ခ်ယ္ဆီးကစားသမား ဝီလီယမ္က ကလပ္အသင္းဟာ ဒီရာသီမွာ အမွတ္ေပးဇယားကို စိန္ေခၚႏုိင္တယ္လို႔ ယံုၾကည္ေနေပမယ့္ ဟာဇက္နဲ႔ လူးဝစ္တုိ႔ ထြက္ခြာျခင္းက ကလပ္အသင္းကို အခက္အခဲေတြၾကား တြန္းပိုခဲ့ပါေၾကာင္း ေျပာဆိုလာခဲ့ပါတယ္။

ခ်ယ္ဆီးအသင္းရဲ႕ အဓိက ကစားသမားေတြဟာ ကိုယ္ပိုင္ အေၾကာင္းျပခ်က္ေတြနဲ႔ ထြက္ခြာသြားခဲ့တာပါ။ ဟာဇက္က သူ႔ရဲ႕ ငယ္ဘဝ အိပ္မက္လို႔ ဆိုႏုိင္တဲ့ ရီးရဲလ္မက္ဒရစ္ကို စြန္႔ခြာဖို႔ ၾကိဳးစားခဲ့တာျဖစ္ျပီး လူးဝစ္ကေတာ့ အံ့အားသင့္ဖြယ္ပဲ လန္ဒန္ဒါဘီျပိဳင္ဘက္ အာဆင္နယ္ကို ေျပာင္းေရႊ႔ခဲ့တာ ျဖစ္ပါတယ္။

ဝီလီယမ္က ေျပာရာမွာ ” ဒီရာသီမ်ာ ခ်ယ္ဆီးက ဆုဖလားေတြကို အႏုိင္ရႏုိင္ပါတယ္။ ဒီရာသီ ဆုဖလားေတြ အႏုိင္ရဖို႔ ခက္ခဲမယ္ဆိုတာ သိေပမယ့္လည္း ဆုဖလားေတြက အျမဲတမ္း ခက္ခဲတာခ်ည္းပါပဲ။ လူးဝစ္နဲ႔ ဟာဇက္လို ကစားသမားေတြကို ဆံုးရံွဴးခဲ့တာက အသင္းကို ပိုမို ခက္ခဲေစခဲ့ပါတယ္။

တိုးတက္လာဖို႔အတြက္ က်ေနာ္တို႔မွာ အရည္အခ်င္းရွိတဲ့ လူငယ္ကစားသမားေတြ ပိုင္ဆိုင္ထားပါေသးတယ္။ အနာဂတ္မွာ လိဂ္ရဲ႕ အေကာင္းဆံုး ကစားသမားေတြ ျဖစ္လာႏုိင္သူေတြပါ။ က်ေန္ာတို႔က အသင္းေကာင္းတစ္သင္းကို ပိုင္ဆိုင္ထားတယ္လို႔ ထင္တယ္။ ခ်ယ္ဆီးက အသင္းၾကီးျဖစ္ျပီး ဒီဂ်ာစီက တာဝန္ၾကီးပါတယ္။

ခ်ယ္ဆီးအသင္းက ျပိဳင္ပြဲေတြထံ ပါဝင္ယွဥ္ျပိဳင္တဲ့အခါမွာ က်ေနာ္တုိ႔က အႏုိင္ရဖို႔ ယွဥ္ျပိဳင္တာပါ။ ကစားသမားေတြ ဘယ္သူေတြျဖစ္ပါေစ၊ မန္ေနဂ်ာက ဘယ္သူျဖစ္ပါေစ အေရးမၾကီးပါဘူး။ က်ေနာ္တုိ႔က ႏွစ္တိုင္းမွာ တစ္ခုခုကို အႏုိင္ရေအာင္ ၾကိဳးစားသူေတြပါ။ ဒီႏွစ္မွာလည္း ခ်ယ္ဆီးအသင္း ဆုဖလားေတြ အႏုိင္ဖို႔ ၾကိဳးစားႏုိင္မယ္လို႔ ထင္ပါတယ္ ” လို႔ ဆိုသြားခဲ့တာျဖစ္တယ္။

ခ်ယ္ဆီးအသင္းဟာ ဖီဖာရဲ႕ အေျပာင္းအေရႊ႔ ပိတ္ထားတဲ့ ျပစ္ဒဏ္ေၾကာင့္ ဒီေႏြမွာ ကစားသမား ေခၚယူမႈေတြ ျပဳလုပ္ႏုိင္ျခင္း မရွိပဲ လူငယ္ကစားသမားေတြကို အဓိက အားျပဳယွသ္ျပိဳင္ေနရျခင္းျဖစ္ကာ ဝီလီယံက ဝါရင့္ ကစားသမားအျဖစ္ အသင္းကို ဦးေဆာင္သူေတြဲ ပါဝင္ေနတာပဲျဖစ္ပါတယ္။

