မန်စီးတီးတိုက်စစ်သမား ဆာနေး ပြင်းထန်တဲ့ ဒူးဒဏ်ရာ ရရှိသွားတာကြောင့် ဘိုင်ယန်မြူးနစ်ဘက်က ခေါ်ယူဖို့ ကြိုးစားမှုအား နောက်ဆုတ် သွားခဲ့ပြီ ဖြစ်ပါတယ်။

မန်စီးတီးဟာ ဂျူဗင်တပ်အသင်းမှ ညာအစွန်လူ ကန်ဆယ်လိုကို အပြီးသတ် ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ မန်ချက်စတာကလပ်ဟာ အပြောင်းအရွှေ့ တစိတ်တဒေသအဖြစ် အစွန်လူ ဒန်နီလိုကို အလိုက်ပေးခဲ့ရတာဖြစ်တယ်။ မန်စီးတီးဟာ ကန်ဆယ်လိုကို ခေါ်ယူမှုမှာ ပေါင် သန်း ၆၀ ဈေးသက်မှတ်ခံခဲ့ရပြီး ဒန်နီလိုကို အလိုက်ပေးကာ နောက်ထပ် ပေါင် ၂၄ သန်း ပေးတဲ့ ကမ်းလှမ်းမှုအား ပြုလုပ်ခဲ့ရတာပါ။

ကန်ဆယ်လိုဟာ မန်စီးတီးမှာတော့ ကျောနံပါတ် ၂၇ ကို ဝတ်ဆင်ကစားသွားမှာဖြစ်တယ်။ ကစားသမားကတော့ ” မန်စီးတီးရဲ့ ကစားဟန်က ကျနော် မြင်သလောက်တော့ ပြီးပြည့်စုံပါတယ်။ အမြဲတမ်း တိုက်စစ်ဆင်နေပြီး တစ်ချိန်တည်းမှာ ခံစစ်လည်းကစားကာ ဖိအားပေးမှုကို အမြဲတမ်း လုပ်နေတယ်။ အဲ့တာက အရမ်း ထူးချွန်တယ်လို့ ကျနော် ထင်တယ်။ အဲ့သည်ကစားဟန်ကို ကျနော် နှစ်သက်ပါတယ် ” လို့ ဆိုသွားခဲ့ပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ်ဟာ မနှစ်က ကဲ့သို့ မန်စီးတီး၊ လီဗာပူး နှစ်သင်းတည်းသာ ချန်ပီယံဆုအတွက် အပြိုင်လုရတဲ့ အဖြစ်မျိုး ရှိမှာ မဟုတ်ဘဲ အခြား စိန်ခေါ်နိုင်တဲ့အသင်းတွေ ရှိလိမ့်မယ် ယုံကြည်ကြောင်း ဂွာဒီယိုလာက ပြောဆိုထားပါတယ်။

မန်စီးတီး တိုက်စစ်သမား ရာဟင်းစတားလင်းက ပို ခြေစွမ်းကောင်းလာဖို့သာ ရှိပြီး ဒီရာသီ ရွှေဖိနပ်ဆုရှင် ဖြစ်လာနိုင်ကြောင်း Talk Sport ကလောင်ရှင် Adrian Durham က သုံးသပ်ပြောဆိုထားပါတယ်။

ပက်ဂွာဒီယိုလာ ဟာ နွေရာသီအတွင်း မန်ချက်စတာ စီးတီးဟာ တည်ကန်ဘော လုပ်ငန်းစဉ်အသစ်တွေကို လေ့ကျင့်ခဲ့ပြီး ယာဂန်ကလော့ပ်က သူတို့လုပ်နေတာတွေကို သဘောကျကြောင်း ဝန်ခံခဲ့ပါတယ်။

ဝင်ဘလေကွင်းက လီဗာပူးနဲ့ ကွန်မြူနတီဒိုင်းပွဲမှာ စတာလင်ကို ဂိုးသွင်းနိုင်စေခဲ့တဲ့ ဘောလုံးဟာ လီဗာပူး ခံစစ်တွေပေါ်ကို ကျော်ဖြတ်ပြီး ဒေးဗစ်ဆေးဗားဆီ ရောက်ခဲ့ကာ အဲ့ကမှ တဆင့် စတာလင်ကို ပေးခဲ့တဲ့ တည်ကန်ဘောကနေ ရခဲ့တာ ဖြစ်ပါတယ်။