ပြည်တွင်းရွှေဈေးနှုန်း ထိန်းချုပ်နိုင်ဖို့ ရွှေဆိုင်တွေကို ရှောင်တခင် ဝင်ရောက်စစ်ဆေးမှုတွေ ပြုလုပ်နေပြီး အစစ်ဆေးကြမ်းနေတာကြောင့် အရောင်းအဝယ် မလုပ်ရဲကြဘူးလို့ ဈေးကွက်အတွင်းက သိရပါတယ်။

ပြင်ပ ရွှေဈေးကွက်အတွင်းမှာတော့ အခေါက်ရွှေ တကျပ်သာ ကျပ် ငါးဆယ့်နှစ်သိန်း ရှစ်သောင်းဝန်းကျင် ပေါက်ဈေးရှိနေတယ်လို့ သိရပြီး တရားဝင် ဝယ်ရောင်းလုပ်ဆောင်ကြခြင်း မရှိဘဲ အခေါက်စျေးကွက် ပိတ်ထားကြပါတယ်။

ယနေ့ ရွှေဈေး (ဇွန်လ ၁၁ ရက်၊ နံနက် ၉ နာရီ)

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၃၀၄ ဒေါ်လာ

ရန်ကုန်တိုင်းရွှေအသင်း အဖွင့်ဈေးနှုန်း
– အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၄၆၈၂၉၈၁ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။