လီဗာပူး ခံစစ္မွဴးေဟာင္းၾကီး ကာေရဂါက ဒီရာသီ အမွတ္ေပးဖလားကို အႏုိင္ရဖို႔အတြက္ အသင္းေဟာင္း လီဗာပူးထက္ မန္စီးတီးအသင္းက ပိုမို ေရပန္းစားေနဆဲျဖစ္ေၾကာင္း ေျပာဆိုျပီး မန္စီးတီးဟာ အေကာင္းဆံုး အေနအထားမွာပဲ ရွိေနေသးတယ္လို႔ ယူဆေနပါတယ္။

လီဗာပူး တိုက္စစ္အတြဲ ျဖစ္တဲ့ ဆာလက္နဲ႕ ဆာဒီယို မာေနး တို႔ဟာ ဘယ္ေလာက္ ထူးခၽြန္မႈေတြ ျပသေနပါေစ အာဖရိက ၾကယ္ပြင့္ ကစားသမားေတြဟာ လူေလးစားခံ အသိမွတ္ျပဳခံရမႈမွာ နည္းပါးလို႔ ဒီနွစ္ ဘလြန္းဒီေအာ ဆုကိုေတာ့ ရမွာ မဟုတ္ဘူးလို႔ အာဖရိက အေကာင္းဆံုး ကစားသမား ဆု ၄ၾကိမ္ရ အီတိုးက သတိေပးလိုက္ပါတယ္။

ခ်န္ပီယံလိဂ္မွာ ဘာစီလိုနာကို လီဗာပူးအသင္း ေပးခဲ့တဲ့ သင္ခန္းစာက ၾကီးမားလွတယ္လို႔ ဝန္ခံလိုက္ပါတယ္။ အန္ဖီးကြင္းဟာ သမိုင္းေၾကာင္းေကာင္းေတြ ပိုင္ဆိုင္ထားတဲ့ကြင္းျဖစ္ျပီး ပထမအေက်ာ့ ျပီးကတည္းက ပြဲက မျပီးေသးဘူးဆိုတာ သိထားခဲ့တယ္လို႔ ထုတ္ေဖာ္ ဝန္ခံလိုက္ပါတယ္။

ရီးရဲလ္ေနာက္ခံလူ ရာမိုစ့္က လီဗာပူးခံစစ္မွဴး ဗန္ဒိုက္ဟာ ဘလြန္းဒီေအာ့ဆု အႏုိင္ရမယ္ဆိုရင္လည္း ထိုက္တန္ပါတယ္လို႔ ေထာက္ခံလိုက္ပါတယ္။ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲကို ႏွစ္ၾကိမ္ဆက္ တက္ေရာက္ႏုိင္ခဲ့တဲ့ ဗန္ဒိုက္က မႏွစ္က လီဗာပူးအသင္း ခ်န္ပီယံလိဂ္ဖလား အႏုိင္ရဖို႔ အဓိက ကစားသမားအျဖစ္ ပါဝင္ခဲ့တာျဖစ္ပါတယ္။

လီဗာပူးအသင္းဟာ ဥေရာပ ထိပ္သီးအသင္းေတြျဖစ္တဲ့ ရီးရဲ၊ ဘာကာ၊ ဘိုင္ယန္တို႔နဲ႔အျပိဳင္ နာပိုလီအသင္းမွ အသက္ ၂၃ ႏွစ္အရြယ္စပိန္ကြင္းလယ္လူ ေဖဘီရန္ ရုစ္ကို ေခၚယူဖို႔ စိတ္ဝင္စားေနေၾကာင္း အဂၤလန္သတင္းဌာနေတြက ေဖာ္ျပလာေနပါတယ္။

အာဆင္နယ္ ကြင္းလယ္လူ ဆီးဘယ္ေလာ့က လီဗာပူးအသင္းနဲ႔ မန္ေနဂ်ာယာဂင္ကေလာ့ပ္ကို ခ်ီးက်ဴးခဲ့ျပီး ဖိအားေပးကစားဟန္ကို အေကာင္းဆံုး ကစားႏုိင္မႈအေပး အထင္ၾကီးတဲ့ မွတ္ခ်က္ေကာင္းေတြ ေပးသြားခဲ့တာျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာ လီဗာပူးေတာင္ပံသမား ဆာလက္ကို ေခၚယူဖို႔ ပစ္မွတ္ထားေနဆဲျဖစ္ျပီး အီဂ်စ္တိုက္စစ္သမားကို ေခၚယူဖို႔ ယူရို ၂၁၀ သန္း သံုးရမယ္ဆိုတဲ့ သတင္းေတြ ထပ္မံ ထြက္ေပၚေနပါတယ္။

လာမယ့္အပတ္မွာေတာ့ လီဗာပူးဟာ ခ်န္ပီယံလိဂ္ အုပ္စုတြင္းပြဲအျဖစ္ နာပိုလီအသင္းကြင္းထံ သြားေရာက္ ယွဥ္ျပိဳင္ရမွာပါ။ မန္ေနဂ်ာ အန္ဆယ္ေလာ့တီကေတာ့ လီဗာပူးပြဲၾကိဳ ကလပ္အသင္း အဝတ္လဲခန္းနဲ႔ ကြင္းအေျခအေနကို အေတာ္ေလး ေဒါသထြက္ေနတယ္လုိ႔ သိရပါတယ္။

