ခံစစ္ပိုင္းမွာ စိတ္ပူစရာ အေနအထားကို ပိုင္ဆိုင္ေနတဲ့ မန္စီးတီးအတြက္ သတင္းေကာင္းတစ္ခုကေတာ့ ခံစစ္မွဴး ေအာ္တာမန္ဒီဟာ လက္ေရြးစင္တာဝန္ကေန ပိုေစာစြာပဲ ကလပ္အသင္းထံ ျပန္လာေတာ့မယ္လို႔ သိရပါတယ္။

ခံစစ္မွဴးဟာ မူလအစီအစဥ္မွာတုန္းက လာမယ့္ ဗုဒၶဟူးေန႔မွာ မကၠဆီကိုအသင္းနဲ႔ ခ်စ္ၾကည္ေရးပြဲ ကစားျပီး ေနာက္တစ္ရပ္မွ မန္ခ်က္စတာကို ျပန္လာဖို႔ျဖစ္တယ္။ ဒါဆိုရင္ေတာ့ ၁၄ နာရီၾကာ ေလယာဥ္ခရီးေၾကာင့္ ၾကာသပေတးေန႔မွ ေရာက္မွာျဖစ္ကာ စေနေန႔ပြဲမတိုင္ခင္ တစ္ရက္ပဲ အသင္းနဲ႔ ေလ့က်င့္ခြင့္ရမွာျဖစ္တယ္။

မန္စီးတီးမွာ ခံစစ္မွဴး လာေပၚေတး ရာသီဝက္ အနားယူရမွာျဖစ္သလို ဂၽြန္စတုန္းကလည္း ၾကြက္သားဒဏ္ရာေၾကာင့္ ၅ ပတ္ထိ အနားယူရမွာျဖစ္ျပီး ေအာ္တာမန္ဒီ တစ္ဦးပဲ ပြဲထြက္ကစားေပးဖို႔ ေသခ်ာေနတာျဖစ္တယ္။ ေျပာင္းသြားတဲ့ အစီအစဥ္အရ ေအာ္တာမန္ဒီဟာ စေနေန႔က မန္ခ်က္စတာကို ျပန္လာခဲ့ျပီလို႔ သိရပါတယ္။

ေအာ္တာမန္ဒီဟာ မၾကာခင္မွာပဲ ကလပ္အသင္းကို သူျပန္လာျပီဆိုတာ သတင္းပို႔မွာျဖစ္ျပီး လာမယ့္အပတ္မွာ ယွဥ္ျပိဳင္ရမယ့္ ေနာ္ဝစ္နဲ႔ပြဲအတြက္ အေကာင္းဆံုး ျပင္ဆင္သြားမွာျဖစ္တယ္။ မန္ေနဂ်ာဂြာဒီယိုလာဟာ ေအာ္တာမန္ဒီရဲ႕ တြဲဘက္အျဖစ္ ဖာနန္ဒင္ဟိုကို အသံုးျပဳမယ္လို႔လည္း ခန္႔မွန္းရပါတယ္။

ေအာ္တာမန္ဒီကို ျပန္လႊတ္ဖို႔ ကိစၥကို အာဂ်င္တီးနားမန္ေနဂ်ာ၊ ကလပ္နဲ႔ ကစားသမားတို႔က ေဆြးေႏြးမႈရခဲ့ျခင္းလို႔ ယူဆရျပီး ဒီရာသီမွာ ထိပ္တန္းဂိုးသြင္းရွင္ျဖစ္ေနတဲ့ ပူကီကို တားဆီးဖို႔ရာမွာ ေအာ္တာမန္ဒီက အေရးပါတဲ့ ကစားသမား ျဖစ္လာဖြယ္ရွိေနပါတယ္။

UNICODE

ခံစစ်ပိုင်းမှာ စိတ်ပူစရာ အနေအထားကို ပိုင်ဆိုင်နေတဲ့ မန်စီးတီးအတွက် သတင်းကောင်းတစ်ခုကတော့ ခံစစ်မှူး အော်တာမန်ဒီဟာ လက်ရွေးစင်တာဝန်ကနေ ပိုစောစွာပဲ ကလပ်အသင်းထံ ပြန်လာတော့မယ်လို့ သိရပါတယ်။

ခံစစ်မှူးဟာ မူလအစီအစဉ်မှာတုန်းက လာမယ့် ဗုဒ္ဓဟူးနေ့မှာ မက္ကဆီကိုအသင်းနဲ့ ချစ်ကြည်ရေးပွဲ ကစားပြီး နောက်တစ်ရပ်မှ မန်ချက်စတာကို ပြန်လာဖို့ဖြစ်တယ်။ ဒါဆိုရင်တော့ ၁၄ နာရီကြာ လေယာဉ်ခရီးကြောင့် ကြာသပတေးနေ့မှ ရောက်မှာဖြစ်ကာ စနေနေ့ပွဲမတိုင်ခင် တစ်ရက်ပဲ အသင်းနဲ့ လေ့ကျင့်ခွင့်ရမှာဖြစ်တယ်။

မန်စီးတီးမှာ ခံစစ်မှူး လာပေါ်တေး ရာသီဝက် အနားယူရမှာဖြစ်သလို ဂျွန်စတုန်းကလည်း ကြွက်သားဒဏ်ရာကြောင့် ၅ ပတ်ထိ အနားယူရမှာဖြစ်ပြီး အော်တာမန်ဒီ တစ်ဦးပဲ ပွဲထွက်ကစားပေးဖို့ သေချာနေတာဖြစ်တယ်။ ပြောင်းသွားတဲ့ အစီအစဉ်အရ အော်တာမန်ဒီဟာ စနေနေ့က မန်ချက်စတာကို ပြန်လာခဲ့ပြီလို့ သိရပါတယ်။

အော်တာမန်ဒီဟာ မကြာခင်မှာပဲ ကလပ်အသင်းကို သူပြန်လာပြီဆိုတာ သတင်းပို့မှာဖြစ်ပြီး လာမယ့်အပတ်မှာ ယှဉ်ပြိုင်ရမယ့် နော်ဝစ်နဲ့ပွဲအတွက် အကောင်းဆုံး ပြင်ဆင်သွားမှာဖြစ်တယ်။ မန်နေဂျာဂွာဒီယိုလာဟာ အော်တာမန်ဒီရဲ့ တွဲဘက်အဖြစ် ဖာနန်ဒင်ဟိုကို အသုံးပြုမယ်လို့လည်း ခန့်မှန်းရပါတယ်။

အော်တာမန်ဒီကို ပြန်လွှတ်ဖို့ ကိစ္စကို အာဂျင်တီးနားမန်နေဂျာ၊ ကလပ်နဲ့ ကစားသမားတို့က ဆွေးနွေးမှုရခဲ့ခြင်းလို့ ယူဆရပြီး ဒီရာသီမှာ ထိပ်တန်းဂိုးသွင်းရှင်ဖြစ်နေတဲ့ ပူကီကို တားဆီးဖို့ရာမှာ အော်တာမန်ဒီက အရေးပါတဲ့ ကစားသမား ဖြစ်လာဖွယ်ရှိနေပါတယ်။