ချယ်ဆီး တိုက်စစ်မှုးဟောင်းကြီး ဖြစ်သလို လက်ရှိ TalkSPORT မှာ အားကစားသုံးသပ်သူအဖြစ် အလုပ်လုပ်နေတဲ့ တိုနီ ကက်စကာရီနို က လာမယ့်ရာသီဟာ အာဆင်နယ်အသင်း ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ရမယ့် နှစ် ရောက်ပြီ လို့ ခန့်မှန်းလာပါတယ်။

ကက်စကာရီနို က မန်စီးတီးအသင်း ချန်ပီယံဖြစ်မယ်လို့ ခန့်မှန်းလာခဲ့တာ ၃ ရာသီ ဆက်တိုက်လောက် ရှိနေပါပြီ။ ဒီတစ်ကြိမ်မှာတော့ သူက အာဆင်နယ် ချန်ပီယံ ဖြစ်နိုင်တယ်လို့ ပထမဆုံး ပြောလာခဲ့တာပါ။

“ နောက်ရာသီ ဘယ်အသင်းက အကြီးမားဆုံး ပြိုင်ဘက်ဖြစ်မလဲ ဂွာဒီယိုလာကို သွားမေးရင် သူက အာဆင်နယ်လို့ သေချာပေါက် ဖြေမှာပဲ။

သူတို့ ကလပ်ကို တည်ဆောက်လာမှုတွေအရ တခုခု ထူးရှယ်ဆိုတာ မြင်လာရတော့မယ်လို့ ပြောနိုင်ပါတယ်။ ဒီနှစ်တွေအတွင်း မန်စီးတီး ချန်ပီယံဖြစ်မယ်လို့ ကျနော် အမြဲတမ်း ခန့်မှန်းခဲ့ပါတယ်။

ဒီတစ်ကြိမ်ကတော့ အာဆင်နယ် ချန်ပီယံဖြစ်သွားမယ်လို့ ကျနော် ထင်မိတဲ့ ပထမဆုံး နှစ်ပါပဲ။ အာဆင်နယ် ချန်ပီယံဖြစ်မယ်လို့ ကျနော် တကယ်ကို ယုံကြည်နေပါတယ် ” ဆိုပြီး ခန့်မှန်းခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးမှာ ကလော့ပ် မရှိတော့ခြင်းနဲ့အတူ လာမယ့်ရာသီ ပရီးမီးယားလိဂ်ကို စိန်ခေါ်နိုင်မယ့် အသင်းများစာရင်းမှာ မန်စီးတီး၊ အာဆင်နယ်တို့ပဲ ရေပန်းစားနေတာ ဖြစ်ပါတယ်။