ခ်ယ္ဆီးအသင္းရဲ႕ ေတာင္ပံခံစစ္မွဴး အီမာဆင္က နည္းျပလမ္းပတ္ လက္ေအာက္မွာ ကစားရတာဟာ သူ႔ရဲ႕ ကစားသမားဘဝတစ္ေလွ်ာက္ အေကာင္းဆံုးအခုိက္အတန္႔ျဖစ္တယ္လုိ႔႔ ထုတ္ေဖာ္ေျပာဆိုလုိက္ပါတယ္။ ကြန္တီနဲ႔ ဆာရီတို႔ရဲ႕ လက္ေအာက္မွာတုန္းက ပြဲထြက္ခြင့္အတြက္ ရံုးကန္ခဲ့ရတဲ့ အီမာဆင္ဟာ နည္းျပသစ္ လမ္းပတ္လက္ထက္မွာ အဓိက ကစားသမားတစ္ဦးအျဖစ္ ပြဲထြက္ခြင့္ရရွိေနပါတယ္။

အေျပာင္းအေ႐ႊ႕ကာလ ၂ ခု ပိတ္ခံထားရတဲ့ ခ်ယ္ဆီးဟာ အားကစားခံုရံုးကို အယူခံတင္မႈကိစၥ ေအာင္ျမင္ျပီး ဇန္နဝါရီမွာ ကစားသမားသစ္ေတြ ေခၚယူႏုိင္မယ္လုိ႔ ယံုၾကည္ေနေၾကာင္း သတင္းေတြ က်ယ္ျပန္႔လာေနပါတယ္။

ခ်ယ္ဆီးတိုက္စစ္သမား ပူလီဆစ္ဟာ လက္ေရြးစင္တာဝန္ကေန သက္မွတ္ရက္ထက္ ပိုေစာေစာ ျပန္လာေတာ့မွာျဖစ္ပါတယ္။ လာမယ့္အပတ္မွာ ယွဥ္ျပိဳင္ရမယ့္ ဝုဗ္နဲ႔ပြဲအတြက္ ခ်ယ္ဆီးအသင္းကို သက္မွတ္ရက္ မတိုင္ခင္ ျပန္လည္ပူးေပါင္းပါမယ္။

အဂၤလန္နဲ႔ ဘူေဂးရီးယားတို႔ပြဲမွာ လက္ေရြးစင္အသင္းအတြက္ လူစာဝင္းကစားအျဖစ္ ပြဲဦးထြက္ ကစားခြင့္ရတဲ့အတြက္ ကြင္းလယ္လူ ေမဆန္ေမာင့္က အေတာ္ေလး ေက်နပ္ေနပါတယ္။

အင္တာမီလန္အသင္း မန္ေနဂ်ာ ကြန္တီက ခ်ယ္ဆီးကို ယူရိုပါလိဂ္အႏုိင္ရေအာင္နဲ႔ ခ်န္ပီယံလိဂ္ ဝင္ခြင့္ရေအာင္ စြမ္းေဆာင္ေပးခဲ့တဲ့ ဆာရီကို လမ္းခြဲခဲ့ျခင္းနဲ႔ ပက္သက္ၿပီး လန္ဒန္ကလပ္ဟာ မန္ေနဂ်ာအေပၚ ပိုမိုတဲ့ ေလးစားမႈထားသင့္တယ္လို႔ ေဝဖန္ခဲ့ပါတယ္။

ခ်ယ္ဆီးအသင္းဟာ မန္ေနဂ်ာလမ္းပတ္လက္ထက္မွာ ေတာက္ပလာေနတဲ့ အသက္ ၂၅ ႏွစ္အရြယ္ ဘယ္အစြန္လူ အီမာဆန္ကို သက္တမ္းတိုးစာခ်ဳပ္ ခ်ဳပ္ဆိုႏိုင္ဖို႔ ျပင္ဆင္လာေနခဲ့ျပီျဖစ္ပါတယ္။ အီမာဆန္ဟာ စတမ္းဖိုဒ္ဘရစ္မွာ ၂၀၂၂ ခုႏွစ္ထိ သက္တမ္းက်န္ေသးျပီး ေနာက္ထပ္ ၁၂ လ သက္တမ္းတိုးခြင့္ ပါဝင္ထားပါတယ္။

ဒဏ္ရာေၾကာင့္ အနားယူေနရတဲ့ ကြင္းလယ္လူ ကန္တီဟာ လာမယ့္အပတ္မွာ ယွဥ္ျပိဳင္ရမယ့္ ဝုလ္နဲ႔ပြဲမွာ ခ်ယ္ဆီးအတြက္ ျပန္လည္ ပြဲထြက္ေပးႏိုင္ဖို႔ အေျခအေနေကာင္းေနျပီလို႔ လန္ဒန္အေျခစိုက္ သတင္းေတြက ေဖာ္ျပလာပါတယ္။

