မန္ခ်က္စတာ ယူနုိက္တက္ အသင္း ရဲ့ ဂႏၶဝင္ ကစားသမား ေဟာင္း ျဖစ္သူ ဘရိုင္ယန္ ေရာ့ဘ္ဆင္ ဒီရာသီမွာ ယူႏုိက္တက္တို႔ ခ်န္ပီယံလိဂ္ဝင္ခြင့္ကို ဆုပ္ကိုင္လိုတယ္ဆိုရင္ ဒီအပတ္ ရင္ဆိုင္ရမယ့္ လက္စတာလို အသင္းမ်ိဳးကို အႏုိင္ရဖို႔လိုမယ္လို႔ သတိေပးစကား ေျပာဆိုပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္ရဲ့ ဂႏၶဝင္ၾကီး ျဖစ္သူ ရြိဳင္ကိန္းက ရပ္ဖိုဒ့္အေနနဲ႔ လက္ရွိ အသင္း ရဲ့ အဓိက တိုက္စစ္ မွဴး တစ္ဦး ျဖစ္လာဖို႔မွာ ကိုယ္တိုင္ စြမ္းေဆာင္ႏုိင္မႈ အေပၚမွာသာ မူတည္ ေၾကာင္း ထုတ္ေဖာ္ ေျပာၾကားသြာပါတယ္။ ရိြဳင္ကိန္းက မာရွယ္နဲ႔ ရပ္ဖိုဒ့္မွာ အဂၤလန္သား တိုက္စစ္သမားက ဂိုးပိုသြင္းႏုိင္မယ္လို႔ ယံုၾကည္ပါေၾကာင္းလည္း ေျပာဆိုခဲ့တယ္။

မန္ယူအသင္းနဲ႔ အေျပာင္းအေရႊ႕ သတင္း ထြက္ခဲ့မႈေတြက စိတ္လႈပ္ရွားစရာ ျဖစ္ခဲ့ျပီး နယူးကာဆယ္အသင္းအတြက္ အာရံုစိုက္ဖို႔ ေလ်ာ့ရဲမႈေတြကိုေတာင္ ျဖစ္ေစခဲ့တယ္လို႔ ငွက္ၾကားအသင္းရဲ႕ လူငယ္ကြင္းလယ္လူ ေလာင္းစတပ္က ထုတ္ေဖာ္ ဝန္ခံလုိက္ပါတယ္။

ပရီးမီးယားလိဂ္ တိုက္စစ္မွဴးေဟာင္း မိုက္ကယ္အိုဝင္က ခ်ယ္ဆီနဲ႔ ယွဥ္ျပိဳင္ရတဲ့ ပရီးမီးယားလိဂ္ အဖြင့္ပြဲေနာက္ပိုင္း တစ္ပြဲမွ အႏုိင္ရထားျခင္း မရွိတဲ့ မန္ယူဟာ ဒီအပတ္ လက္စတာနဲ႔ပြဲကိုလည္း အႏုိင္ရမွာ မဟုတ္ပဲ သေရရလဒ္ပဲ ထြက္ေပၚလိမ့္မယ္လို႔ ထုတ္ေဖာ္ ေျပာဆိုပါတယ္။

မန္ခ်က္စတာ ယူနုိက္တက္ဟာ တုိက္စစ္ပိုင္းမွာ လူငယ္ ကစားသမား သံုးဦးကို ထားျပီး ကစားေနေပမယ့္ တိက်တဲ့ ကစားဟန္ကို မပိုင္ဆုိင္ေသးသလို အရံအင္အား နည္းပါးျခင္းက ဆုဖလားေတြကို စိန္ေခၚဖို႔ရာမွာ တစ္ပန္းရံွဴးေနရျခင္းရဲ႕ အေၾကာင္းရင္းျဖစ္ေၾကာင္း အာဆင္ဝင္းဂါးက သံုးသပ္သြားပါတယ္။

