မန်ယူဟာ တိုက်စစ်မှူး လူကာကူကို အင်တာမီလန်အသင်းထံ ပေါင် ၇၂ သန်းနဲ့ ရောင်းထုတ်ဖို့ သဘောတူညီမှု ရခဲ့တဲ့နောက် ဘယ်ဂျီယံသားနေရာမှာ တိုက်ရိုက်အစားထိုးဖို့ရာ တိုက်စစ်မှူးသစ် ခေါ်ယူဖို့ စတင်လာခဲ့ပြီဖြစ်ပါတယ်။

စပိန်​မီဒီယာ​တွေက ​ဖော်​ပြမှုအရ မန်ယူဟာ လာလီဂါကလ် ဘီဘာအိုအသင်းမှ တိုက်စစ်မှူး Inaki Williams ကို ခေါ်ယူဖို့ ချိတ်ဆက်နေခဲ့ပြီး အသက် ၂၅ နှစ်အရွယ် စပိန်တိုက်စစ်သမားအတွက် မိခင်ကလပ်နဲ့ရှိနေတဲ့ စာချုပ်ဖျက်သိမ်းကြေးအရ ပေါင် ၈၁ သန်း ကုန်ကျမယ်လို့ သိရပါတယ်။

ဘီ​ဘာအိုအကယ်​ဒမီထွက် စပိန်လက်ရွေးစင်တိုက်စစ်သမားဟာ မနှစ်တုန်းက လာလီဂါမှာ သွင်းဂိုး ၁၃ ဂိုးအပါအဝင် ချန်ပီယံလိဂ်သွင်းဂိုး ၃ ဂိုး ကိုပါဒယ်ရေးသွင်းဂိုး ၂ ဂိုးတို့ကိုလည်း သွင်းယူနိုင်ခဲ့သူပါ။ သူဟာ ဘီဘာအိုအသင်းနဲ့ ၂၀၂၅ ခုနှစ်ထိ ရှိနေမယ့် စာချုပ်လည်း ရှိထားခဲ့သူဖြစ်တယ်။

မန်​ယူဟာ ​အေဂျက်​​​တောင်​ပံကစားသမား ​​နီရက်​စ်​ကို ​ခေါ်ယူဖို့ ကြိုးစားခဲ့​သေးပေမယ့် ဘရာဇီးလက်​​ရွေးစင်းက အမ်​စတာဒမ်​အ​ခြေစိုက်​ကလပ်​နဲ့ ၂၀၂၃ အထိရှိ​နေမယ့် စာချုပ်​သစ်​ကို လက်​မှတ်​ထိုးလိုက်​လို့ Inaki Williams ကို ခေါ်ယူဖို့ ပြောင်းလဲ ကြိုးစားလာတာ ဖြစ်ပါတယ်။

မန်​ယူဟာ ဒီ​နွေရာသီအ​ပြောင်းအ​ရွှေ့မှာ မက်​ဂွဲရား၊ ဘစ်​ဆာကာ၊ ဒန်​နီရယ်​ဂျိမ်းစ်​တို့ကို ​ခေါ်ယူထားပြီး တိုက်စစ်သမားတစ်ဦး ခေါ်ယူလိုနေဆဲပါ။ နည်းပြဆိုးရှားကတော့ ကလပ်အသင်းအတွက် ပေးဆပ်လိုစိတ်ရှိပြီး ငယ်ရွယ်ပြီး အရည်အချင်းရှိတဲ့ လူငယ်​ကစားသမား​တွေကို ဦးစား​ပေး​ခေါ်ယူလိုနေတာဖြစ်ပါတယ်။