လီဗာပူးအသင္းဟာ သြင္းဂိုးေတြအတြက္ အဓိက တိုက္စစ္သမား သံုးဦးထံကေန ဂိုးေတြရေနေပမယ့္လို႔ ပရီးမီးယားလိဂ္ အသင္းတိုင္းထက္ သာလြန္ေနတဲ့ နည္းစနစ္အားသားခ်က္တစ္ခုလည္း ရွိလာေနပါတယ္။

မႏွစ္ကရာသီစကတည္းက လီဗာပူးဟာ ေခါင္းတိုက္သြင္းဂိုး ၂၂ ဂိုးထိ သြင္းယူထားခဲ့ျပီျဖစ္တယ္။ လီဗာပူးရဲ႕ မွတ္တမ္းကို အနီးစပ္ဆံုး လိုက္မွီေနတဲ့အသင္းအျဖစ္ စပါးက ေခါင္းတိုက္သြင္းဂိုး ၁၅ ဂိုး သြင္းယူထားျပီး ဘန္ေလ၊ အဲဗာတန္နဲ႔ မန္စီးတီးတို႔က ၁၃ ဂိုးစီ သြင္းယူထားႏုိင္တာျဖစ္ပါတယ္။

လီဗာပူးရဲ႕ ေခါင္းတိုက္သြင္းဂိုးေတြမွာ အေရးပါသူကေတာ့ အရပ္ ၅ ေပ ၉ လက္မပဲရွိတဲ့ မာေနးျဖစ္ျပီး သူဟာ ေခါင္းတိုက္သြင္းဂိုး ၆ ဂိုးထိ သြင္းယူထားပါတယ္။ ဖာမင္ႏိုနဲ႔ ဗန္ဒိုက္တုိ႔က ေခါင္းတိုက္ဂိုး ၄ ဂိုးစီ သြင္းယူထားျပီး အိုရီဂီက သံုးဂိုးထိ သြင္းယူထားတာျဖစ္တယ္။

ဒီရာသီမွာ စူပါဖလားျပိဳင္ပြဲအတြင္း သြင္းဂိုး တစ္ဂိုး သြင္းယူခဲ့ေသးတဲ့ မာတစ္ဟာ ပရီးမီးယားလိဂ္ပြဲျဖစ္တဲ့ အာဆင္နယ္နဲ႔ပြဲမွာ ေခါင္းတိုက္သြင္းဂိုး ရယူထားပါေသးတယ္။ လီဗာပူးရဲ႕ အစြန္လူေတြျဖစ္တဲ့ အာႏိုးနဲ႔ ေရာ္ဘတ္ဆန္ဟာ အသင္းေဖာ္ေတြ ေခါင္းတိုက္ႏုိင္ေအာင္ ျဖတ္တင္ေဘာေတြ အေကာင္းဆံုး လုပ္ႏုိင္ၾကသူေတြျဖစ္တယ္။

လီဗာပူးဟာ တည္ကန္ေဘာေတြကေန ျခိမ္းေျခာက္ႏုိင္မႈ ျမင့္တက္လာေနျပီး ျပိဳင္ဘက္ေတြကို အဆိုပါ အေနအထားကေန ေကာင္းေကာင္းၾကီး ျခိမ္းေျခာက္လာႏုိင္ျပီျဖစ္တယ္။ တူညီတဲ့ အေနအထားအျဖစ္ လီဗာပူးရဲ႕ ခံစစ္ဟာ တည္ကန္ေဘာ၊ ျဖတ္တင္ေဘာေတြကေန ျပိဳင္ဘက္ေတြကို ဂိုးေပးရမႈႏႈန္းကလည္း က်ဆင္းလာေနျပီျဖစ္ပါတယ္။

UNICODE

လီဗာပူးအသင်းဟာ သွင်းဂိုးတွေအတွက် အဓိက တိုက်စစ်သမား သုံးဦးထံကနေ ဂိုးတွေရနေပေမယ့်လို့ ပရီးမီးယားလိဂ် အသင်းတိုင်းထက် သာလွန်နေတဲ့ နည်းစနစ်အားသားချက်တစ်ခုလည်း ရှိလာနေပါတယ်။

မနှစ်ကရာသီစကတည်းက လီဗာပူးဟာ ခေါင်းတိုက်သွင်းဂိုး ၂၂ ဂိုးထိ သွင်းယူထားခဲ့ပြီဖြစ်တယ်။ လီဗာပူးရဲ့ မှတ်တမ်းကို အနီးစပ်ဆုံး လိုက်မှီနေတဲ့အသင်းအဖြစ် စပါးက ခေါင်းတိုက်သွင်းဂိုး ၁၅ ဂိုး သွင်းယူထားပြီး ဘန်လေ၊ အဲဗာတန်နဲ့ မန်စီးတီးတို့က ၁၃ ဂိုးစီ သွင်းယူထားနိုင်တာဖြစ်ပါတယ်။

လီဗာပူးရဲ့ ခေါင်းတိုက်သွင်းဂိုးတွေမှာ အရေးပါသူကတော့ အရပ် ၅ ပေ ၉ လက်မပဲရှိတဲ့ မာနေးဖြစ်ပြီး သူဟာ ခေါင်းတိုက်သွင်းဂိုး ၆ ဂိုးထိ သွင်းယူထားပါတယ်။ ဖာမင်နိုနဲ့ ဗန်ဒိုက်တို့က ခေါင်းတိုက်ဂိုး ၄ ဂိုးစီ သွင်းယူထားပြီး အိုရီဂီက သုံးဂိုးထိ သွင်းယူထားတာဖြစ်တယ်။

ဒီရာသီမှာ စူပါဖလားပြိုင်ပွဲအတွင်း သွင်းဂိုး တစ်ဂိုး သွင်းယူခဲ့သေးတဲ့ မာတစ်ဟာ ပရီးမီးယားလိဂ်ပွဲဖြစ်တဲ့ အာဆင်နယ်နဲ့ပွဲမှာ ခေါင်းတိုက်သွင်းဂိုး ရယူထားပါသေးတယ်။ လီဗာပူးရဲ့ အစွန်လူတွေဖြစ်တဲ့ အာနိုးနဲ့ ရော်ဘတ်ဆန်ဟာ အသင်းဖော်တွေ ခေါင်းတိုက်နိုင်အောင် ဖြတ်တင်ဘောတွေ အကောင်းဆုံး လုပ်နိုင်ကြသူတွေဖြစ်တယ်။

လီဗာပူးဟာ တည်ကန်ဘောတွေကနေ ခြိမ်းခြောက်နိုင်မှု မြင့်တက်လာနေပြီး ပြိုင်ဘက်တွေကို အဆိုပါ အနေအထားကနေ ကောင်းကောင်းကြီး ခြိမ်းခြောက်လာနိုင်ပြီဖြစ်တယ်။ တူညီတဲ့ အနေအထားအဖြစ် လီဗာပူးရဲ့ ခံစစ်ဟာ တည်ကန်ဘော၊ ဖြတ်တင်ဘောတွေကနေ ပြိုင်ဘက်တွေကို ဂိုးပေးရမှုနှုန်းကလည်း ကျဆင်းလာနေပြီဖြစ်ပါတယ်။