ကမ္ဘာ့ရွှေပြန်တက်လာပေမယ့် ပြည်တွင်းရွှေစျေးကွက်ကတော့ အရောင်းအဝယ် အေးနေဆဲဖြစ်ကြောင်း စျေးကွက်တွင်းက စုံစမ်းသိရှိရပါတယ်။

ရွှေအသင်းစျေးပဲ တရားဝင် ဖွင့်ခွင့်ရထားချိန် အပြင်တန်းမှာ ရွှေစျေး အမျိုးမျိုး ဖြစ်နေခြင်းကြောင့် ဝယ်သူတွေဟာ နားလည်ရခက်ခဲတဲ့ ရွှေစျေးကွက်အစား အခြားသော ရင်းနှီးမြုပ်နှံမှုတွေကို ပိုမို ရွေးချယ်လာကြပါတယ်။

ယနေ့ ပြည်တွင်းရွှေဈေး (ဇူလိုင်လ ၂၉ ရက်၊ တနင်္လာနေ့)

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၃၉၂ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း အဖွင့်ဈေးနှုန်း
– အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၄၆၀၉၇၀၂ ကျပ်

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
၆၁၉၀၀၀၀ ကျပ်

– ၁၅ပဲရည် (ပြင်ပစျေးကွက်)
၅၈၂၀၀၀၀ ကျပ်