ZAWGYI – ခ်ယ္ဆီးလူငယ္တိုက္စစ္မွဴူး တမ္မီ ေအဗရာဟမ္က ၄င္းဟာ အသင္း ဂႏၱ၀င္တိုုက္စစ္မွဴး ဒီဒီယာ ဒေရာ့ဘာကဲ့သို႔ ျဖစ္လာလိုစိတ္ အျမဲ ရွိခဲ့ေၾကာင္း ၀န္ခံလိုက္ျပီး ငယ္ရြယ္စဥ္တည္းက ဒေရာ့ဘာပြဲေတြကို ၾကည့္ရင္း ၾကီးျပင္းလာခဲ့တယ္လုိ႔ ဆိုလိုက္ပါတယ္။

ခ်ယ္ဆီး အစြန္ခံစစ္မွဴး ရစ္ဆီ ဂ်ိမ္းစ္ ကို အသင္းေလ့က်င့္ေရးမွာ ျပန္လည္ ပါ၀င္ေနတာ ေတြ႔ရတဲ့ေနာက္ ခ်ယ္ဆီးပရိတ္သတ္မ်ားက တြစ္တာကေန ၀မ္းသာအားရ ၾကိဳဆိုခဲ့ၾကတာ ေတြ႔ရပါတယ္။

ခ်ယ္ဆီးကစားသမား ဝီလီယမ္က ကလပ္အသင္းဟာ ဒီရာသီမွာ အမွတ္ေပးဇယားကို စိန္ေခၚႏုိင္တယ္လို႔ ယံုၾကည္ေနေပမယ့္ ဟာဇက္နဲ႔ လူးဝစ္တုိ႔ ထြက္ခြာျခင္းက ကလပ္အသင္းကို အခက္အခဲေတြၾကား တြန္းပိုခဲ့ပါေၾကာင္း ေျပာဆိုလာခဲ့ပါတယ္။

ခ်ယ္ဆီးအသင္းဟာ ဖီဖာရဲ႕ အေျပာင္းအေရႊ႔ ပိတ္ထားတဲ့ ျပစ္ဒဏ္ေၾကာင့္ ဒီေႏြမွာ ကစားသမား ေခၚယူမႈေတြ ျပဳလုပ္ႏုိင္ျခင္း မရွိဘဲ လူငယ္ကစားသမားေတြကို အဓိက အားျပဳယွသ္ျပိဳင္ေနရျခင္းျဖစ္ကာ ဝီလီယံက ဝါရင့္ ကစားသမားအျဖစ္ အသင္းကို ဦးေဆာင္သူေတြဲ ပါဝင္ေနပါတယ္။

ခ်ယ္ဆီး လူငယ္တိုက္စစ္မႉး တမ္မီ ေအဗရာဟမ္က ၿပီးခဲ့တဲ့ရာသီ အက္စတြန္ဗီလာ မွာ ျပနိုင္ခဲ့တဲ့ ‌ေျခစြမ္းမ်ိဳး ဒီနွစ္မွာလည္း ခ်ယ္ဆီးမွာ ဆက္လက္ ေျခစြမ္းျပသနိုင္ဖို႔ ႀကိဳးစားမယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ျပီးခဲ့တဲ့ရာသီေနွာင္းပိုင္းမွာ ေျခဖေနာင့္ေၾကာ ဒဏ္ရာ ရခဲ့တာေၾကာင့္ အနားယူ ကုသမႈ ခံယူေနရတဲ့ ခ်ယ္ဆီး ေတာင္ပံတိုက္စစ္မွဴး အိုဒြိဳင္းဟာ ေသာၾကာေန႕မွာ ဘရိုက္တန္ U23 အသင္းနဲ႕ ကန္မယ့္ ခ်ယ္ဆီး U23 အသင္းမွာ ပါ၀င္ကစားသြားဖို႔ စီစဥ္ေနပါတယ္။

ခ်ယ္ဆီးအသင္းဟာ အေျပာင္းအေရႊ႔ ပိတ္ ျပစ္ဒဏ္ ျပီးဆံုးတာနဲ႕ ျပင္သစ္ လီဂူး၀မ္းကလပ္ နုိက္စ္ အသင္းမွ ေပါင္ ၃၅သန္းတန္ ခံစစ္မွဴး Youcef Atal ကို ေခၚယူဖို႔ ကမ္းလွမ္းရန္ ၾကံရြယ္ေနပါတယ္။

ဗလင္စီယာနည္းျပ မာဆယ္လင္နိုဟာ ေနာက္အပတ္ အဂၤါေန႔ ခ်ယ္ဆီးနဲ႕ ခ်န္ပီယံလိဂ္ အုပ္စုပြဲ မတိုင္ခင္မွာပဲ အသင္းကေန ထုတ္ပယ္ျခင္း ခံလိုက္ရပါတယ္။

