ဖီဖာ ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ပါဝင် ယှဉ်ပြိုင်မှာ မဟုတ်ကြောင်း နည်းပြအန်ဆယ်လော့တီ ထုတ်ပြောမှုဟာ နားလည်မှုလွဲမှားခြင်းဖြစ်ကြောင်း ရီးရဲလ်မက်ဒရစ်က တရားဝင် သတင်းထုတ်ပြန်ပါတယ်။

၂၀၂၂ ခုနှစ် ချန်ပီယံလိဂ်ဖလား အောင်မြင်သူတွေအဖြစ် အမေရိကန်မှာ ကျင်းပမယ့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ဖို့ ရီးရဲလ်မက်ဒရစ် အသင်း ဖိတ်ခေါ်ခံထားရတာပါ။ ပုံစံသစ်နဲ့ ပြိုင်ပွဲကို ကလပ် ၃၂ သင်း ပါဝင် ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

ဒါပေမယ့် ပြိုင်ပွဲရဲ့ ဆုကြေးက သိပ်နည်းပါးလွန်းတာကြောင့် သာမာန်ပွဲတစ်ပွဲတင်ကို ယူရို သန်း ၂၀ လောက်ရတဲ့ ရီးရဲလ်မက်ဒရစ်က ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ပါဝင်ဖွယ် မရှိကြောင်းကို အန်ဆယ်လော့တီက ထုတ်ပြောခဲ့တာပါ။

နာရီပိုင်းအကြာမှာပဲ ရီးရဲလ်မက်ဒရစ်က ကမ္ဘာတဝန်းက သန်းပေါင်းများစွာသော ပရိသတ်တွေအတွက် ဖလားသစ်ကြီးကို ရယူပေးဖို့ ဖီဖာကလပ်ကမ္ဘာ့ဖလားမှာ ပါဝင် ယှဉ်ပြိုင်ပါမယ်လို့ ကြေညာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ယူအီးအက်ဖ်အေနဲ့ ဖီဖာတို့ဟာ သူတို့ရဲ့ ကလပ်ဖလား ပြိုင်ပွဲတွေကို ပွဲစဉ်တွေ ထပ်ချဲ့နေတာက ကစားသမားတွေရဲ့ ကြံ့ခိုင်မှုကို အကြီးအကျယ် ခြိမ်းခြောက်နေတယ်လို့ ဘောလုံးသမားများကွန်ယက်က သတိပေးထားတာ ဖြစ်ပါတယ်။