စပိန္လက္ေရႊးစင္အသင္း မန္ေနဂ်ာမိုရီႏိုက ရိုေမးနီးယားအသင္းနဲ႔ ပြဲစဥ္မွာ ပြဲထြက္ခြင့္ ရရွိခဲ့တဲ့ ခ်ယ္ဆီး ဂိုးသမား ကီပါကို လက္ေရႊးစင္အသင္း အဓိက ဂိုးသမားအျဖစ္ သတ္မွတ္ထားျခင္း မရွိေသးဘူးလို႔ ေျပာဆိုပါတယ္။

UNICODE

ချယ်ဆီးအသင်းရဲ့ တောင်ပံခံစစ်မှူး အီမာဆင်က နည်းပြလမ်းပတ် လက်အောက်မှာ ကစားရတာဟာ သူ့ရဲ့ ကစားသမားဘဝတစ်လျှောက် အကောင်းဆုံးအခိုက်အတန့်ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ကွန်တီနဲ့ ဆာရီတို့ရဲ့ လက်အောက်မှာတုန်းက ပွဲထွက်ခွင့်အတွက် ရုံးကန်ခဲ့ရတဲ့ အီမာဆင်ဟာ နည်းပြသစ် လမ်းပတ်လက်ထက်မှာ အဓိက ကစားသမားတစ်ဦးအဖြစ် ပွဲထွက်ခွင့်ရရှိနေပါတယ်။

အပြောင်းအရွှေ့ကာလ ၂ ခု ပိတ်ခံထားရတဲ့ ချယ်ဆီးဟာ အားကစားခုံရုံးကို အယူခံတင်မှုကိစ္စ အောင်မြင်ပြီး ဇန်နဝါရီမှာ ကစားသမားသစ်တွေ ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေကြောင်း သတင်းတွေ ကျယ်ပြန့်လာနေပါတယ်။

ချယ်ဆီးတိုက်စစ်သမား ပူလီဆစ်ဟာ လက်ရွေးစင်တာဝန်ကနေ သက်မှတ်ရက်ထက် ပိုစောစော ပြန်လာတော့မှာဖြစ်ပါတယ်။ လာမယ့်အပတ်မှာ ယှဉ်ပြိုင်ရမယ့် ဝုဗ်နဲ့ပွဲအတွက် ချယ်ဆီးအသင်းကို သက်မှတ်ရက် မတိုင်ခင် ပြန်လည်ပူးပေါင်းပါမယ်။

အင်္ဂလန်နဲ့ ဘူဂေးရီးယားတို့ပွဲမှာ လက်ရွေးစင်အသင်းအတွက် လူစာဝင်းကစားအဖြစ် ပွဲဦးထွက် ကစားခွင့်ရတဲ့အတွက် ကွင်းလယ်လူ မေဆန်မောင့်က အတော်လေး ကျေနပ်နေပါတယ်။

အင်တာမီလန်အသင်း မန်နေဂျာ ကွန်တီက ချယ်ဆီးကို ယူရိုပါလိဂ်အနိုင်ရအောင်နဲ့ ချန်ပီယံလိဂ် ဝင်ခွင့်ရအောင် စွမ်းဆောင်ပေးခဲ့တဲ့ ဆာရီကို လမ်းခွဲခဲ့ခြင်းနဲ့ ပက်သက်ပြီး လန်ဒန်ကလပ်ဟာ မန်နေဂျာအပေါ် ပိုမိုတဲ့ လေးစားမှုထားသင့်တယ်လို့ ဝေဖန်ခဲ့ပါတယ်။

ချယ်ဆီးအသင်းဟာ မန်နေဂျာလမ်းပတ်လက်ထက်မှာ တောက်ပလာနေတဲ့ အသက် ၂၅ နှစ်အရွယ် ဘယ်အစွန်လူ အီမာဆန်ကို သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ဖို့ ပြင်ဆင်လာနေခဲ့ပြီဖြစ်ပါတယ်။ အီမာဆန်ဟာ စတမ်းဖိုဒ်ဘရစ်မှာ ၂၀၂၂ ခုနှစ်ထိ သက်တမ်းကျန်သေးပြီး နောက်ထပ် ၁၂ လ သက်တမ်းတိုးခွင့် ပါဝင်ထားပါတယ်။

ဒဏ်ရာကြောင့် အနားယူနေရတဲ့ ကွင်းလယ်လူ ကန်တီဟာ လာမယ့်အပတ်မှာ ယှဉ်ပြိုင်ရမယ့် ဝုလ်နဲ့ပွဲမှာ ချယ်ဆီးအတွက် ပြန်လည် ပွဲထွက်ပေးနိုင်ဖို့ အခြေအနေကောင်းနေပြီလို့ လန်ဒန်အခြေစိုက် သတင်းတွေက ဖော်ပြလာပါတယ်။

စပိန်လက်ရွှေးစင်အသင်း မန်နေဂျာမိုရီနိုက ရိုမေးနီးယားအသင်းနဲ့ ပွဲစဉ်မှာ ပွဲထွက်ခွင့် ရရှိခဲ့တဲ့ ချယ်ဆီး ဂိုးသမား ကီပါကို လက်ရွှေးစင်အသင်း အဓိက ဂိုးသမားအဖြစ် သတ်မှတ်ထားခြင်း မရှိသေးဘူးလို့ ပြောဆိုပါတယ်။