UNICODE

လီဗာပူး ခံစစ်မှူးဟောင်းကြီး ကာရေဂါက ဒီရာသီ အမှတ်ပေးဖလားကို အနိုင်ရဖို့အတွက် အသင်းဟောင်း လီဗာပူးထက် မန်စီးတီးအသင်းက ပိုမို ရေပန်းစားနေဆဲဖြစ်ကြောင်း ပြောဆိုပြီး မန်စီးတီးဟာ အကောင်းဆုံး အနေအထားမှာပဲ ရှိနေသေးတယ်လို့ ယူဆနေပါတယ်။

လီဗာပူး တိုက်စစ်အတွဲ ဖြစ်တဲ့ ဆာလက်နဲ့ ဆာဒီယို မာနေး တို့ဟာ ဘယ်လောက် ထူးချွန်မှုတွေ ပြသနေပါစေ အာဖရိက ကြယ်ပွင့် ကစားသမားတွေဟာ လူလေးစားခံ အသိမှတ်ပြုခံရမှုမှာ နည်းပါးလို့ ဒီနှစ် ဘလွန်းဒီအော ဆုကိုတော့ ရမှာ မဟုတ်ဘူးလို့ အာဖရိက အကောင်းဆုံး ကစားသမား ဆု ၄ကြိမ်ရ အီတိုးက သတိပေးလိုက်ပါတယ်။

ချန်ပီယံလိဂ်မှာ ဘာစီလိုနာကို လီဗာပူးအသင်း ပေးခဲ့တဲ့ သင်ခန်းစာက ကြီးမားလှတယ်လို့ ဝန်ခံလိုက်ပါတယ်။ အန်ဖီးကွင်းဟာ သမိုင်းကြောင်းကောင်းတွေ ပိုင်ဆိုင်ထားတဲ့ကွင်းဖြစ်ပြီး ပထမအကျော့ ပြီးကတည်းက ပွဲက မပြီးသေးဘူးဆိုတာ သိထားခဲ့တယ်လို့ ထုတ်ဖော် ဝန်ခံလိုက်ပါတယ်။

ရီးရဲလ်နောက်ခံလူ ရာမိုစ့်က လီဗာပူးခံစစ်မှူး ဗန်ဒိုက်ဟာ ဘလွန်းဒီအော့ဆု အနိုင်ရမယ်ဆိုရင်လည်း ထိုက်တန်ပါတယ်လို့ ထောက်ခံလိုက်ပါတယ်။ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို နှစ်ကြိမ်ဆက် တက်ရောက်နိုင်ခဲ့တဲ့ ဗန်ဒိုက်က မနှစ်က လီဗာပူးအသင်း ချန်ပီယံလိဂ်ဖလား အနိုင်ရဖို့ အဓိက ကစားသမားအဖြစ် ပါဝင်ခဲ့တာဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ဥရောပ ထိပ်သီးအသင်းတွေဖြစ်တဲ့ ရီးရဲ၊ ဘာကာ၊ ဘိုင်ယန်တို့နဲ့အပြိုင် နာပိုလီအသင်းမှ အသက် ၂၃ နှစ်အရွယ်စပိန်ကွင်းလယ်လူ ဖေဘီရန် ရုစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း အင်္ဂလန်သတင်းဌာနတွေက ဖော်ပြလာနေပါတယ်။

အာဆင်နယ် ကွင်းလယ်လူ ဆီးဘယ်လော့က လီဗာပူးအသင်းနဲ့ မန်နေဂျာယာဂင်ကလော့ပ်ကို ချီးကျူးခဲ့ပြီး ဖိအားပေးကစားဟန်ကို အကောင်းဆုံး ကစားနိုင်မှုအပေး အထင်ကြီးတဲ့ မှတ်ချက်ကောင်းတွေ ပေးသွားခဲ့တာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ လီဗာပူးတောင်ပံသမား ဆာလက်ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေဆဲဖြစ်ပြီး အီဂျစ်တိုက်စစ်သမားကို ခေါ်ယူဖို့ ယူရို ၂၁၀ သန်း သုံးရမယ်ဆိုတဲ့ သတင်းတွေ ထပ်မံ ထွက်ပေါ်နေပါတယ်။

လာမယ့်အပတ်မှာတော့ လီဗာပူးဟာ ချန်ပီယံလိဂ် အုပ်စုတွင်းပွဲအဖြစ် နာပိုလီအသင်းကွင်းထံ သွားရောက် ယှဉ်ပြိုင်ရမှာပါ။ မန်နေဂျာ အန်ဆယ်လော့တီကတော့ လီဗာပူးပွဲကြို ကလပ်အသင်း အဝတ်လဲခန်းနဲ့ ကွင်းအခြေအနေကို အတော်လေး ဒေါသထွက်နေတယ်လို့ သိရပါတယ်။