ယနေ့ ဇူလိုင် ၅ ရက်နေ့မှာ ကမ္ဘာ့ရွှေ အမြင့်တန်းမှာ ဆက်ရှိနေခြင်းနဲ့အတူ ပြည်တွင်းရွှေ အမြင့်တန်းမှာ ဆက်ရှိနေပါတယ်။ ပြည်တွင်းရွှေစျေးတန်း နှစ်ခုရဲ့ ကွာဟချက်ကလည်း ဆက်လက် ကြီးမားနေဆဲဖြစ်ပါတယ်။
ရွှေဆိုင်များ ရွှေလုပ်ငန်းရှင်များအားလုံး သတ်မှတ်စျေးဖြင့်သာ အရောင်းအဝယ် ပြုလုပ်ကြဖို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက သတိပေးချက် ထုတ်ပြန်ထားပါတယ်။
ယနေ့ ပြည်တွင်းရွှေဈေး (ဇူလိုင်လ ၅ ရက်၊ သောကြာနေ့ နံနက် ၉ နာရီ)
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၃၅၈ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း အဖွင့်ဈေးနှုန်း
– အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၄၅၄၅၉၂၂ ကျပ်
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
၅၅၃၀၀၀၀ ကျပ်
– ၁၅ပဲရည် (ပြင်ပစျေးကွက်)
၅၂၀၀၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။