ZAWGYI – မန္ယူအသင္းဟာ အားကစား ဒါ႐ိုက္တာ ရာထူးအတြက္ အသင္းရဲ႕ ဂိုးသမားေဟာင္း ဗန္ဒါးဆားကို ျပန္ေခၚဖို႔ ျပင္ဆင္ေနပါတယ္။ လက္ရွိ အခ်ိန္မွာ နယ္သာလန္ကလပ္ ေအဂ်က္ အသင္းရဲ႕ အမႈေဆာင္ အရာရွိခ်ဳပ္အျဖစ္ ေဆာင္႐ြက္ေနတဲ့ ဗန္ဒါးဆားကလည္း ေအဂ်က္ ကေန ထြက္ခြာဖို႔ အရိပ္အႁမြက္ ေျပာၾကားထားပါတယ္။

မန္ယူ ကစားသမားေတြဟာ ဆန္းခ်က္ အသင္းက ထြက္ခြာသြားတာကို ေပ်ာ္႐ႊင္ေနတယ္လို႔ သိရပါတယ္။ ခ်ီလီလက္ေ႐ြးစင္ ကစားသမား ရရွိေနတဲ့ တစ္ပတ္လုပ္ခ ေပါင္ (၅) သိန္းဆိုတဲ့ ပမာဏက အလြန္အမင္းမ်ားျပားေနတယ္လို႔ မန္ယူ ၾကယ္ပြင့္အမ်ားစုက ယုံၾကည္ေနၾကတာပါ။

မန္ယူတိုက္စစ္မႈး မားကပ္ ရက္ဖိုဒ့္နဲ႔ ခံစစ္မႈး မက္ဂြဲယားတို႔ဟာ ညက ကစားခဲ့ တဲ့ အဂၤလန္ ဘူေဂးရီးယား ယူရို ၂၀၂၀ ေျခစစ္ပြဲ မွာ ပါ၀င္ ကစားခဲ့ၾကပါတယ္။ ရက္ဖိုဒ့္ဟာ ဂုိး မသြင္းႏိုင္ခဲ့ေသာ္လည္း တိုက္စစ္မွာ ကိန္း ၊ စတာလင္တုိ႔နဲ႔ အတြဲညီခဲ့ၾကပါတယ္။

မန္ယူအသင္းဟာ ဂ်ဴဗင္တပ္ တိုက္စစ္မႉး ဒိုင္ဘားလားကို ေခၚဖို႔ လက္ေလွ်ာ့ျခင္းမရွိေသးဘဲ လာမယ့္ ဇန္နဝါရီလမွာ ထပ္မံ ႀကိဳးပမ္းသြားဦးမယ္ လို႔ သိရပါတယ္။

ဂ်ဴဗင္တပ္ အသင္းဟာ မန္ယူဂိုးသမား ဒီဂီယာကို အလြတ္ ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူႏိုင္ဖို႔ ပစ္မွတ္ ထားေနပါတယ္။ လက္ရွိ ရာသီအၿပီးမွာ အသင္းနဲ႔ စာခ်ဳပ္ သက္တမ္း ကုန္ဆုံးမယ့္ ဒီဂီယာက အခုထိ မန္ယူနဲ႕ သက္တမ္းတိုး စာခ်ဳပ္ လက္မွတ္ မထိုးေသးတာေၾကာင့္ လာမယ့္ ဇန္နဝါရီမွာ အျခားအသင္းတစ္သင္းနဲ႔ အႀကိဳ သေဘာတူညီမႈ ရယူႏိုင္မွာ ျဖစ္ပါတယ္။

မန္ယူပစ္မွတ္ လက္စတာ ကြင္းလယ္တိုက္စစ္ကစားသမား ဂ်ိမ္းမက္ဒီဆင္ဟာ အနာဂတ္မွာ အျမင့္ဆုံးအဆင့္ တစ္ဆင့္မွာ ကစားလိုေၾကာင္း ဖြင့္ဟခဲ့တာေၾကာင့္ မန္ယူအသင္းဆီ မၾကာခင္ ေျပာင္းေရႊ႕နုိင္ေခ် မ်ားေၾကာင္း သံုးသပ္လာၾကပါတယ္။

အဂၤလန္လက္ေရြးစင္အသင္း နည္းျပ ေဆာက္ဂိတ္ကေတာ့ မန္ယူ ကြင္းလယ္ကစားသမား ဂ်က္ဆီ လင္ဂတ္ ကို ဒဏ္ရာေၾကာင့္ အိမ္ျပန္ လႊတ္ခဲ့ေၾကာင္း အတည္ျပဳေျပာၾကားခဲ့ကာ ကစားသမားဟာ ေနာက္ထပ္ ရက္အနည္းငယ္ ေလ့က်င့္ေရး ဆင္းနုိင္ဦးမွာ မဟုတ္ဘူးလို႔လည္း အသိေပးခဲ့ပါတယ္။

