ခ်ယ္ဆီးအသင္းဟာ နာမည္ေက်ာ္ ေအးဂ်င့္ေတြထံ ဇန္နဝါရီမွာ ကလပ္အသင္းဟာ အေျပာင္းအေရႊ႔ေစ်းကြက္ထဲ ျပန္ဝင္လာမွာျဖစ္ေၾကာင္း သတင္းေပးမႈ လုပ္ခဲ့တယ္လို႔ အဂၤလန္သတင္းေတြက ေဖာ္ျပလာပါတယ္။

အသက္ ၁၈ ႏွစ္ေအာက္ ကစားသမားေခၚယူမႈမွာ စည္းကမ္းေဖာက္မႈေၾကာင့္ အေျပာင္းအေရႊ႔ ႏွစ္ခုစာ ပိတ္ခံထားရတဲ့ ခ်ယ္ဆီးဟာ အားကစားခံုရံုးကို အယူခံဝင္မႈေတြ ျပဳလုပ္ထားတာျဖစ္ျပီး ေအာင္ျမင္မယ္လို႔လည္း ယံုၾကည္ခ်က္ ရွိေနပါတယ္။

ခ်ယ္ဆီးက ပရီးမီးယားလိဂ္ကလပ္ မန္စီးတီးအသင္း အဆိုပါ အေရးယူမႈကိစၥကို ေက်ာ္ျဖတ္ခဲ့တဲ့ ပံုစံအား ေလ့လာမႈ လုပ္ထားခဲ့ျပီျဖစ္ျပီး အဆင္ေျပမယ္လို႔ ေမွ်ာ္လင့္ေနတယ္။ ခ်ယ္ဆီးဘက္က အေျပာင္းအေရႊ႔ဆိုင္ရာ အယူခံဝင္မႈနဲ႔ အျခားေသာ တိုးတက္မႈကိစၥေတြကိုေတာ့ တရားဝင္ ထုတ္ေျပာလာျခင္း မရွိပါဘူး။

ေအးဂ်င့္တစ္ဦးကကေတာ့ ခ်ယ္ဆီးက ကလပ္အသင္း လူစာရင္းကို အင္အားေတာင့္တင္းလာေစဖို႔ ဇန္နဝါရီမွာ ကစားသမားေခၚယူမႈ လုပ္ႏုိင္မယ္လို႔ ယံုၾကည္ခ်က္ ရွိေနတယ္။ အယူခံဝင္မႈလည္း ေအာင္ျမင္မယ္လို႔ ယံုၾကည္ထားပါတယ္ဆိုျပီး သတင္းေပးခဲ့တယ္။

မန္ေနဂ်ာလမ္းပတ္ဟာ လူငယ္ကစားသမား အမ်ားအျပားကို ေနရာေပးျပီး ရလဒ္ေကာင္းရဖို႔ ၾကိဳးစားေနေပမယ့္လည္း ဇန္နဝါရီမွာ လူေခၚယူခြင့္ရွိမယ္ဆိုရင္ ခ်န္ပီယံလိဂ္နဲ႔ အဆင့္ေလးဝင္ခြင့္အတြက္ ကစားသမားေကာင္းေတြကို ေခၚယူဖို႔ အားထုတ္သြားမွာပဲ ျဖစ္ပါတယ္။

UNICODE

ချယ်ဆီးအသင်းဟာ နာမည်ကျော် အေးဂျင့်တွေထံ ဇန်နဝါရီမှာ ကလပ်အသင်းဟာ အပြောင်းအရွှေ့ဈေးကွက်ထဲ ပြန်ဝင်လာမှာဖြစ်ကြောင်း သတင်းပေးမှု လုပ်ခဲ့တယ်လို့ အင်္ဂလန်သတင်းတွေက ဖော်ပြလာပါတယ်။

အသက် ၁၈ နှစ်အောက် ကစားသမားခေါ်ယူမှုမှာ စည်းကမ်းဖောက်မှုကြောင့် အပြောင်းအရွှေ့ နှစ်ခုစာ ပိတ်ခံထားရတဲ့ ချယ်ဆီးဟာ အားကစားခုံရုံးကို အယူခံဝင်မှုတွေ ပြုလုပ်ထားတာဖြစ်ပြီး အောင်မြင်မယ်လို့လည်း ယုံကြည်ချက် ရှိနေပါတယ်။

ချယ်ဆီးက ပရီးမီးယားလိဂ်ကလပ် မန်စီးတီးအသင်း အဆိုပါ အရေးယူမှုကိစ္စကို ကျော်ဖြတ်ခဲ့တဲ့ ပုံစံအား လေ့လာမှု လုပ်ထားခဲ့ပြီဖြစ်ပြီး အဆင်ပြေမယ်လို့ မျှော်လင့်နေတယ်။ ချယ်ဆီးဘက်က အပြောင်းအရွှေ့ဆိုင်ရာ အယူခံဝင်မှုနဲ့ အခြားသော တိုးတက်မှုကိစ္စတွေကိုတော့ တရားဝင် ထုတ်ပြောလာခြင်း မရှိပါဘူး။

အေးဂျင့်တစ်ဦးကကတော့ ချယ်ဆီးက ကလပ်အသင်း လူစာရင်းကို အင်အားတောင့်တင်းလာစေဖို့ ဇန်နဝါရီမှာ ကစားသမားခေါ်ယူမှု လုပ်နိုင်မယ်လို့ ယုံကြည်ချက် ရှိနေတယ်။ အယူခံဝင်မှုလည်း အောင်မြင်မယ်လို့ ယုံကြည်ထားပါတယ်ဆိုပြီး သတင်းပေးခဲ့တယ်။

မန်နေဂျာလမ်းပတ်ဟာ လူငယ်ကစားသမား အများအပြားကို နေရာပေးပြီး ရလဒ်ကောင်းရဖို့ ကြိုးစားနေပေမယ့်လည်း ဇန်နဝါရီမှာ လူခေါ်ယူခွင့်ရှိမယ်ဆိုရင် ချန်ပီယံလိဂ်နဲ့ အဆင့်လေးဝင်ခွင့်အတွက် ကစားသမားကောင်းတွေကို ခေါ်ယူဖို့ အားထုတ်သွားမှာပဲ ဖြစ်ပါတယ်။