ရာထူးက ထွက်သွားတဲ့ ဆောက်ဂိတ်ရဲ့ အင်္ဂလန်နည်းပြရာထူးမှာ အစားထိုးဖို့ သတင်းထွက်နေသူတွေထဲ နယူးကာဆယ်နည်းပြ အတ်ဒီဟောင်လည်း ပါဝင်လာပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ တိုက်စစ်မှူး အမ်ဘာပေကို ပရိသတ်တွေနဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။ ပြင်သစ်သားဟာ ကျောနံပါတ် ၉ ဝတ်ဆင်မှာ ဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ လိုင်လီ ခံစစ်မှူး ယိုရိုအတွက် ကြိုးစားတော့မှာ မဟုတ်ဘဲ ပြင်သစ်သားက ရီးရဲလ်မက်ဒရစ်ကိုပဲ ပြောင်းလိုကြောင်း နားလည်ခဲ့ပါပြီ။
ယူနိုက်တက် လီဗာပူးတို့ အလိုရှိနေတဲ့ ဘင်ဖီကာ ကွင်းလယ်လူ ဂျာအို နီဗက်စ်ကို ပီအက်စ်ဂျီဘက်က ယူရို ၇၅ သန်း ဝန်းကျင်နဲ့ ကမ်းလှမ်းတော့မှာပါ။
ဟွမ်ဟီချန်အတွက် မာဆေးအသင်းရဲ့ ယူရို သန်း ၂၀ ဖြင့် ကမ်းလှမ်းမှုကို ဝုဗ်အသင်းက ပယ်ချလိုက်ပြီ ဖြစ်ပါတယ်။
လာလီဂါကလပ် ဆီးဗီးလာအသင်းဟာ အာဆင်နယ် ကစားသမား လိုကွန်ဂါကို တစ်ရာသီ အငှားဖြင့် ခေါ်ယူလိုက်ပါပြီ။ ရာသီကုန်ရင် ယူရို ၁၂ သန်းဖြင့် အပြီးသတ် ခေါ်ယူခွင့် ပါဝင်ပါတယ်။
မန်စီးတီးဘက်ကတော့ သူတို့ဟာ လိုက်ဇစ် ကွင်းလယ်လူ အော်မိုအတွက် ကြိုးစားနေခြင်း မရှိဘူးလို့ ထပ်မံ ငြင်းဆန်ပါတယ်။
ဘာစီလိုနာဟာ ဘီဘာအို တိုက်စစ်သမား နီကိုး ဝီလီယမ်ကို ခေါ်ယူဖို့ အားစိုက်နေသလို ပရီးမီးယားလိဂ်ကလပ် အချို့ကလည်း ဝင်ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။
ဂျူဗင်တပ်နဲ့ ဒေါ့မွန်အသင်းတို့ဟာ ယူနိုက်တက် တိုက်စစ်သမား ဆန်ချိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြဆဲ ဖြစ်ပါတယ်။
မန်စီးတီး ဂိုးသမား အီဒါဆန်ဟာ ရာသီကြို ပြင်ဆင်ရေးအတွက် ပြန်ပြီး သတင်းပို့ခဲ့ပါပြီ။ ဆော်ဒီဘက်က သူ့ကို ခေါ်ယူချင်နေပေမယ့် စီးတီးကတော့ ဘရာဇီး ဂိုးသမားကို ဆက်ထိန်းလိုနေပါတယ်။
ခံစစ်မှူး ဗန်ဒန်ဘတ်ဟာ နယ်သာလန်ကလပ် ပီအက်စ်ဗီအသင်းထံ ပြောင်းနိုင်ရေး သူ့ရဲ့ ပြောင်းရွှေ့ကြေးကို လျော့ချပေးဖို့ လီဗာပူးအသင်းအား တောင်းဆိုခဲ့ပါတယ်။
ပေါ်တူဂီ တိုက်စစ်မှူး ဂျာအိုဖီးလစ်ကို ခေါ်ယူလိုတဲ့ ကလပ်တွေထဲ အာဆင်နယ်လည်း ပါဝင်လာပါတယ်။
အာဂျင်တီးနား တိုက်စစ်သမား ဒီမာရီယာနဲ့ ဂျာမနီတိုက်စစ်သမား သောမက်စ် မူလာတို့ဟာ လက်ရွေးစင် ကစားသမားတွေအဖြစ်က အနားယူခဲ့ကြပါပြီ။