လာေပၚေတး ဒဏ္ရာရသြားတာေၾကာင့္ မန္စီးတီး ခံစစ္မွာ အၾကပ္အတည္းနဲ႕ ရင္ဆိုင္ရမွာ ျဖစ္ေသာ္လည္း ဇင္ခ်န္ကိုက ထိုအခက္အခဲကို ေျဖရွင္းေပးနုိင္မယ့္ သူ ျဖစ္တယ္လို႔ မန္ခ်က္စတာ အေျခစိုက္ သတင္းဌာန MEN က သံုးသပ္ေဖာ္ျပထား

အမ်ိဳးသမီး စူပါလိဂ္ရဲ႕ ဒီရာသီ အဖြင့္ပြဲစဥ္ အျဖစ္ မန္စီးတီးနဲ႕ ယူနိုက္တက္ အမ်ိဳးသမီးအသင္းတို႔ရဲ႕ ပထမဆံုး ဒါဘီပြဲကို ယွဥ္ျပိဳင္ကစားခဲ့ရာမွၾ မန္စီးတီးက ကာရိုလင္း၀ီယာရဲ႕ လွလွပပ ကန္သြင္းခ်က္က ဂိုးနဲ႕ အနိုင္ရရွိသြားပါတယ္။

မန္စီးတီးဟာ ဇန္န၀ါရီ အေျပာင္းအေရႊ႕မွာ အင္တာမီလန္မွ ခံစစ္မွဴး Milan Skriniar ကို အရေခၚယူဖို႔ ျပင္ဆင္ေနပါတယ္။ အသက္ ၂၄ နွစ္ အရြယ္ ခံစစ္မွဴးကို ဒီေႏြမွာ ေခၚဖို႔ အင္တာသို႔ ခ်ဥ္းကပ္ခဲ့ေပမယ့္ ၾကယ္ပြင့္ကစားသမားကို အင္တာမီလန္က ဆက္လက္ ထိန္း္ထားခဲ့ပါတယ္။

မန္စီးတီးကြင္းလယ္လူ ဖိုဒန္က သူဟာ ပြဲထြက္ခြင့္ေတြမွာ ပါဝင္ႏုိင္သူဆိုတာကို သက္ေသျပဖို႔ ၾကိဳးစားသြားမွာျဖစ္ျပီး သူ႔ရဲ႕ထိုက္တန္မႈအား မန္ေနဂ်ာ ဂြာဒီယိုလာ ျမင္လာမယ္လို႔ ယူဆမိပါေၾကာင္း ေျပာဆိုလာပါတယ္။

လာေပၚေတး၊ ဂၽြန္စတုန္း တို႔ ဒဏ္ရာရေနလို႔ ခံစစ္ပိုင္းမွာ စိတ္ပူစရာ အေနအထားကို ပိုင္ဆိုင္ေနတဲ့ မန္စီးတီးအတြက္ သတင္းေကာင္းတစ္ခုကေတာ့ ခံစစ္မွဴး ေအာ္တာမန္ဒီဟာ လက္ေရြးစင္တာဝန္ကေန ပိုေစာစြာပဲ ကလပ္အသင္းထံ ျပန္လာေတာ့မယ္လို႔ သိရပါတယ္။

မန္စီးတီးတိုက္စစ္သမား စတာလင္းက ေဘာလုံးသမားေတြအေပၚ လူမ်ိဳးေရးခြဲျခားမႈေတြနဲ႔ ပတ္သက္လို႔ ေဝဖန္ခဲ့ၿပီး ပိုမိုတိုးတက္တဲ့ အျမင္ေတြ ရွိလာသင့္ျပီးလို႔ ထုတ္ေျပာလာခဲ့ပါတယ္။

မန္စီးတီးဘယ္အစြန္လူ မန္ဒီဟာ ၾကံ႕ခိုင္မႈ ျပန္ေကာင္းလာေနျပီျဖစ္ျပီး ပြဲထြက္ကစားေပးဖို႔ အဆင္သင့္ျဖစ္ေနျပီလို႔ သိရပါတယ္။ မန္ဒီဟာ မႏွစ္ကနဲ႔ ဒီေႏြမွာ ဒဏ္ရာေၾကာင့္ ပြဲကစားခြင့္ေတြ မရျဖစ္ေနပါတယ္။

