လီဗာပူးနည္းျပ ယာဂင္ကေလာ့ပ္ဟာ ဗန္ဒိုက္ကို မေခၚယူခင္ ၀ိုက္နယ္ဒန္ဆီက အၾကံဥာဏ္ ေတာင္းခံကာ ေမးျမန္းခဲ့တယ္လို႔ သိရပါတယ္။ ၀ိုက္နယ္ဒန္နဲ႕ ဗန္ဒိုက္တို႔ဟာ နယ္သာလန္ နုိင္ငံအသင္းေဖာ္မ်ား ျဖစ္ျပီး ၀ိုက္နယ္ဒန္က ေထာက္ခံခ်က္ေပးခဲ့ပါတယ္။

ယူရို ၂၀၂၀ ေျခစစ္ပြဲအတြက္ ယွဥ္ျပိဳင္ကစားတဲ့ ဂ်ာမနီနဲ႔ နယ္သာလန္ပြဲမွာ လီဗာပူးကြင္းလယ္လူ ဝိုက္နယ္ဒမ္က အထူးေျခစြမ္းျပ ကစားႏုိင္ခဲ့ျပီး ကိုယ္တိုင္ တစ္ဂိုးသြင္းကာ ဂိုးေထာက္ပံ့မႈ တစ္ၾကိမ္ ျပဳလုပ္ႏုိင္ခဲ့ပါတယ္။

ထိုပြဲမွာ ၀ိုက္နယ္ဒန္နဲ႕ အတူ တြဲဖက္ ေျခစြမ္းျပခဲ့တဲ့ ဒီေပးကို ေခၚယူဖို႔ လီဗာပူး ပရိသတ္မ်ားက ေတာင္းဆိုမႈေတြ ျပဳလုပ္ေနပါတယ္။ ျပီးခဲ့တဲ့ ေႏြက လီဗာပူးဟာ ဒီေပးကို စိတ္၀င္စားေၾကာင္း သတင္းထြက္ခဲ့ပါေသးတယ္။

လီဗာပူးအသင္းဟာ သြင္းဂိုးေတြအတြက္ အဓိက တိုက္စစ္သမား သံုးဦးထံကေန ဂိုးေတြရေနေပမယ့္လို႔ မႏွစ္ကရာသီစကတည္းက ပရီးမီးယားလိဂ္ အသင္းတိုင္းထက္ သာလြန္ေနတဲ့ ေခါင္းတိုက္သြင္းဂိုး ၂၂ ဂိုးထိ သြင္းယူထားခဲ့ျပီျဖစ္တယ္။ လီဗာပူးရဲ႕ မွတ္တမ္းကို အနီးစပ္ဆံုး လိုက္မွီေနတဲ့အသင္းအျဖစ္ စပါးက ေခါင္းတိုက္သြင္းဂိုး ၁၅ ဂိုး သြင္းယူထားျပီး ဘန္ေလ၊ အဲဗာတန္နဲ႔ မန္စီးတီးတို႔က ၁၃ ဂိုးစီ သြင္းယူထားႏုိင္တာျဖစ္ပါတယ္။

လီဗာပူး ကြင္းလယ္လူ ခ်ိန္ဘာလိန္ဟာ သူ အႏွစ္သက္ဆံုး ကြင္းလယ္လူ ၆ ဦးကို ေရြးခ်ယ္ေပးလိုက္ရာမွာ အဂၤလန္ ပရီးမီးယားလိဂ္မွာ လက္ရွိကစားေနတဲ့ ဟန္ဒါဆန္၊ ဒီဘရိုင္း၊ ေမဆန္ေမာင့္၊ ဘာကေလတို႔ ပါ၀င္ေနျပီး က်န္ ၂ ဦး ကေတာ့ လီဗာပူးဂႏၱ၀င္ၾကီး စတီဗင္ဂ်ာရတ္နဲ႕ ဘာစီလိုနာဂႏၱ၀င္ၾကီး အင္နီေယစတာတုိ႕ပဲ ျဖစ္ပါတယ္။

ဝိုက္နယ္ဒမ္က မန္ေနဂ်ာယာဂင္ကေလာ့ပ္ဟာ ဒီရာသီမွာ ပရီးမီးယားလိဂ္ဖလား ရကိုရရမယ္လုိ႔ ေတာင္းဆိုျခင္း မရွိပဲ ျပိဳင္ပြဲေတြကို အေကာင္းဆံုးနဲ႔ ဖိအားကင္းကင္း ယွဥ္ျပိဳင္ဖုိ႔ပဲ တိုက္တြန္းထားကာ ေအးေအးေဆးေဆး ရွိေနတယ္လုိ႔ ထုတ္ေျပာပါတယ္။

လီဗာပူးနဲ႔ ဗန္ဒိုက္ၾကား ၆ ႏွစ္သက္တမ္းရွိ စာခ်ဳပ္သစ္ သေဘာတူညီမႈ ရထားျပီဆိုတဲ့ အဂၤလန္မီဒီယာေတြက ေဖာ္ျပေနတဲ့ သတင္းေတြကို လီဗာပူးသတင္းေထာက္ေတြက ျငင္းဆန္လိုက္ပါတယ္။

