အာဆင်နယ် အသင်းဟာ ဒီနွေမှာ တိုက်စစ် အားဖြည့်မှုတွေ လုပ်ဖို့ ရည်မှန်းထားသလို လက်ရှိ အသင်း လူစာရင်းကနေလည်း ရှင်းထုတ်မှု အနည်းငယ်ကိုလည်း ပြုလုပ်သွားဖို့ ရှိနေပါတယ်။

အာဆင်နယ်ကနေ တီရာနေး၊ တိုမီယာဆု၊ ကီဝီအာတို့ကို ရောင်းချနိုင်ကြောင်း သတင်းတွေ ထွက်နေသလို နောက်ထပ် ကစားသမား ၃ ဦး ရောင်းဖို့ အတွက်လည်း ဂန်းနားတို့ လှုပ်ရှားနေပြီ လို့ သိရပါတယ်။

ပထမဆုံး တစ်ယောက်ကတော့ သောမတ်စ် ပါတေး ဖြစ်ပြီး အသက် ၃၁ နှစ်အရွယ် ကွင်းလယ်ကစားသမား ဟာ ဒီနွေမှာတော့ အာဆင်နယ်ကနေ ထွက်ခွာသွားတော့မှာပါ။ ဆော်ဒီကလပ် အများအပြားက ပါတေးကို ချိတ်ဆက်နေကြပြီး ပေါင် ၂၅ သန်း ဝန်းကျင်ဖြင့် ပြောင်းရွှေ့သွားဖို့ နီးစပ်နေပါပြီ။

ပါတေး အပြင် တောင်ပံ တိုက်စစ် သမား နယ်ဆန်ကလည်း ဒီနွေမှာတော့ ပုံမှန်ကစားခွင့်အတွက် အသင်းပြောင်းတော့မှာပါ။ ကစားသမားရဲ့ အေးဂျင့်တွေဘက်က နယ်ဆန်အတွက် အကောင်းဆုံးဖြစ်မယ့် အသင်းမျိုးကို ရနိုင်ဖို့ အကဲဖြတ်မှု လုပ်ဆောင်ပြီ လို့ သိရပါတယ်။

ထို နှစ်ဦး အပြင် စမစ်ရိုး ကလည်း အသင်း ပြောင်းဖို့ များနေပါတယ်။ ပရီးမီးယားလိဂ်ကလပ် များစွာက စိတ်ဝင်စား နေတဲ့ စမစ်ရိုး ကို အာဆင်နယ်ဘက်ကလည်း ပြောင်းရွှေ့ကြေး ပေါင် သန်း ၃၀ ရမယ် ရောင်းချမှာပါ။

ကစားသမား ဝယ်ယူမှု အပိုင်းမှာတော့ အာဆင်နယ်က တိုက်စစ်သမားတွေနဲ့ ခြေရှုပ်နေသလို တိကျ ရေရာတဲ့ အနေအထား ရောက်တဲ့ ကစားသမား မရှိနေသေးပါဘူး။