လီဗာပူးကြင္းလယ္လူ ဝိုက္နယ္ဒမ္က ကလပ္အသင္းနဲ႔အတူ ေတာက္ပလာေနျပီး ကမၻာအဆင့္ခံစစ္မွဴးအျဖစ္ အားလံုးက လက္ခံလာရတဲ့ ဗန္ဒိုက္ကို ယာဂင္ကေလာ့ပ္ရဲ႕ ႏွစ္သက္မႈနဲ႔ ပက္သက္ျပီး ထုတ္ေျပာမႈ လုပ္လာခဲ့ပါတယ္။

၂၀၁၆ ခုႏွစ္မွာ တန္းဆင္းသြားတဲ့ နယူးကာဆယ္ကေန လီဗာပူးကို ေရာက္လာခဲ့တဲ့ ဝိုက္နယ္ဒမ္ဟာ ကလပ္အသင္းထံ ေရာက္မလာခင္က မန္ေနဂ်ာယာဂင္ကေလာ့ပ္နဲ႔ ေဆြးေႏြးမႈ လုပ္ခဲ့ေသးတာျဖစ္တယ္။ အဆိုပါ ေဆြးေႏြးမႈမွာ ကေလာ့ပ္က နယ္သာလန္အသင္းေဖာ္ ဗန္ဒိုက္နဲ႔ ပက္သက္ျပီး ဝိုက္နယ္ဒမ္ကို ေမးျမန္းမႈေတြ လုပ္ခဲ့တာျဖစ္တယ္။

ဝိုက္နယ္ဒမ္က ဗန္ဒိုက္က ခံစစ္ပိုင္းကို တိုးတက္ေစႏုိင္တဲ့ ကစားသမားဆိုတာကို ယာဂင္ကေလာ့ပ္အား ျပန္ေျပာခဲ့ပါတယ္။ နယ္သာလန္ကြင္းလယ္လူကေတာ့ ယာဂင္ကေလာ့ပ္ဟာ ဗန္ဒိုက္ကို ထိုစဥ္ကတည္းက ႏွစ္သက္ခဲ့သူျဖစ္ေၾကာင္းကို ထုတ္ေဖာ္ေျပာခဲ့တာျဖစ္တယ္။

“ လီဗာပူးကို ေျပာင္းမလာခင္က က်ေနာ္က မန္ေနဂ်ာယာဂင္ကေလာ့ပ္နဲ႔ ေတြ႔ဆံုစကားေျပာမႈ လုပ္ခြင့္ ရခဲ့ပါတယ္။ က်ေနာ္တို႔ ေတြ႔ဆံုမႈမွာ ယာဂင္ကေလာ့ပ္က ဗန္ဒိုက္နဲ႔ ပက္သက္ျပီးလည္း ေမးျမန္းခဲ့ေသးတာပါ။ က်ေနာ္ကေတာ့ ဗန္ဒိုက္ကို အျမဲတမ္ ျမင့္ျမင့္မားမား မွတ္ခ်က္ေကာင္းေတြ ေပးေလ့ရွိပါတယ္။

ယာဂင္ကေလာ့ပ္ရဲ႕ ေမးခြန္းထုတ္မႈကို က်ေနာ္ကပဲ ဗန္ဒိုက္ဟာ ခံစစ္ပိုင္းကို အမ်ားၾကီး တိုးတက္ေစလိမ့္မယ္လုိ႔ ျပန္ေျဖခဲ့တယ္။ မက္ဆီ၊ ေရာ္နယ္ဒိုကို ေက်ာ္ျဖတ္ျပီး အေကာင္းဆံုးဆုရေတာ့ က်ေနာ္ မအံ့ၾသမိပါဘူး။ ဗန္ဒိုက္က အေကာင္းဆံုး ေဘာလံုးရာသီကို ပိုင္ဆိုင္ခဲ့တာျဖစ္ျပီး သူေအာင္ျမင္ခဲ့တာေတြအတြက္ က်ေနာ္ကေတာ့ မအံ့ၾသမိပါဘူး ” လို႔ ဆိုသြားခဲ့ပါတယ္။

၂၀၁၇ ေႏြအေျပာင္းအေရႊ႔မွာ ယာဂင္ကေလာ့ပ္က ဗန္ဒိုက္ကို ေခၚယူေပးဖို႔ ေတာင္းဆိုေပမယ့္ ကလပ္အသင္းက မေခၚေပးႏုိင္လုိ႔ ခံစစ္သမား လံုးဝ မေခၚယူခဲ့ပဲ ရွိတဲ့ခံစစ္သမားေတြနဲ႔ ျပိဳင္ပြဲဝင္ခဲ့တယ္။ ေဆာင္းရာသီ အေျပာင္းအေရႊ႔မွ ကမၻာစံခ်ိန္တင္ေၾကးနဲ႔ ဗန္ဒိုက္ကို ကေလာ့ပ္ ရခဲ့တာပဲျဖစ္ပါတယ္။

UNICODE

လီဗာပူးကွင်းလယ်လူ ဝိုက်နယ်ဒမ်က ကလပ်အသင်းနဲ့အတူ တောက်ပလာနေပြီး ကမ္ဘာအဆင့်ခံစစ်မှူးအဖြစ် အားလုံးက လက်ခံလာရတဲ့ ဗန်ဒိုက်ကို ယာဂင်ကလော့ပ်ရဲ့ နှစ်သက်မှုနဲ့ ပက်သက်ပြီး ထုတ်ပြောမှု လုပ်လာခဲ့ပါတယ်။

၂၀၁၆ ခုနှစ်မှာ တန်းဆင်းသွားတဲ့ နယူးကာဆယ်ကနေ လီဗာပူးကို ရောက်လာခဲ့တဲ့ ဝိုက်နယ်ဒမ်ဟာ ကလပ်အသင်းထံ ရောက်မလာခင်က မန်နေဂျာယာဂင်ကလော့ပ်နဲ့ ဆွေးနွေးမှု လုပ်ခဲ့သေးတာဖြစ်တယ်။ အဆိုပါ ဆွေးနွေးမှုမှာ ကလော့ပ်က နယ်သာလန်အသင်းဖော် ဗန်ဒိုက်နဲ့ ပက်သက်ပြီး ဝိုက်နယ်ဒမ်ကို မေးမြန်းမှုတွေ လုပ်ခဲ့တာဖြစ်တယ်။

ဝိုက်နယ်ဒမ်က ဗန်ဒိုက်က ခံစစ်ပိုင်းကို တိုးတက်စေနိုင်တဲ့ ကစားသမားဆိုတာကို ယာဂင်ကလော့ပ်အား ပြန်ပြောခဲ့ပါတယ်။ နယ်သာလန်ကွင်းလယ်လူကတော့ ယာဂင်ကလော့ပ်ဟာ ဗန်ဒိုက်ကို ထိုစဉ်ကတည်းက နှစ်သက်ခဲ့သူဖြစ်ကြောင်းကို ထုတ်ဖော်ပြောခဲ့တာဖြစ်တယ်။

“ လီဗာပူးကို ပြောင်းမလာခင်က ကျနော်က မန်နေဂျာယာဂင်ကလော့ပ်နဲ့ တွေ့ဆုံစကားပြောမှု လုပ်ခွင့် ရခဲ့ပါတယ်။ ကျနော်တို့ တွေ့ဆုံမှုမှာ ယာဂင်ကလော့ပ်က ဗန်ဒိုက်နဲ့ ပက်သက်ပြီးလည်း မေးမြန်းခဲ့သေးတာပါ။ ကျနော်ကတော့ ဗန်ဒိုက်ကို အမြဲတမ် မြင့်မြင့်မားမား မှတ်ချက်ကောင်းတွေ ပေးလေ့ရှိပါတယ်။

ယာဂင်ကလော့ပ်ရဲ့ မေးခွန်းထုတ်မှုကို ကျနော်ကပဲ ဗန်ဒိုက်ဟာ ခံစစ်ပိုင်းကို အများကြီး တိုးတက်စေလိမ့်မယ်လို့ ပြန်ဖြေခဲ့တယ်။ မက်ဆီ၊ ရော်နယ်ဒိုကို ကျော်ဖြတ်ပြီး အကောင်းဆုံးဆုရတော့ ကျနော် မအံ့သြမိပါဘူး။ ဗန်ဒိုက်က အကောင်းဆုံး ဘောလုံးရာသီကို ပိုင်ဆိုင်ခဲ့တာဖြစ်ပြီး သူအောင်မြင်ခဲ့တာတွေအတွက် ကျနော်ကတော့ မအံ့သြမိပါဘူး ” လို့ ဆိုသွားခဲ့ပါတယ်။

၂၀၁၇ နွေအပြောင်းအရွှေ့မှာ ယာဂင်ကလော့ပ်က ဗန်ဒိုက်ကို ခေါ်ယူပေးဖို့ တောင်းဆိုပေမယ့် ကလပ်အသင်းက မခေါ်ပေးနိုင်လို့ ခံစစ်သမား လုံးဝ မခေါ်ယူခဲ့ပဲ ရှိတဲ့ခံစစ်သမားတွေနဲ့ ပြိုင်ပွဲဝင်ခဲ့တယ်။ ဆောင်းရာသီ အပြောင်းအရွှေ့မှ ကမ္ဘာစံချိန်တင်ကြေးနဲ့ ဗန်ဒိုက်ကို ကလော့ပ် ရခဲ့တာပဲဖြစ်ပါတယ်။