ယနေ့ ပြည်တွင်းရွှေစျေးဟာ ဒေါ်လာအတက်နဲ့အတူ အမြင့်ဆုံးတန်းကို ရောက်လာခဲ့ကာ အခေါက်ရွှေ ၁ ကျပ်သားကို ကျပ် ၆၅ သိန်း ဝန်းကျင်ကို ရောက်လာနေပါတယ်။
ကမ္ဘာ့ရွှေနဲ့ ရွှေအသင်းစျေးတွေကတော့ အပြောင်းအလဲ သိပ်မရှိလှသလို ထွက်ပေါ်နေတဲ့ ပြင်ပပေါက်စျေးနဲ့လည်း အရောင်းအဝယ် ဖြစ်တာမျိုး နည်းပါးပါတယ်။ အခုချိန်ဟာ စျေးကွက်ထဲဝင်ဖို့ သတိပြုရမယ့် အချိန်ဖြစ်တယ်လို့ ဝါရင့် ရွှေလုပ်ငန်းရှင်တွေက သတိပေးထားပါတယ်။
ယနေ့ ပြည်တွင်းရွှေဈေး (ဇူလိုင်လ ၃၀ ရက်၊ အင်္ဂါနေ့)
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၃၉၅ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း အဖွင့်ဈေးနှုန်း
– အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၄၆၄၃၄၆၄ ကျပ်
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
၆၅၀၀၀၀၀ ကျပ်
– ၁၅ပဲရည် (ပြင်ပစျေးကွက်)
၆၁၀၀၀၀၀ ကျပ်