ယူရို ပြိုင်ပွဲ ကွာတားဖိုင်နယ် ပွဲစဉ် အဖြစ် လာမယ့် စနေနေ့ညမှာ အင်္ဂလန်အသင်းနဲ့ ဆွစ်ဇာလန် အသင်းတို့ ယှဉ်ပြိုင် ကစားကြတော့မှာ ဖြစ်ပါတယ်။
ဆလိုဗက်ကီးယားကို အသည်းအသန် ကန်ပြီး ကွာတားတက်လာတဲ့နောက် အင်္ဂလန် နည်းပြ ဆောက်ဂိတ်က ဆွစ်ဇာလန်နဲ့ ပွဲစဉ်မှာ ကစားကွက်သစ် ပြောင်းလဲ အသုံးပြုမယ်လို့ သတင်းထောက် မတ်လောက ဖော်ထုတ် လာပါတယ်။
အင်္ဂလန်အသင်းဟာ ခံစစ်ပိုင်းအား ၃ ယောက်တန်း ပုံစံကို ပြောင်းလဲ ကစားမှာဖြစ်သလို ၃-၅-၂ ကစားကွက်ကို အခြေခံပြီး ပွဲထုတ်မယ်လို့ သိရပါတယ်။ ဒီကစားကွက်မှာ အာဆင်နယ် တိုက်စစ်သမား ဆာကာက နောက်ဆင်း ကစားပေးရမှာပါ။
ဆွစ်ဇာလန်ပွဲအတွက် အင်္ဂလန်အသင်း ဖြစ်လာဖွယ် လူစာရင်း (၃-၅-၂)
ပစ်ဖိုဒ့်၊ ထရန့်၊ ဝေါ်ကာ၊ စတုန်း၊ ကွမ်ဆာ၊ ဆာကာ၊ ရိုက်စ်၊ ဖိုဒန်၊ ဘယ်လင်ဟမ်၊ တိုနေး၊ ဟယ်ရီကိန်း။
အဝါကတ် ၂ ကြိမ်ကြောင့် ပွဲပယ်ခံရမယ့် ဂူဟီနေရာမှာ ကွန်ဆာကို ထည့်ကစားမှာဖြစ်ကာ ဝေါ်ကာ၊ စတုန်းတို့နဲ့ ၃ ယောက်တန်း ခံစစ်ကို ဖန်တီးမှာပါ။
ထရန့်၊ ထရစ်ပီယာ၊ လုရှောနဲ့ ဆာကာတို့ကတော့ အစွန် တောင်ပံသမားတွေအဖြစ် ကစားခွင့်ရမှာ ဖြစ်ပါတယ်။
နည်းပြ ဆောက်ဂိတ်ဟာ ဘယ်လင်ဟမ်နဲ့ ဖိုဒန်တို့ နှစ်ဦးကို ကွင်းလယ် နံပါတ် ၁၀ နေရာတွေက ကစားခွင့်ပေးပြီး ရိုက်စ်က အတွင်းထဲမှာ တစ်ဦးတည်း တာဝန်ယူ ကစားရမှာဖြစ်ပါတယ်။
တိုက်စစ်ကိုတော့ ဟယ်ရီကိန်း တစ်ဦးတည်း အထောင်ထားတာမျိုး မလုပ်တော့ဘဲ ဆလိုဗက်ကီးယားပွဲမှာ လူစားဝင်လာပြီး စွမ်းဆောင်ရည်ကောင်းခဲ့တဲ့ တိုနေးနဲ့ တွဲဘက်ပေးဖွယ်ရှိတယ်လို့ သိရပါတယ်။