လီဗာပူးဟာ ဇန္နဝါရီမွာေတာ့ ဗီလာရီးရဲအသင္းမွ အသက္ ၂၀ အရြယ္ ေတာင္ပံတိုက္စစ္သမား Samuel Chukwueze ကို ေခၚယူဖို႔ အလားအလာေတြ ရွိေနေၾကာင္း သတင္းေတြ ထြက္လာေနပါျပီ။

UNICODE

လီဗာပူးနည်းပြ ယာဂင်ကလော့ပ်ဟာ ဗန်ဒိုက်ကို မခေါ်ယူခင် ဝိုက်နယ်ဒန်ဆီက အကြံဉာဏ် တောင်းခံကာ မေးမြန်းခဲ့တယ်လို့ သိရပါတယ်။ ဝိုက်နယ်ဒန်နဲ့ ဗန်ဒိုက်တို့ဟာ နယ်သာလန် နိုင်ငံအသင်းဖော်များ ဖြစ်ပြီး ဝိုက်နယ်ဒန်က ထောက်ခံချက်ပေးခဲ့ပါတယ်။

ယူရို ၂၀၂၀ ခြေစစ်ပွဲအတွက် ယှဉ်ပြိုင်ကစားတဲ့ ဂျာမနီနဲ့ နယ်သာလန်ပွဲမှာ လီဗာပူးကွင်းလယ်လူ ဝိုက်နယ်ဒမ်က အထူးခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး ကိုယ်တိုင် တစ်ဂိုးသွင်းကာ ဂိုးထောက်ပံ့မှု တစ်ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

ထိုပွဲမှာ ဝိုက်နယ်ဒန်နဲ့ အတူ တွဲဖက် ခြေစွမ်းပြခဲ့တဲ့ ဒီပေးကို ခေါ်ယူဖို့ လီဗာပူး ပရိသတ်များက တောင်းဆိုမှုတွေ ပြုလုပ်နေပါတယ်။ ပြီးခဲ့တဲ့ နွေက လီဗာပူးဟာ ဒီပေးကို စိတ်ဝင်စားကြောင်း သတင်းထွက်ခဲ့ပါသေးတယ်။

လီဗာပူးအသင်းဟာ သွင်းဂိုးတွေအတွက် အဓိက တိုက်စစ်သမား သုံးဦးထံကနေ ဂိုးတွေရနေပေမယ့်လို့ မနှစ်ကရာသီစကတည်းက ပရီးမီးယားလိဂ် အသင်းတိုင်းထက် သာလွန်နေတဲ့ ခေါင်းတိုက်သွင်းဂိုး ၂၂ ဂိုးထိ သွင်းယူထားခဲ့ပြီဖြစ်တယ်။ လီဗာပူးရဲ့ မှတ်တမ်းကို အနီးစပ်ဆုံး လိုက်မှီနေတဲ့အသင်းအဖြစ် စပါးက ခေါင်းတိုက်သွင်းဂိုး ၁၅ ဂိုး သွင်းယူထားပြီး ဘန်လေ၊ အဲဗာတန်နဲ့ မန်စီးတီးတို့က ၁၃ ဂိုးစီ သွင်းယူထားနိုင်တာဖြစ်ပါတယ်။

လီဗာပူး ကွင်းလယ်လူ ချိန်ဘာလိန်ဟာ သူ အနှစ်သက်ဆုံး ကွင်းလယ်လူ ၆ ဦးကို ရွေးချယ်ပေးလိုက်ရာမှာ အင်္ဂလန် ပရီးမီးယားလိဂ်မှာ လက်ရှိကစားနေတဲ့ ဟန်ဒါဆန်၊ ဒီဘရိုင်း၊ မေဆန်မောင့်၊ ဘာကလေတို့ ပါဝင်နေပြီး ကျန် ၂ ဦး ကတော့ လီဗာပူးဂန္တဝင်ကြီး စတီဗင်ဂျာရတ်နဲ့ ဘာစီလိုနာဂန္တဝင်ကြီး အင်နီယေစတာတို့ပဲ ဖြစ်ပါတယ်။

ဝိုက်နယ်ဒမ်က မန်နေဂျာယာဂင်ကလော့ပ်ဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်ဖလား ရကိုရရမယ်လို့ တောင်းဆိုခြင်း မရှိပဲ ပြိုင်ပွဲတွေကို အကောင်းဆုံးနဲ့ ဖိအားကင်းကင်း ယှဉ်ပြိုင်ဖို့ပဲ တိုက်တွန်းထားကာ အေးအေးဆေးဆေး ရှိနေတယ်လို့ ထုတ်ပြောပါတယ်။

လီဗာပူးနဲ့ ဗန်ဒိုက်ကြား ၆ နှစ်သက်တမ်းရှိ စာချုပ်သစ် သဘောတူညီမှု ရထားပြီဆိုတဲ့ အင်္ဂလန်မီဒီယာတွေက ဖော်ပြနေတဲ့ သတင်းတွေကို လီဗာပူးသတင်းထောက်တွေက ငြင်းဆန်လိုက်ပါတယ်။

လီဗာပူးဟာ ဇန်နဝါရီမှာတော့ ဗီလာရီးရဲအသင်းမှ အသက် ၂၀ အရွယ် တောင်ပံတိုက်စစ်သမား Samuel Chukwueze ကို ခေါ်ယူဖို့ အလားအလာတွေ ရှိနေကြောင်း သတင်းတွေ ထွက်လာနေပါပြီ။