ဒီအပတ် သောကြာနေ့ညမှာတော့ အိုးထရတ်ဖိုဒ့်မှာ ယူနိုက်တက်က ဖူလ်ဟမ်ကို ဧည့်ခံခြင်းဖြင့် ပရီးမီးယားလိဂ်ရာသီသစ် ပြန်စတော့မှာပါ။ ရာသီအဖွင့်ပွဲတွေအတွက် ဝါရင့် ဘောလုံးပွဲခန့်မှန်းသူ ပေါမာဆန်ရဲ့ သုံးသပ်ချက်တွေကို ဖော်ပြလိုက်ပါတယ်။

Manchester United vs Fulham

ယူနိုက်တက်အတွက် ခက်ခဲတဲ့ပွဲဖြစ်လာမှာပါ။ သူတို့က အတက်အကျ များတဲ့ ဘောလုံးရာသီကို ကျော်ဖြတ်ရဦးမှာဖြစ်ပြီး ဒီပွဲကို အနိုင်ရခဲ့ရင် ရလဒ်ကောင်းဖြစ်ပါလိမ့်မယ်။ အဖွင့်ပွဲမှာ ဖူလ်ဟမ်က ယူနိုက်တက်ကို စိတ်ပျက်အောင် လုပ်မှာဖြစ်သလို သရေကျသွားမယ် ထင်ပါတယ်။

ပေါမာဆန် ခန့်မှန်းရလဒ်။ ။ မန်ယူနိုက်တက် ၁-၁ ဖူလ်ဟမ်

Ipswich Town vs Liverpool

အစ်ဝစ်ချ်အတွက် ခက်ခဲတဲ့ ရာသီစဆိုပေမယ့် လီဗာပူးအတွက်လည်း ခက်ခဲပါလိမ့်မယ်။ အသင်းကြီးတွေဟာ ပရီးမီးယားလိဂ် ရာသီအစကို တန်းတက်အသင်းတွေနဲ့ မကန်လိုကြပါဘူး။ ကျနော်ကတော့ လီဗာပူးအသင်း နိုင်မယ် မျှော်လင့်ထားတယ်။ အစ်ဝစ်ချ်က ဂိုးတော့ ပြန်ရပါလိမ့်မယ်။

ပေါမာဆန် ခန့်မှန်းရလဒ်။ ။ အစ်ဝစ်ချ် ၁-၃ လီဗာပူး

Arsenal vs Wolves

ဝုဗ်တို့ နက်တိုကို ရောင်းလိုက်တာ ဆိုးရွားတာပဲ။ ဝုဗ်အတွက်တော့ နက်တိုက ပွဲတွေကို နိုင်စေတဲ့ ကစားသမားပါ။ အာဆင်နယ်က ပိုကောင်းတဲ့အသင်းဖြစ်ပြီး ဒီပွဲကို အေးဆေးအနိုင်ရသင့်ပါတယ်။

ပေါမာဆန် ခန့်မှန်းရလဒ်။ ။ အာဆင်နယ် ၃-၀ ဝုဗ်

Chelsea vs Manchester City

ဒီပွဲက ပွဲကောင်းပါပဲ။ ချယ်ဆီးအတွက်တော့ အချိန်ကောင်းဖြစ်ပြီး မန်စီးတီးဘက်ကတော့ ကစားသမားတွေ အကောင်းဆုံးပုံစံတွေ မရသေးချိန် ချယ်ဆီးလို ပြိုင်ဘက်ကို တွေ့လိုမှာ မဟုတ်ပါဘူး။ မနှစ်ကတော့ ဒီနှစ်သင်းပွဲတွေက သိပ်ကောင်းခဲ့တယ်။ ချယ်ဆီးက စီးတီးကို သရေကစားနိုင်ခဲ့ပါတယ်။

ပေါမာဆန် ခန့်မှန်းရလဒ်။ ။ ချယ်ဆီး ၁-၁ မန်စီးတီး

အခြားပွဲစဉ်များအတွက် ပေါမာဆန် ခန့်မှန်းရလဒ်များ

Newcastle United 3-0 Southampton
Nottingham Forest 1-0 Bournemouth
West Ham United 1-1 Aston Villa
Brentford 1-0 Crystal Palace
Leicester City 0-3 Tottenham Hotspur