ပါးမားအသင္းထံ ေျပာင္းေရႊ႕သြားခဲ့တဲ့ မန္ယူခံစစ္မွဴး ဒါမီယန္းဟာ မန္ခ်က္စတာမွာ ၀တ္ဆင္ခဲ့တဲ့ ေက်ာနံပါတ္ ၃၆ ကိုပဲ ဆက္လက္ ၀တ္ဆင္သြားမယ္လို႔ သိရပါတယ္။

Myan News

UNICODE – မန်ယူအသင်းဟာ အားကစား ဒါရိုက်တာ ရာထူးအတွက် အသင်းရဲ့ ဂိုးသမားဟောင်း ဗန်ဒါးဆားကို ပြန်ခေါ်ဖို့ ပြင်ဆင်နေပါတယ်။ လက်ရှိ အချိန်မှာ နယ်သာလန်ကလပ် အေဂျက် အသင်းရဲ့ အမှုဆောင် အရာရှိချုပ်အဖြစ် ဆောင်ရွက်နေတဲ့ ဗန်ဒါးဆားကလည်း အေဂျက် ကနေ ထွက်ခွာဖို့ အရိပ်အမြွက် ပြောကြားထားပါတယ်။

မန်ယူ ကစားသမားတွေဟာ ဆန်းချက် အသင်းက ထွက်ခွာသွားတာကို ပျော်ရွှင်နေတယ်လို့ သိရပါတယ်။ ချီလီလက်ရွေးစင် ကစားသမား ရရှိနေတဲ့ တစ်ပတ်လုပ်ခ ပေါင် (၅) သိန်းဆိုတဲ့ ပမာဏက အလွန်အမင်းများပြားနေတယ်လို့ မန်ယူ ကြယ်ပွင့်အများစုက ယုံကြည်နေကြတာပါ။

မန်ယူတိုက်စစ်မှုး မားကပ် ရက်ဖိုဒ့်နဲ့ ခံစစ်မှုး မက်ဂွဲယားတို့ဟာ ညက ကစားခဲ့ တဲ့ အင်္ဂလန် ဘူဂေးရီးယား ယူရို ၂၀၂၀ ခြေစစ်ပွဲ မှာ ပါဝင် ကစားခဲ့ကြပါတယ်။ ရက်ဖိုဒ့်ဟာ ဂိုး မသွင်းနိုင်ခဲ့သော်လည်း တိုက်စစ်မှာ ကိန်း ၊ စတာလင်တို့နဲ့ အတွဲညီခဲ့ကြပါတယ်။

မန်ယူအသင်းဟာ ဂျူဗင်တပ် တိုက်စစ်မှူး ဒိုင်ဘားလားကို ခေါ်ဖို့ လက်လျှော့ခြင်းမရှိသေးဘဲ လာမယ့် ဇန်နဝါရီလမှာ ထပ်မံ ကြိုးပမ်းသွားဦးမယ် လို့ သိရပါတယ်။

ဂျူဗင်တပ် အသင်းဟာ မန်ယူဂိုးသမား ဒီဂီယာကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ ပစ်မှတ် ထားနေပါတယ်။ လက်ရှိ ရာသီအပြီးမှာ အသင်းနဲ့ စာချုပ် သက်တမ်း ကုန်ဆုံးမယ့် ဒီဂီယာက အခုထိ မန်ယူနဲ့ သက်တမ်းတိုး စာချုပ် လက်မှတ် မထိုးသေးတာကြောင့် လာမယ့် ဇန်နဝါရီမှာ အခြားအသင်းတစ်သင်းနဲ့ အကြို သဘောတူညီမှု ရယူနိုင်မှာ ဖြစ်ပါတယ်။

မန်ယူပစ်မှတ် လက်စတာ ကွင်းလယ်တိုက်စစ်ကစားသမား ဂျိမ်းမက်ဒီဆင်ဟာ အနာဂတ်မှာ အမြင့်ဆုံးအဆင့် တစ်ဆင့်မှာ ကစားလိုကြောင်း ဖွင့်ဟခဲ့တာကြောင့် မန်ယူအသင်းဆီ မကြာခင် ပြောင်းရွှေ့နိုင်ချေ များကြောင်း သုံးသပ်လာကြပါတယ်။

အင်္ဂလန်လက်ရွေးစင်အသင်း နည်းပြ ဆောက်ဂိတ်ကတော့ မန်ယူ ကွင်းလယ်ကစားသမား ဂျက်ဆီ လင်ဂတ် ကို ဒဏ်ရာကြောင့် အိမ်ပြန် လွှတ်ခဲ့ကြောင်း အတည်ပြုပြောကြားခဲ့ကာ ကစားသမားဟာ နောက်ထပ် ရက်အနည်းငယ် လေ့ကျင့်ရေး ဆင်းနိုင်ဦးမှာ မဟုတ်ဘူးလို့လည်း အသိပေးခဲ့ပါတယ်။

ပါးမားအသင်းထံ ပြောင်းရွှေ့သွားခဲ့တဲ့ မန်ယူခံစစ်မှူး ဒါမီယန်းဟာ မန်ချက်စတာမှာ ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၃၆ ကိုပဲ ဆက်လက် ဝတ်ဆင်သွားမယ်လို့ သိရပါတယ်။

Myan News