ZAWGYI – အာဆင်နယ် အသင်းခေါင်းဆောင်ဟောင်း လက်ရှိ အကယ်ဒမီအသင်းနည်းပြ မာတီဆက်ကာ က အိုဇေးလ်ဟာ ဘောလုံး ဉာဏ်ကြီးရှင် တစ်ဦး ဖြစ်ကြောင်း ချီးကျူးလိုက်ပြီး သူ့ရဲ့ ခြေစွမ်းကောင်းတွေကို ပြန်မြင်တွေ့ရဖို့ ဆိုရင် ကစားသမား ကိုယ်တိုင် အပေါ်ပဲ မူတည်ကြောင်း ပြောကြား သွားခဲ့ပါတယ်။

အာဆင်နယ် နည်းပြ အူနိုင်း အမ်မရီက ၄င်း ကစားသမားဘဝကနေ နည်းပြ အဖြစ် ကူးပြောင်းချင်လာအောင် လေးစား အားကျခဲ့ရတဲ့ သူဟာ လီဗာပူး တိုက်စစ်မှူးဟောင်း ဂျွန်တိုရှက်ပ် ဖြစ်ကြောင်း လတ်တလောအင်တာဗျူးမှာ ဖြေကြားသွားခဲ့ပါတယ်။







Myan News

UNICODE – အာဆင်နယ် အသင်းခေါင်းဆောင်ဟောင်း လက်ရှိ အကယ်ဒမီအသင်းနည်းပြ မာတီဆက်ကာ က အိုဇေးလ်ဟာ ဘောလုံး ဉာဏ်ကြီးရှင် တစ်ဦး ဖြစ်ကြောင်း ချီးကျူးလိုက်ပြီး သူ့ရဲ့ ခြေစွမ်းကောင်းတွေကို ပြန်မြင်တွေ့ရဖို့ ဆိုရင် ကစားသမား ကိုယ်တိုင် အပေါ်ပဲ မူတည်ကြောင်း ပြောကြား သွားခဲ့ပါတယ်။

အာဆင်နယ် နည်းပြ အူနိုင်း အမ်မရီက ၎င်း ကစားသမားဘဝကနေ နည်းပြ အဖြစ် ကူးပြောင်းချင်လာအောင် လေးစား အားကျခဲ့ရတဲ့ သူဟာ လီဗာပူး တိုက်စစ်မှူးဟောင်း ဂျွန်တိုရှက်ပ် ဖြစ်ကြောင်း လတ်တလောအင်တာဗျူးမှာ ဖြေကြားသွားခဲ့ပါတယ်။

အာဆင်နယ် ဂန္တဝင်နည်းပြဟောင်းကြီး အာဆင်ဝင်းဂါးဟာ ဒီရက်ပိုင်း အတွင်းမှာပဲ ဖီဖာရဲ့ နည်းစနစ် ဒါရိုက်တာရာထူး တာဝန်ယူ ခန့်အပ်ခြင်း ခံရတော့မယ်လို့ သိရပါတယ်။

အာဆင်နယ် နည်းပြ အမ်မရီက ပရီးမီးယားလိဂ် ပွဲစဉ် ၄ ပွဲအပြီး အသင်းရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး ကျေနပ်မှုရှိပေမယ့် လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ မှတ်ချက်ပြု ပြောဆိုခဲ့ပါတယ်။

လက်ရှိ အသင်းခေါင်းဆောင် ဇာခါ မကစားနိုင်ခင်မှာ အာဆင်နယ် တိုက်စစ်မှူး လာကာဇက်တီကို အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူစေဖို့ အာဆင်နယ် ပရိသတ်တွေက အမ်မရီကို တောင်းဆိုမှု ပြုလုပ်နေကြပါတယ်။

လက်ရှိ မန်စီးတီးလက်ထောက်နည်းပြ ယခင် အာဆင်နယ် ကစားသမားဟောင်း မိုက်ကယ် အာတီတာက ပြီးခဲ့တဲ့ နှစ်က အာဆင်ဝင်းဂါးရဲ့ နေရာကို ဆက်ခံဖို့ အခွင့်အရေး ရခဲ့ပေမယ့် နည်းပြကောင်း တစ်ယောက် ဖြစ်ဖို့ သင်ယူလေ့လာစရာတွေ လိုအပ်နေတာတွေ ရှိသေးတယ် ခံစားရတာကြောင့် ငြင်းပယ်ခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။

အာဆင်နယ် ဂိုးသမား လီနိုဟာ ပရီးမီးယားလိဂ် အကောင်းဆုံး ဂိုးသမားတွေထဲ မပါဝင်ဘူးလို့ အင်္ဂလန် လက်ရွေးစင်အသင်းနဲ့ စပါး ဂိုးသမားဟောင်း ပေါလ် ရော်ဘင်ဆင်က ဝေဖန်ပြောဆိုလိုက်ပါတယ်။

ဒီနွေမှာ အာဆင်နယ်အသင်း ခေါ်ယူဖို့ ကြိုးစားခဲ့တဲ့ ပဲလေ့စ်ကစားသမား ဇာဟာနဲ့ အပြောင်းအရွှေ့ဟာ ပြောင်းရွှေ့ကြေး ညှိနှိုင်းနိုင်ခြင်း မရှိတဲ့အပြင် အေးဂျင့်က ကြားဝင်ခဲ့တာကြောင့် ပျက်ပြယ်ခဲ့ရတယ်လို့ The Times သတင်းစာက ဖော်ပြသွားပါတယ်။

Myan News