UNICODE

ချယ်ဆီးကစားသမား ဝီလီယမ်က ကလပ်အသင်းဟာ ဒီရာသီမှာ အမှတ်ပေးဇယားကို စိန်ခေါ်နိုင်တယ်လို့ ယုံကြည်နေပေမယ့် ဟာဇက်နဲ့ လူးဝစ်တို့ ထွက်ခွာခြင်းက ကလပ်အသင်းကို အခက်အခဲတွေကြား တွန်းပိုခဲ့ပါကြောင်း ပြောဆိုလာခဲ့ပါတယ်။

ချယ်ဆီးအသင်းရဲ့ အဓိက ကစားသမားတွေဟာ ကိုယ်ပိုင် အကြောင်းပြချက်တွေနဲ့ ထွက်ခွာသွားခဲ့တာပါ။ ဟာဇက်က သူ့ရဲ့ ငယ်ဘဝ အိပ်မက်လို့ ဆိုနိုင်တဲ့ ရီးရဲလ်မက်ဒရစ်ကို စွန့်ခွာဖို့ ကြိုးစားခဲ့တာဖြစ်ပြီး လူးဝစ်ကတော့ အံ့အားသင့်ဖွယ်ပဲ လန်ဒန်ဒါဘီပြိုင်ဘက် အာဆင်နယ်ကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။

ဝီလီယမ်က ပြောရာမှာ ” ဒီရာသီမျာ ချယ်ဆီးက ဆုဖလားတွေကို အနိုင်ရနိုင်ပါတယ်။ ဒီရာသီ ဆုဖလားတွေ အနိုင်ရဖို့ ခက်ခဲမယ်ဆိုတာ သိပေမယ့်လည်း ဆုဖလားတွေက အမြဲတမ်း ခက်ခဲတာချည်းပါပဲ။ လူးဝစ်နဲ့ ဟာဇက်လို ကစားသမားတွေကို ဆုံးရံှူးခဲ့တာက အသင်းကို ပိုမို ခက်ခဲစေခဲ့ပါတယ်။

တိုးတက်လာဖို့အတွက် ကျနော်တို့မှာ အရည်အချင်းရှိတဲ့ လူငယ်ကစားသမားတွေ ပိုင်ဆိုင်ထားပါသေးတယ်။ အနာဂတ်မှာ လိဂ်ရဲ့ အကောင်းဆုံး ကစားသမားတွေ ဖြစ်လာနိုင်သူတွေပါ။ ကျနေ်ာတို့က အသင်းကောင်းတစ်သင်းကို ပိုင်ဆိုင်ထားတယ်လို့ ထင်တယ်။ ချယ်ဆီးက အသင်းကြီးဖြစ်ပြီး ဒီဂျာစီက တာဝန်ကြီးပါတယ်။

ချယ်ဆီးအသင်းက ပြိုင်ပွဲတွေထံ ပါဝင်ယှဉ်ပြိုင်တဲ့အခါမှာ ကျနော်တို့က အနိုင်ရဖို့ ယှဉ်ပြိုင်တာပါ။ ကစားသမားတွေ ဘယ်သူတွေဖြစ်ပါစေ၊ မန်နေဂျာက ဘယ်သူဖြစ်ပါစေ အရေးမကြီးပါဘူး။ ကျနော်တို့က နှစ်တိုင်းမှာ တစ်ခုခုကို အနိုင်ရအောင် ကြိုးစားသူတွေပါ။ ဒီနှစ်မှာလည်း ချယ်ဆီးအသင်း ဆုဖလားတွေ အနိုင်ဖို့ ကြိုးစားနိုင်မယ်လို့ ထင်ပါတယ် ” လို့ ဆိုသွားခဲ့တာဖြစ်တယ်။

ချယ်ဆီးအသင်းဟာ ဖီဖာရဲ့ အပြောင်းအရွှေ့ ပိတ်ထားတဲ့ ပြစ်ဒဏ်ကြောင့် ဒီနွေမှာ ကစားသမား ခေါ်ယူမှုတွေ ပြုလုပ်နိုင်ခြင်း မရှိပဲ လူငယ်ကစားသမားတွေကို အဓိက အားပြုယှသ်ပြိုင်နေရခြင်းဖြစ်ကာ ဝီလီယံက ဝါရင့် ကစားသမားအဖြစ် အသင်းကို ဦးဆောင်သူတွေဲ ပါဝင်နေတာပဲဖြစ်ပါတယ်။