ျပင္သစ္ကလပ္ ပီအက္ဂ်ီနဲ႔ မန္ယူကြင္းလယ္လူ ေပါ့ဘာတို႔ဟာ တစ္ပတ္ကို ေပါင္ ၄၂၉၀၀၀ ရမယ့္ စာခ်ဳပ္ကိစၥ သေဘာတူညီမႈ ရခဲ့ေသးေပမယ့္ ေနမာ အေျပာင္းအေရႊ႔ မျဖစ္ေျမာက္ခဲ့လို႔ ပ်က္ျပယ္ခဲ့ရတယ္လို႔ သိရပါတယ္။

မန္ခ်က္စတာ ယူနုိက္တက္ဟာ ရာသီအစတုန္းက ခ်ဲလ္ဆီး အသင္း ကို 4 – 0 ဆုိတဲ့ ရလဒ္ နဲ့ အနုိင္ ကစားခဲ့တဲ့ ေနာက္ပိုင္း အမွတ္ေပးပြဲေတြမွာ အႏုိင္မရခဲ့ပဲ ဝုဗ္ ၊ပဲေလ့စ္ နဲ့ ေဆာက္သမ္တန္ ပြဲစဥ္ ေတြမွာ သံုးပြဲဆက္ ရုန္းကန္ခဲ့ရပါတယ္။

မန္ယူဟာ အေျပာင္းအေရႊ႔ေတြမွာ အဓိက ေခၚယူသင့္တာက ေပါ့ဘာကို တိုက္စစ္ကို လြတ္လြတ္လပ္လပ္ ကစားခြင့္ေပးဖို႔ရာ ကြင္းလယ္ခံစစ္ေနရာကို အင္အားျဖည့္ဖုိ႔ဆိုတ့ဲ ေထာက္ျပမႈေတြ မ်ားျပားေနပါတယ္။ မန္ယူဟာ အဆိုပါေနရာအတြက္ ဝက္ဟမ္း ကြင္းလယ္ခံစစ္ ကစားသမား ျဖစ္သူ ရိုက္စ္ကို ခ်ိတ္ဆက္ခဲ့ေသးတာ ျဖစ္ပါတယ္။

မန္ခ်က္စတာယူႏုိက္တက္ရဲ႕ အားကစားဒါရုိက္တာရာထူးအတြက္ သတင္းၾကီးေတြ ထြက္ေပၚေနတဲ့ ေအဂ်က္အၾကီးအကဲ ဗန္ဒါဆားက လက္တေလာမွာ မန္ခ်က္စတာကို ျပန္လာဖို႔ထက္ နယ္သာလန္ကလပ္အတြက္ပဲ အဓိက အာရံုစိုက္ထားတယ္လို႔ ထုတ္ေဖာ္ေျပာဆိုပါတယ္။

UNICODE

မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ဂန္ဓဝင် ကစားသမား ဟောင်း ဖြစ်သူ ဘရိုင်ယန် ရော့ဘ်ဆင် ဒီရာသီမှာ ယူနိုက်တက်တို့ ချန်ပီယံလိဂ်ဝင်ခွင့်ကို ဆုပ်ကိုင်လိုတယ်ဆိုရင် ဒီအပတ် ရင်ဆိုင်ရမယ့် လက်စတာလို အသင်းမျိုးကို အနိုင်ရဖို့လိုမယ်လို့ သတိပေးစကား ပြောဆိုပါတယ်။

မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္ဓဝင်ကြီး ဖြစ်သူ ရွိုင်ကိန်းက ရပ်ဖိုဒ့်အနေနဲ့ လက်ရှိ အသင်း ရဲ့ အဓိက တိုက်စစ် မှူး တစ်ဦး ဖြစ်လာဖို့မှာ ကိုယ်တိုင် စွမ်းဆောင်နိုင်မှု အပေါ်မှာသာ မူတည် ကြောင်း ထုတ်ဖော် ပြောကြားသွာပါတယ်။ ရွိုင်ကိန်းက မာရှယ်နဲ့ ရပ်ဖိုဒ့်မှာ အင်္ဂလန်သား တိုက်စစ်သမားက ဂိုးပိုသွင်းနိုင်မယ်လို့ ယုံကြည်ပါကြောင်းလည်း ပြောဆိုခဲ့တယ်။