UNICODE

လာပေါ်တေး ဒဏ်ရာရသွားတာကြောင့် မန်စီးတီး ခံစစ်မှာ အကြပ်အတည်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်သော်လည်း ဇင်ချန်ကိုက ထိုအခက်အခဲကို ဖြေရှင်းပေးနိုင်မယ့် သူ ဖြစ်တယ်လို့ မန်ချက်စတာ အခြေစိုက် သတင်းဌာန MEN က သုံးသပ်ဖော်ပြထား

အမျိုးသမီး စူပါလိဂ်ရဲ့ ဒီရာသီ အဖွင့်ပွဲစဉ် အဖြစ် မန်စီးတီးနဲ့ ယူနိုက်တက် အမျိုးသမီးအသင်းတို့ရဲ့ ပထမဆုံး ဒါဘီပွဲကို ယှဉ်ပြိုင်ကစားခဲ့ရာမြှ မန်စီးတီးက ကာရိုလင်းဝီယာရဲ့ လှလှပပ ကန်သွင်းချက်က ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။

မန်စီးတီးဟာ ဇန်နဝါရီ အပြောင်းအရွှေ့မှာ အင်တာမီလန်မှ ခံစစ်မှူး Milan Skriniar ကို အရခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။ အသက် ၂၄ နှစ် အရွယ် ခံစစ်မှူးကို ဒီနွေမှာ ခေါ်ဖို့ အင်တာသို့ ချဉ်းကပ်ခဲ့ပေမယ့် ကြယ်ပွင့်ကစားသမားကို အင်တာမီလန်က ဆက်လက် ထိန်းထားခဲ့ပါတယ်။

မန်စီးတီးကွင်းလယ်လူ ဖိုဒန်က သူဟာ ပွဲထွက်ခွင့်တွေမှာ ပါဝင်နိုင်သူဆိုတာကို သက်သေပြဖို့ ကြိုးစားသွားမှာဖြစ်ပြီး သူ့ရဲ့ထိုက်တန်မှုအား မန်နေဂျာ ဂွာဒီယိုလာ မြင်လာမယ်လို့ ယူဆမိပါကြောင်း ပြောဆိုလာပါတယ်။

လာပေါ်တေး၊ ဂျွန်စတုန်း တို့ ဒဏ်ရာရနေလို့ ခံစစ်ပိုင်းမှာ စိတ်ပူစရာ အနေအထားကို ပိုင်ဆိုင်နေတဲ့ မန်စီးတီးအတွက် သတင်းကောင်းတစ်ခုကတော့ ခံစစ်မှူး အော်တာမန်ဒီဟာ လက်ရွေးစင်တာဝန်ကနေ ပိုစောစွာပဲ ကလပ်အသင်းထံ ပြန်လာတော့မယ်လို့ သိရပါတယ်။

မန်စီးတီးတိုက်စစ်သမား စတာလင်းက ဘောလုံးသမားတွေအပေါ် လူမျိုးရေးခွဲခြားမှုတွေနဲ့ ပတ်သက်လို့ ဝေဖန်ခဲ့ပြီး ပိုမိုတိုးတက်တဲ့ အမြင်တွေ ရှိလာသင့်ပြီးလို့ ထုတ်ပြောလာခဲ့ပါတယ်။

မန်စီးတီးဘယ်အစွန်လူ မန်ဒီဟာ ကြံ့ခိုင်မှု ပြန်ကောင်းလာနေပြီဖြစ်ပြီး ပွဲထွက်ကစားပေးဖို့ အဆင်သင့်ဖြစ်နေပြီလို့ သိရပါတယ်။ မန်ဒီဟာ မနှစ်ကနဲ့ ဒီနွေမှာ ဒဏ်ရာကြောင့် ပွဲကစားခွင့်တွေ မရဖြစ်နေပါတယ်။