ဒီကနေ့ည စတင် ယှဉ်ပြိုင်မယ့် ပရီးမီးယားလိဂ် အဖွင့် သီတင်းပတ်အတွက် ဘီဘီစီ ဘောလုံးသုံးသပ်သူ ခရစ်ဆက်တန်ရဲ့ သုံးသပ်ချက်နဲ့ ရလဒ်ခန့်မှန်းတွေ ထွက်လာပါပြီ။
Manchester United vs Fulham
ဘောလုံးရာသီတိုင်းမှာ ပရီးမီးယားလိဂ် အဖွင့်သီတင်းပတ်က အပြောင်းအလဲ အရမ်းများပါတယ်။ ယူနိုက်တက်တို့ ဘယ်လိုရလဒ်ထွက်မလဲ ခန့်မှန်းရခက်ပါတယ်။ သူတို့ နိုင်မယ်တော့ မထင်ပါဘူး။
ခရစ်ဆက်တန် ခန့်မှန်းရလဒ်။ ။ မန်ယူနိုက်တက် ၁-၁ ဖူလ်ဟမ်
Ipswich Town vs Liverpool
နည်းပြသစ် အာနယ် ဆလော့ လက်ထက်မှာ လီဗာပူးက လူသစ် တစ်ဦးမှ မခေါ်သေးပါဘူး။ ဒါပေမယ့် သူတို့ရဲ့ လူအင်အားက မယုံနိုင်အောင် ကောင်းနေဆဲပါ။ လီဗာပူးကို အစ်ဝစ်ချ် တောင့်ခံနိုင်မယ် မထင်ပါဘူး။
ခရစ်ဆက်တန် ခန့်မှန်းရလဒ်။ ။ အစ်ဝစ်ချ် ၁-၃ လီဗာပူး
Arsenal vs Wolves
လူအများကြီးက ဒီရာသီ ပရီးမီးယားလိဂ်ကို အာဆင်နယ် အနိုင်ရမယ် ခန့်မှန်းနေကြတယ်။ နက်တိုနဲ့ ကယ်မန်းတို့နေရာ အစားထိုးဖို့ အိုနေးတို့ အများကြီး အလုပ်လုပ်ရဦးမှာဖြစ်ပြီး ဒီပွဲက သူတို့အတွက် ခက်ခဲလွန်းပါတယ်။
ခရစ်ဆက်တန် ခန့်မှန်းရလဒ်။ ။ အာဆင်နယ် ၂-၀ ဝုဗ်
Chelsea vs Manchester City
ချယ်ဆီးထံက ဘာမျှော်လင့်ရမလဲ ကျနော် မသိပါဘူး။ သူတို့အသင်း ဘာဖြစ်ချင်နေတာလဲဆိုတာတောင် ကျနော် မသိပါဘူး။ ချယ်ဆီးမှာ အရည်အချင်းရှိ ကြယ်ပွင့်တွေ ရှိနေပေမယ့် မန်စီးတီးပဲ နိုင်ပွဲ ရှာတွေ့သွားမယ် ထင်ပါတယ်။
ခရစ်ဆက်တန် ခန့်မှန်းရလဒ်။ ။ ချယ်ဆီး ၁-၂ မန်စီးတီး
အခြားပွဲစဉ်များအတွက် ခရစ်ဆက်တန် ခန့်မှန်းရလဒ်များ
Everton 1-0 Brighton
Newcastle United 3-0 Southampton
Nottingham Forest 2-1 Bournemouth
West Ham United 1-1 Aston Villa
Brentford 1-1 Crystal Palace
Leicester City 1-3 Tottenham Hotspur