစ်ပါတယ်။
အာဆင်နယ်ဟာ နာပိုလီအသင်းက ဗစ်တာ အိုဆီမန်အတွက် တောင်းဆိုထားတဲ့ စာချုပ်လျော်ကြေး ယူရိုသန်း ၁၃၀ ကို ပေးချေလိုတဲ့ ဆန္ဒမရှိကြောင်း အသိပေးခဲ့တယ်လို့ သိရပါတယ်။
အာဆင်နယ် အသင်း ကွင်းလယ်ကစားသမားဟောင်း ကာဇိုလာ ကတော့ အာတီတာရဲ့ နည်းပြအဖွဲ့ဝင် လာရောက် တာဝန်ထမ်းဆောင်ဖို့ ဆွေးနွေးနေပြီ ဖြစ်ပါတယ်။
အက်စတန် ဗီလာဟာ အာဆင်နယ်၊ ဂျူဗင်တပ်နဲ့ အေစီမီလန်တို့ ခေါ်ယူဖို့ ပစ်မှတ်ထားခြင်းခံနေရတဲ့ ကွင်းလယ် ကစားသမား ဒေါက်ဂလပ်စ် လူးဝစ်ဇ်အတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၅၀ တောင်းဆိုလိုက်ပါတယ်။
အာဆင်နယ်ကနေ ချယ်ဆီးထံ ပြောင်းရွှေ့ခဲ့တဲ့ အိုမာရီ ဟတ်ချင်ဆွန် ဟာ ချယ်ဆီး အရောင်းတင်တဲ့ ကစားသမားတွေ ထဲ ပါဝင်နေပါတယ်။ ဟတ်ချင်ဆွန် အတွက် ချယ်ဆီးက ပေါင် သန်း ၃ဝ လောက်ထိ လိုချင်နေပြီး တကယ် ရောင်းချဖြစ်ခဲ့ရင် အာဆင်နယ်က စာချုပ်ပါ သဘောတူညီမှု အရ ပြောင်းရွှေ့ကြေး တဝက်လောက် ရမယ် လို့ သိရပါတယ်။