မန်ယူအသင်းနဲ့ အပြောင်းအရွှေ့ သတင်း ထွက်ခဲ့မှုတွေက စိတ်လှုပ်ရှားစရာ ဖြစ်ခဲ့ပြီး နယူးကာဆယ်အသင်းအတွက် အာရုံစိုက်ဖို့ လျော့ရဲမှုတွေကိုတောင် ဖြစ်စေခဲ့တယ်လို့ ငှက်ကြားအသင်းရဲ့ လူငယ်ကွင်းလယ်လူ လောင်းစတပ်က ထုတ်ဖော် ဝန်ခံလိုက်ပါတယ်။

ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်က ချယ်ဆီနဲ့ ယှဉ်ပြိုင်ရတဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲနောက်ပိုင်း တစ်ပွဲမှ အနိုင်ရထားခြင်း မရှိတဲ့ မန်ယူဟာ ဒီအပတ် လက်စတာနဲ့ပွဲကိုလည်း အနိုင်ရမှာ မဟုတ်ပဲ သရေရလဒ်ပဲ ထွက်ပေါ်လိမ့်မယ်လို့ ထုတ်ဖော် ပြောဆိုပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ တိုက်စစ်ပိုင်းမှာ လူငယ် ကစားသမား သုံးဦးကို ထားပြီး ကစားနေပေမယ့် တိကျတဲ့ ကစားဟန်ကို မပိုင်ဆိုင်သေးသလို အရံအင်အား နည်းပါးခြင်းက ဆုဖလားတွေကို စိန်ခေါ်ဖို့ရာမှာ တစ်ပန်းရံှူးနေရခြင်းရဲ့ အကြောင်းရင်းဖြစ်ကြောင်း အာဆင်ဝင်းဂါးက သုံးသပ်သွားပါတယ်။

ပြင်သစ်ကလပ် ပီအက်ဂျီနဲ့ မန်ယူကွင်းလယ်လူ ပေါ့ဘာတို့ဟာ တစ်ပတ်ကို ပေါင် ၄၂၉၀၀၀ ရမယ့် စာချုပ်ကိစ္စ သဘောတူညီမှု ရခဲ့သေးပေမယ့် နေမာ အပြောင်းအရွှေ့ မဖြစ်မြောက်ခဲ့လို့ ပျက်ပြယ်ခဲ့ရတယ်လို့ သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ရာသီအစတုန်းက ချဲလ်ဆီး အသင်း ကို 4 – 0 ဆိုတဲ့ ရလဒ် နဲ့ အနိုင် ကစားခဲ့တဲ့ နောက်ပိုင်း အမှတ်ပေးပွဲတွေမှာ အနိုင်မရခဲ့ပဲ ဝုဗ် ၊ပဲလေ့စ် နဲ့ ဆောက်သမ်တန် ပွဲစဉ် တွေမှာ သုံးပွဲဆက် ရုန်းကန်ခဲ့ရပါတယ်။

မန်ယူဟာ အပြောင်းအရွှေ့တွေမှာ အဓိက ခေါ်ယူသင့်တာက ပေါ့ဘာကို တိုက်စစ်ကို လွတ်လွတ်လပ်လပ် ကစားခွင့်ပေးဖို့ရာ ကွင်းလယ်ခံစစ်နေရာကို အင်အားဖြည့်ဖို့ဆိုတဲ့ ထောက်ပြမှုတွေ များပြားနေပါတယ်။ မန်ယူဟာ အဆိုပါနေရာအတွက် ဝက်ဟမ်း ကွင်းလယ်ခံစစ် ကစားသမား ဖြစ်သူ ရိုက်စ်ကို ချိတ်ဆက်ခဲ့သေးတာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ရဲ့ အားကစားဒါရိုက်တာရာထူးအတွက် သတင်းကြီးတွေ ထွက်ပေါ်နေတဲ့ အေဂျက်အကြီးအကဲ ဗန်ဒါဆားက လက်တလောမှာ မန်ချက်စတာကို ပြန်လာဖို့ထက် နယ်သာလန်ကလပ်အတွက်ပဲ အဓိက အာရုံစိုက်ထားတယ်လို့ ထုတ်ဖော်ပြောဆိုပါတယ်။