ယူနိုက်တက် ကွင်းလယ်ကစားသမား မာတာက ပေါ့ဘာကို လာမယ့်ရာသီ အိုးထရက်ဖိုဒ့်မှာ ဆက်လက်မြင်တွေ့လိုကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။

ယူနိုက်တက် လူငယ်ကစားသမား တော်မီနေးက ကစားသမားသစ် ဘီဆာကာရဲ့ စွမ်းဆောင်ရည်တွေနဲ့ အသင်းသစ်မှာ လျင်လျင်မြန်မြန် အခြေကျလာမှုအပေါ် ထုတ်ဖော်ချီးကျူးသွားခဲ့ပါတယ်။

စပို့တင်းဥက္ကဋ္ဌ Frederico Varandas က ဘရူနိုဖာနန်ဒက်ကို လက်လွတ်လိုက်ရပါက အရည်အသွေးမြင့် ကစားသမားတွေ ထပ်မံခေါ်ယူနိုင်ဖို့ မြင့်မားတဲ့ ပြောင်းရွေ့ကြေးတွေ လိုချင်နေကြောင်း ပြောကြားလိုက်ပါတယ်။

ယူနိုက်တက်ပရိတ်သတ်တွေဟာ လက်စတာခံစစ်သမား မက်ဂွိုင်းယားအတွက် မြင့်မားတဲ့ ပြောင်းရွေ့ကြေး ပေးချေရရင်တောင် ခေါ်ယူပေးဖို့ တောင်းဆိုမှုတွေ ရှိလာနေပါပြီ။

ရာသီကြိုပွဲစဉ်တွေမှာ ခြေစွမ်းကောင်း ပြသနေတဲ့ မေဆင်ဂရင်းဝုဒ်ကို ယူနိုက်တက်နောက်ခံလူဟောင်း ဖာဒီနန်က မှတ်ချက်ကောင်းတွေ ပေးသွားခဲ့တယ်လို့ သိရှိရပါတယ်။

ယူနိုက်တက် လူငယ်ကစားသမား တော်မီနေးကတော့ ကွင်းလယ်ကစားသမားသစ် ခေါ်ခဲ့ရင်တောင် အသင်းအတွက် ပုံမှန်ပွဲထွက်ခွင့် ရလိုနေကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အသင်းခေါင်းဆောင် ရာထူးအတွက် ပြိုင်ဆိုင်မှုတွေ ရှိနေတဲ့ ယူနိုက်တက်အတွက် ဂိုးသမား ဒီဂီယာကလည်း ပါဝင်လိုနေပြီ သူကိုယ်တိုင်ကပဲ ကလပ်အသင်း အသင်းခေါင်းဆောင် ဖြစ်လိုတယ်လို့ တောင်းဆိုခဲ့ပြီ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ စင်္ကာပူမြေက ရာသီကြိုပွဲစဉ်တွေ ပြီးဆုံးခဲ့ပြီဖြစ်ပြီး တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တော်ကို ထပ်မံ ခရီးဆက်တော့မှာ ဖြစ်ပါတယ်။

ရှက်ဖီးအသင်းနဲ့ နောက်ထပ်အငှားစာချုပ် ချုပ်ဆိုတော့မယ်လို့ သတင်းထွက်နေတဲ့ လူငယ်ဂိုးသမား ဒင်းဟန်ဒါဆင်ဟာ ယူနိုက်တက်ရာသီကြိုပွဲစဉ်တွေကို လိုက်ပါခြင်းမရှိပေမယ့် ကာရင်တန် လေ့ကျင့်ရေးကွင်းကို မနေ့က ရောက်ရှိလာခဲ့ပါတယ်။

ယူနိုက်တက်ဟာ ပြောင်းရွေ့ကြေး ပေါင်သန်း (၇၀) သတ်မှတ်ထားတဲ့ လိုင်လီတိုက်စစ်မှူး နီကိုးလပ်ပီပီကို အသည်းအသန် ချိတ်ဆက်မှုတွေ ရှိလာနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါပြီ။