ZAWGYI – ႐ိုးမား တိုက္စစ္မႉး ဒီဇီကိုဟာ အာဆင္နယ္ ကေန အငွားနဲ႔ ေရာက္ရွိလာတဲ့ ေတာင္ပံကစားသမား မီခီတာရန္ေၾကာင့္ ကစားရပိုမို လြယ္ကူ လာလိမ့္မယ္လို႔ ေျပာၾကားလိုက္ပါတယ္။ အသက္ (၃၀) အ႐ြယ္ အာဆင္နယ္ ကြင္းလယ္သမားဟာ အေျပာင္းအေ႐ႊ႕ ေနာက္ဆုံးရက္ေရာက္မွ ႐ိုးမားထံ တစ္ရာသီ အငွားစာခ်ဳပ္နဲ႔ ေျပာင္းေ႐ႊ႔သြားခဲ့တာပါ။

အာဆင္နယ္ ကေန ဒါဘီေကာင္တီအသင္းထံ ေျပာင္းေ႐ႊ႕သြားခဲ့တဲ့ ခံစစ္ကစားသမား ခရစၥတီယန္ ဘီလစ္က သူ႔အေနနဲ႔ ေျမာက္လန္ဒန္ ကလပ္ အသင္းမွာ ကစားခြင့္ရဖို႔ ႀကီးႀကီးမားမား အိပ္မက္ခဲ့ဖူးၿပီး အာဆင္နယ္ အသင္းကို ခ်စ္ျမတ္ႏိုးေၾကာင္း ဖြင့္ဟ ေျပာဆိုခဲ့ပါတယ္။

အာဆင္နယ္ဟာ မစ္ဒယ္ဘေရာ့အသင္းမွ ေပါင္ ၉ သန္းတန္ လူငယ္ခံစစ္မွဴး ေနသန္၀ုဒ္ကို လာမယ့္ ဇန္န၀ါရီမွာ ေခၚယူဖို႔ ေစာင့္ၾကည့္မႈေတြ ျပဳလုပ္ေနပါတယ္။ အသက္ ၁၇ နွစ္ အရြယ္ ခံစစ္မွဴးေလးကို ဘန္ေလအသင္းကလည္း ေခၚယူလိုေနတာပါ။

အာဆင္နယ္အသင္းဟာ တိုက္စစ္မွဴး လာကာဇက္တီရဲ႕ စာခ်ဳပ္ကို ၂၀၂၃ ထိ သက္တမ္းတိုးနိုင္ေအာင္ ေဆြးေႏြးမႈ ျပဳလုပ္ေနျပီ ျဖစ္ေၾကာင္း ေဒးလီးေမးလ္ သတင္းမွာ ေဖာ္ျပလာပါတယ္။

စီးရီးေအကလပ္ ဂ်ဴဗင္တပ္ အသင္းဟာ ေလဗာကူဆင္ အသင္းရဲ႕ ကြင္းလယ္လူ ကိုင္ဟားဗက္ဇ္ကို ေခၚယူဖို႔ ျပင္ဆင္ေနပါတယ္။ အသက္ ၂၀ အ႐ြယ္ ကြင္းလယ္သမားကို ဘိုင္ယန္ျမဴးနစ္၊ ေဒါ့မြန္၊ အာဆင္နယ္အသင္းတို႔ကလည္း အၿပိဳင္အဆိုင္ စိတ္ဝင္စားေနပါတယ္။

ရီးရဲလ္မက္ဒရစ္ ကေန အာဆင္နယ္ထံ တစ္ရာသီ အငွား စာခ်ဳပ္နဲ႔ လာကစားေနတဲ့ ကြင္းလယ္ ကစားသမား ဆီးဘယ္ေလာ့ ကသူ႔ရဲ႕ အငွားစာခ်ဳပ္မွာ အၿပီးသတ္ ေခၚယူခြင့္ မထည့္သြင္းဖို႔ ရီးရဲလ္ထံ ေတာင္းဆိုခဲ့ပါတယ္။

ဆီးဘယ္ေလာ့ဟာ အာဆင္နယ္ အသင္းအတြက္ ကစားေပးခဲ့တဲ့ ပြဲေတြမွာ ပုံစံေကာင္းျပသေနေပမယ့္ အၿပီးသတ္ ေျပာင္းေ႐ႊ႕လိုတဲ့ ဆႏၵ မရွိေသးဘူးလို႔ သိရပါတယ္။

အာဆင္နယ္အသင္း နည္းျပေဟာင္း အာဆင္ဝင္းဂါးက အာဆင္နယ္ဟာ ပရီးမီးယားလိဂ္မွာ ေရွ႕ေျပးေနတဲ့ မန္စီးတီး၊ လီဗာပူး တို႔ကို စိန္ေခၚႏိုင္စြမ္း ရွိေနၿပီလို႔ သုံးသပ္ေျပာဆိုခဲ့ပါတယ္။

Myan News

UNICODE – ရိုးမား တိုက်စစ်မှူး ဒီဇီကိုဟာ အာဆင်နယ် ကနေ အငှားနဲ့ ရောက်ရှိလာတဲ့ တောင်ပံကစားသမား မီခီတာရန်ကြောင့် ကစားရပိုမို လွယ်ကူ လာလိမ့်မယ်လို့ ပြောကြားလိုက်ပါတယ်။ အသက် (၃၀) အရွယ် အာဆင်နယ် ကွင်းလယ်သမားဟာ အပြောင်းအရွှေ့ နောက်ဆုံးရက်ရောက်မှ ရိုးမားထံ တစ်ရာသီ အငှားစာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့တာပါ။

အာဆင်နယ် ကနေ ဒါဘီကောင်တီအသင်းထံ ပြောင်းရွှေ့သွားခဲ့တဲ့ ခံစစ်ကစားသမား ခရစ္စတီယန် ဘီလစ်က သူ့အနေနဲ့ မြောက်လန်ဒန် ကလပ် အသင်းမှာ ကစားခွင့်ရဖို့ ကြီးကြီးမားမား အိပ်မက်ခဲ့ဖူးပြီး အာဆင်နယ် အသင်းကို ချစ်မြတ်နိုးကြောင်း ဖွင့်ဟ ပြောဆိုခဲ့ပါတယ်။

အာဆင်နယ်ဟာ မစ်ဒယ်ဘရော့အသင်းမှ ပေါင် ၉ သန်းတန် လူငယ်ခံ့စစ်မှူး နေသန်ဝုဒ်ကို လာမယ့် ဇန်နဝါရီမှာ ခေါ်ယူဖို့ စောင့်ကြည့်မှုတွေ ပြုလုပ်နေပါတယ်။ အသက် ၁၇ နှစ် အရွယ် ခံစစ်မှူးလေးကို ဘန်လေအသင်းကလည်း ခေါ်ယူလိုနေတာပါ။

အာဆင်နယ်အသင်းဟာ တိုက်စစ်မှူး လာကာဇက်တီရဲ့ စာချုပ်ကို ၂၀၂၃ ထိ သက်တမ်းတိုးနိုင်အောင် ဆွေးနွေးမှု ပြုလုပ်နေပြီ ဖြစ်ကြောင်း ဒေးလီးမေးလ် သတင်းမှာ ဖော်ပြလာပါတယ်။

စီးရီးအေကလပ် ဂျူဗင်တပ် အသင်းဟာ လေဗာကူဆင် အသင်းရဲ့ ကွင်းလယ်လူ ကိုင်ဟားဗက်ဇ်ကို ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။ အသက် ၂၀ အရွယ် ကွင်းလယ်သမားကို ဘိုင်ယန်မြူးနစ်၊ ဒေါ့မွန်၊ အာဆင်နယ်အသင်းတို့ကလည်း အပြိုင်အဆိုင် စိတ်ဝင်စားနေပါတယ်။

ရီးရဲလ်မက်ဒရစ် ကနေ အာဆင်နယ်ထံ တစ်ရာသီ အငှား စာချုပ်နဲ့ လာကစားနေတဲ့ ကွင်းလယ် ကစားသမား ဆီးဘယ်လော့ ကသူ့ရဲ့ အငှားစာချုပ်မှာ အပြီးသတ် ခေါ်ယူခွင့် မထည့်သွင်းဖို့ ရီးရဲလ်ထံ တောင်းဆိုခဲ့ပါတယ်။

ဆီးဘယ်လော့ဟာ အာဆင်နယ် အသင်းအတွက် ကစားပေးခဲ့တဲ့ ပွဲတွေမှာ ပုံစံကောင်းပြသနေပေမယ့် အပြီးသတ် ပြောင်းရွှေ့လိုတဲ့ ဆန္ဒ မရှိသေးဘူးလို့ သိရပါတယ်။

အာဆင်နယ်အသင်း နည်းပြဟောင်း အာဆင်ဝင်းဂါးက အာဆင်နယ်ဟာ ပရီးမီးယားလိဂ်မှာ ရှေ့ပြေးနေတဲ့ မန်စီးတီး၊ လီဗာပူး တို့ကို စိန်ခေါ်နိုင်စွမ်း ရှိနေပြီလို့ သုံးသပ်ပြောဆိုခဲ့ပါတယ်။

Myan News