Myan News

UNICODE – ချယ်ဆီးလူငယ်တိုက်စစ်မှူူး တမ်မီ အေဗရာဟမ်က ၎င်းဟာ အသင်း ဂန္တဝင်တိုက်စစ်မှူး ဒီဒီယာ ဒရော့ဘာကဲ့သို့ ဖြစ်လာလိုစိတ် အမြဲ ရှိခဲ့ကြောင်း ဝန်ခံလိုက်ပြီး ငယ်ရွယ်စဉ်တည်းက ဒရော့ဘာပွဲတွေကို ကြည့်ရင်း ကြီးပြင်းလာခဲ့တယ်လို့ ဆိုလိုက်ပါတယ်။

ချယ်ဆီး အစွန်ခံစစ်မှူး ရစ်ဆီ ဂျိမ်းစ် ကို အသင်းလေ့ကျင့်ရေးမှာ ပြန်လည် ပါဝင်နေတာ တွေ့ရတဲ့နောက် ချယ်ဆီးပရိတ်သတ်များက တွစ်တာကနေ ဝမ်းသာအားရ ကြိုဆိုခဲ့ကြတာ တွေ့ရပါတယ်။

ချယ်ဆီးကစားသမား ဝီလီယမ်က ကလပ်အသင်းဟာ ဒီရာသီမှာ အမှတ်ပေးဇယားကို စိန်ခေါ်နိုင်တယ်လို့ ယုံကြည်နေပေမယ့် ဟာဇက်နဲ့ လူးဝစ်တို့ ထွက်ခွာခြင်းက ကလပ်အသင်းကို အခက်အခဲတွေကြား တွန်းပိုခဲ့ပါကြောင်း ပြောဆိုလာခဲ့ပါတယ်။

ချယ်ဆီးအသင်းဟာ ဖီဖာရဲ့ အပြောင်းအရွှေ့ ပိတ်ထားတဲ့ ပြစ်ဒဏ်ကြောင့် ဒီနွေမှာ ကစားသမား ခေါ်ယူမှုတွေ ပြုလုပ်နိုင်ခြင်း မရှိဘဲ လူငယ်ကစားသမားတွေကို အဓိက အားပြုယှသ်ပြိုင်နေရခြင်းဖြစ်ကာ ဝီလီယံက ဝါရင့် ကစားသမားအဖြစ် အသင်းကို ဦးဆောင်သူတွေဲ ပါဝင်နေပါတယ်။

ချယ်ဆီး လူငယ်တိုက်စစ်မှူး တမ်မီ အေဗရာဟမ်က ပြီးခဲ့တဲ့ရာသီ အက်စတွန်ဗီလာ မှာ ပြနိုင်ခဲ့တဲ့ ‌ခြေစွမ်းမျိုး ဒီနှစ်မှာလည်း ချယ်ဆီးမှာ ဆက်လက် ခြေစွမ်းပြသနိုင်ဖို့ ကြိုးစားမယ်လို့ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီနှောင်းပိုင်းမှာ ခြေဖနောင့်ကြော ဒဏ်ရာ ရခဲ့တာကြောင့် အနားယူ ကုသမှု ခံယူနေရတဲ့ ချယ်ဆီး တောင်ပံတိုက်စစ်မှူး အိုဒွိုင်းဟာ သောကြာနေ့မှာ ဘရိုက်တန် U23 အသင်းနဲ့ ကန်မယ့် ချယ်ဆီး U23 အသင်းမှာ ပါဝင်ကစားသွားဖို့ စီစဉ်နေပါတယ်။

ချယ်ဆီးအသင်းဟာ အပြောင်းအရွှေ့ ပိတ် ပြစ်ဒဏ် ပြီးဆုံးတာနဲ့ ပြင်သစ် လီဂူးဝမ်းကလပ် နိုက်စ် အသင်းမှ ပေါင် ၃၅သန်းတန် ခံစစ်မှူး Youcef Atal ကို ခေါ်ယူဖို့ ကမ်းလှမ်းရန် ကြံရွယ်နေပါတယ်။

ဗလင်စီယာနည်းပြ မာဆယ်လင်နိုဟာ နောက်အပတ် အင်္ဂါနေ့ ချယ်ဆီးနဲ့ ချန်ပီယံလိဂ် အုပ်စုပွဲ မတိုင်ခင်မှာပဲ အသင်းကနေ ထုတ်ပယ်ခြင်း ခံလိုက်ရပါတယ်။

Myan News