ကစားကွက်ချိန်းသွားမယ့် အင်္ဂလန်

အင်္ဂလန်အသင်းဟာ ကွာတားဖိုင်နယ်မှာ ခံစစ်ပိုင်းအား ၃ ယောက်တန်း ပုံစံကို ပြောင်းလဲ ကစားမှာဖြစ်သလို ၃-၅-၂ ကစားကွက်ကို အခြေခံပြီး ပွဲထုတ်မယ်လို့ သိရပါတယ်။

အထောင်တိုက်စစ်မှာ ဟယ်ရီကိန်းနဲ့ တိုနေးတို့ကို တွဲသုံးမှာဖြစ်ပြီး အစွန်-တောင်ပံသမား ၂ ဦးလည်း ပါဝင်လာဦးမှာပါ။

ရော်နယ်ဒိုအတွက် အောင်မြင်လိုတဲ့ ပေါ်တူဂီ

ယူရိုပြိုင်ပွဲဟာ ရော်နယ်ဒိုအတွက် နောက်ဆုံးပြိုင်ပွဲဖြစ်တာကြောင့် သူ့အတွက် အသင်းသားတွေက အောင်မြင်မှုကို လက်ဆောင်အဖြစ်ပေးဖို့ ဆန္ဒရှိနေကြတာပါ။

ပေါ်တူဂီအသင်းဟာ ယူရို ၂၀၁၆ မှာ ရော်နယ်ဒိုရဲ့ ဦးဆောင်မှုနဲ့ ဗိုလ်စွဲခဲ့တဲ့နောက်ပိုင်း ပြိုင်ပွဲကြီးတွေမှာ အောင်မြင်မှုရဖို့ ရုန်းကန်နေရပါတယ်။ ပေါ်တူဂီအသင်းဟာ ယူရို ၂၀၁၆ တုန်းက ပြင်သစ်မြေမှာ ပြင်သစ်အသင်းကို အနိုင်ယူပြီး ဗိုလ်စွဲခဲ့ဖူးပါတယ်။

နောက်ဆုံးပြိုင်ပွဲကြီးကို အာရုံစိုက်နေတဲ့ ခရူးစ်

အသက် ၃၄ နှစ်အရွယ်ရှိ တိုနီခရူးစ်ဟာ ယူရိုပြိုင်ပွဲအပြီးမှာ ကစားသမားဘဝကနေ အနားယူမှာဖြစ်လို့ ဒီပြိုင်ပွဲဟာ သူ့အတွက် နောက်ဆုံးပြိုင်ပွဲပဲ ဖြစ်ပါတယ်။

တိုနီခရူးစ်ဟာ ၂၀၁၄ ကမ္ဘာ့ဖလား ရဖူးသလို ကလပ်အသင်းနဲ့လည်း ဆုဖလား ၂၀ ကျော် ရထားလို့ ယူရိုပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ပဲ ကျန်ပါတော့တယ်။ ကစားသမားကြီးကတော့ လက်တလော ကစားနေသေးတဲ့ ယူရိုအတွက်ပဲ အာရုံစိုက်နေပါတယ်။

ပေါ်တူဂီပွဲအတွက် အသင့်ဆိုတဲ့ ပြင်သစ်နည်းပြ

ပြင်သစ်အသင်းဟာ ပေါ်တူဂီနဲ့ပွဲအတွက် အသင့်ဖြစ်နေပြီဖြစ်ကြောင်း လက်ထောက်နည်းပြ စတီဗင်က ပြောပါတယ်။ ပြိုင်ပွဲမစမီက ရေပန်းစားခဲ့တဲ့ အသင်းထဲမှာ ပြင်သစ် ပါဝင်ခဲ့ပေမဲ့ လက်ရှိအချိန်ထိတော့ ချန်ပီယံ ခြေစွမ်းမပြနိုင်သေးပါဘူး။

ပြင်သစ်အသင်းဟာ ယူရိုပြိုင်ပွဲမှာ ဂိုး ၃ ဂိုးသာ ရထားပြီး အဲဒီဂိုးတွေက ပင်နယ်တီ ၁ လုံး၊ ပြိုင်ဘက်အသင်းတွေရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူမှုကြောင့် ၂ ဂိုးရခဲ့တာ ဖြစ်ပါတယ်။